Skip to main content

The Frogs Who Wished for a King — Aesop အင်းအိုင်ထဲကဘုရင် အီစွတ်ပုံပြင်

ဖားများသည် ကိုယ်တိုင် ကိုယ့်ကိုယ်ကို အုပ်ချုပ်နေရခြင်းကို မကြိုက်တော့ကြ။

သူတို့မှာ လွတ်လပ်ခွင့် အလွန်များလွန်းသဖြင့် ပျက်စီးလာကြပြီး၊ အလုပ်မလုပ်ဘဲ အင်းအိုင်နားတွင် ထိုင်၍ ဖားဖားမြည်နေကြ သာ ဖြစ်လာသည်။

သူတို့သည် ဘုရင်တပါးရှိသော အစိုးရမျိုး ကိုသာ လိုချင်ကြသည်။ ဘုရင်၏ အခမ်းအနား၊ အထွတ်အထိပ် အပြအလှများကို ကြည့်ရှုရပြီး၊ သူတို့ကို အုပ်ချုပ်နေကြောင်း သိသာအောင် အုပ်ချုပ်ပေးမည့် အစိုးရကို လိုချင်ကြသည်။

“ပျော့ပျောင်းသော အစိုးရမျိုးတော့ မလိုချင်” ဟု ဖားများ ပြောကြသည်။ ထို့ကြောင့် သူတို့သည် ဂျူပီတာနတ်ဘုရား (Jupiter) ထံ စာတင်၍ “ဘုရင်တပါး ပေးပါ” ဟု တောင်းဆိုကြသည်။

ဂျူပီတာနတ်ဘုရားသည် ဖားများ၏ မိုက်မဲ၍ ရိုးရှင်းလွန်းသော သဘော ကို သိမြင်သော်လည်း၊ သူတို့ကို တိတ်စေရန်နှင့် ဘုရင်တပါး ရရှိပြီဟု ထင်စေရန် သစ်တုံးကြီးတတုံးကို အင်းထဲသို့ ပစ်ချလိုက်သည်။

သစ်တုံးကြီးသည် ဖွားခနဲ ရေထဲသို့ ကျသွား သောအခါ ဖားများသည် ကြောက်လန့်၍ သစ်တောပင်များနှင့် မြက်တောများအကြားသို့ ပြေးဝင်ပုန်းကွယ်ကြသည်။ သူတို့သည် အသစ်ရောက်လာသော ဘုရင်ကို ကြောက်မက်ဖွယ် မဟာကြီးတကောင်ဟု ထင်ကြသည်။

သို့သော် မကြာမီ ဖားများ သိလာကြသည်မှာ သစ်တုံးဘုရင် (King Log) သည် အလွန် ပျော့ပျောင်း၍ အန္တရာယ်မရှိသော ဘုရင် ဖြစ်ကြောင်း ဖြစ်သည်။

မကြာခင်မှာပင် ဖားကလေးများသည် သစ်တုံးဘုရင်ပေါ်သို့ ခုန်ဆင်းကစားကြ လာကြသည်။ ဖားအိုများ ကတော့ ထိုသစ်တုံးပေါ်တွင် စုဝေး၍ အစိုးရအကြောင်းကို ဂျူပီတာထံ တိုင်ကြားကြ လေသည်။

ဖားများကို သင်ခန်းစာပေးရန် နတ်ဘုရား၏ အရှင် သည် ယခုအခါ ကရိန်းငှက် (Crane) တကောင်ကို ဖားနိုင်ငံ၏ ဘုရင်အဖြစ် ပို့လိုက်သည်။

ကရိန်းဘုရင်သည် သစ်တုံးဘုရင်နှင့် လုံးဝ မတူ။

သူသည် ဖားများကို ဘယ်ဘက်ညာဘက် မရွေး ဖမ်းစားလေသည်။ မကြာမီ ဖားများသည် ကိုယ်တို့ မိုက်မဲခဲ့ကြောင်း သိမြင်လာကြသည်။

ဖားများသည် ဝမ်းနည်းဖွယ် မြည်သံဖြင့် ဂျူပီတာထံ တောင်းပန်ကြသည်။

“ဤ အကြမ်းတမ်းသော ဘုရင်ကို ဖယ်ရှားပေးပါ။ မဟုတ်လျှင် ကျွန်ုပ်တို့အားလုံး ပျက်စီးကုန်ပါလိမ့်မည်” ဟု တောင်းဆိုကြသည်။

ထိုအခါ ဂျူပီတာက ပြောသည်—

“အခုမှ ဘာဖြစ်လို့ မကျေနပ်ကြသေးသနည်း။

သင်တို့ တောင်းခဲ့သည့်အတိုင်း ရရှိပြီး ဖြစ်သည်။

ထို့ကြောင့် သင်တို့၏ ဒုက္ခများအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည် ဖြစ်သည်။”

ပုံပြင်၏ သင်ခန်းစာ

မလိုအပ်သော အပြောင်းအလဲကို မတောင်းဆိုသင့်။

လွတ်လပ်မှုကို စွန့်၍ အာဏာကြီးသော အုပ်ချုပ်မှုကို ရွေးမိလျှင် ပိုဆိုးနိုင်သည်။   ။

၁၉၂၀–၁၉၄၀ ခေတ်သည် မြန်မာစာပေတွင် Aesop’s Fables များကို ကျောင်းသုံးစာအုပ်၊ ကလေးစာအုပ်၊ စာပေမဂ္ဂဇင်းများမှတဆင့် အများအပြား ဘာသာပြန်ထုတ်ဝေခဲ့သော ကာလ ဖြစ်ပါသည်။ ထိုကာလတွင် အင်္ဂလိပ်မူရင်းအမည်ကို တိုက်ရိုက်မယူဘဲ အဓိပ္ပါယ်အလိုက် မြန်မာပုံပြင်အမည် များဖြင့် ဘာသာပြန်လေ့ရှိသည်။

၁၉၂၀–၁၉၄၀ ခေတ် Aesop ပုံပြင် ဘာသာပြန်အမည်များ

မူရင်း Aesop story မြန်မာဘာသာပြန်အမည်

The Tortoise and the Hare လိပ်နှင့် ယုန်

The Fox and the Grapes မြေခွေးနှင့် စပျစ်သီး

The Lion and the Mouse ခြင်္သေ့နှင့် ကြွက်

The Ant and the Grasshopper ပုရွက်ဆိတ်နှင့် ဖားတက်

The Boy Who Cried Wolf ဝံပုလွေ လာပြီဟု လိမ်ပြောသော ကောင်လေး

The Goose That Laid the Golden Eggs ရွှေဥပေးသော ငန်း

The Dog and the Shadow ခွေးနှင့် အရိပ်

The Crow and the Pitcher ကာကာနှင့် ရေအိုး

The Wolf and the Lamb ဝံပုလွေနှင့် သိုးကလေး

The Frogs Who Desired a King အင်းအိုင်ထဲက ဘုရင်

The Fox and the Crow မြေခွေးနှင့် ကာကာ

The Town Mouse and the Country Mouse မြို့ကြွက်နှင့် တောကြွက်

The Farmer and the Snake လယ်သမားနှင့် မြွေ

The Lion’s Share ခြင်္သေ့၏ ရှယ်ယာ

The Wind and the Sun လေနှင့် နေ

ထိုခေတ် ဘာသာပြန်ပုံ၏ လက္ခဏာများ

၁။ အဓိပ္ပါယ်အလိုက် ဘာသာပြန်ခြင်း

အင်္ဂလိပ်အမည်ကို တိုက်ရိုက်မယူဘဲ

ဥပမာ —

The Frogs Who Desired a King

→ အင်းအိုင်ထဲက ဘုရင်

၂။ မြန်မာပုံပြင်ပုံစံဖြင့် ရေးခြင်း

“တခါတုန်းက…” စသည်ဖြင့် ပုံပြင်ပုံစံ သုံးသည်။

၃။ နောက်ဆုံးတွင် သင်ခန်းစာ ထည့်ခြင်း

ဥပမာ —

“လိမ်ပြောသူကို ယုံကြည်မည် မဟုတ်”

“လောဘသည် အန္တရာယ်ဖြစ်စေသည်”

၄။ ကျောင်းသုံးစာအုပ်များတွင် ပါဝင်ခြင်း

အထူးသဖြင့် မူလတန်းဖတ်စာ ကလေးပုံပြင်စာအုပ်များတွင် တွေ့ရသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ