Skip to main content

The Town Mouse & the Country Mouse — Aesop မြို့ကြွက်နှင့် တောကြွက်

တနေ့တွင် မြို့တွင် နေသော ကြွက်တကောင် သည် တောတွင် နေသော ဆွေမျိုးကြွက်တကောင်ကို သွားရောက် လည်ပတ်သည်။

နေ့လယ်စာအတွက် တောကြွက် က

ဂျုံတံ၊ အမြစ်များနှင့် သစ်သီးခြောက်များကို တင်ဆက်ပြီး သောက်စရာအဖြစ် ရေအေးအနည်းငယ် ပေးသည်။

မြို့ကြွက်သည် အနည်းငယ်သာ စားသည်။ ဒီက အနည်းငယ်၊ ဟိုက အနည်းငယ် ကိုက်စားရင်း ယဉ်ကျေးမှုကြောင့်သာ ရိုးရိုးအစားအစာကို စားနေသည် ဟု ထင်ရအောင် ပြုမူသည်။

နေ့လယ်စာပြီးနောက် သူတို့နှစ်ကောင် အချိန်ကြာစွာ စကားပြောကြသည်။ တကယ်တော့ မြို့ကြွက်ကသာ မြို့ဘဝအကြောင်းကို ဆက်တိုက် ပြောနေပြီး တောကြွက်က နားထောင်နေသည်။

နောက်ပိုင်းတွင် သူတို့သည် ခြံစည်းရိုးနားရှိ နွေးထွေးသော အိပ်ရာသေးသေးတခုတွင် အိပ်ကြသည်။ အေးချမ်း၍ သက်သာစွာ မနက်ထိ အိပ်ကြသည်။

အိပ်မက်ထဲတွင် တောကြွက် သည် ကိုယ်ကိုယ်ကို မြို့ကြွက် ဖြစ်နေသည်ဟု အိပ်မက်မက်သည်။ မြို့ဘဝတွင် ရှိသော အလှအပနှင့် အဆင်ပြေမှုများကို မြို့ကြွက်က ပြောပြထားသကဲ့သို့ ခံစားရသည်။

ထို့ကြောင့် နောက်နေ့တွင် မြို့ကြွက်က

“မြို့ကို ငါနဲ့ အတူလိုက်မလား” ဟု မေးသောအခါ တောကြွက်သည် ဝမ်းသာစွာ သဘောတူလိုက်သည်။

သူတို့နှစ်ကောင် မြို့ကြွက် နေသော အိမ်ကြီးသို့ ရောက်သောအခါ ထမင်းစားခန်း စားပွဲပေါ်တွင် အလွန်ကောင်းသော ဧည့်ခံပွဲမှ ကျန်နေသော အစားအစာများ ကို တွေ့ကြသည်။

ထိုတွင်

ချိုသော မုန့်များ

ဂျယ်လီများ

ပဲစပ်မုန့်များ

အရသာကောင်းသော ချိစ်များ

စသည်ဖြင့် ကြွက်တကောင် စိတ်ကူးနိုင်သမျှ အရသာရှိသော အစားအစာများ ရှိနေသည်။

တောကြွက်သည် မုန့်ကောင်းတပိုင်းကို ကိုက်စားရန် ပြင်နေစဉ်

အပြင်ဘက်မှ ကြောင်တကောင်၏ မြည်သံ နှင့် တံခါးကို ခြစ်သံ ကြားလိုက်ရသည်။

ကြွက်နှစ်ကောင်သည် အလွန်ကြောက်၍ ချက်ချင်း ပြေးပုန်းကြသည်။ သူတို့သည် အချိန်ကြာစွာ မလှုပ်မရှား နေပြီး အသက်ရှူပင် မရဲသလောက် ဖြစ်နေသည်။

နောက်ဆုံးတွင် ပြန်ထွက်လာ၍ စားပွဲသို့ ပြန်သွားကြစဉ်

တံခါး ရုတ်တရက် ဖွင့်သွားပြီး အိမ်အလုပ်သမားများ ဝင်လာ၍ စားပွဲကို ရှင်းကြသည်။ ထို့နောက် အိမ်ခွေး လည်း လိုက်ဝင်လာသည်။

ထိုအခါ တောကြွက်သည် မြို့ကြွက်၏ အိမ်တွင် ခဏသာ နေပြီး ကိုယ့်အိတ်နှင့် ထီးကို ယူလိုက်သည်။

ထို့နောက် မြန်မြန် ထွက်သွားရင်း ပြောသည်—

“မင်းမှာ ငါမရှိသော အစားအစာကောင်းများနှင့် အဆင်ပြေမှုများ ရှိနိုင်သည်။

ဒါပေမယ့် ကြောက်ရွံ့စရာ မရှိဘဲ အေးချမ်းစွာ နေထိုင်နိုင်သော တောဘဝနှင့် ရိုးရိုးအစားအစာကို ငါ ပိုနှစ်သက်သည်” ဟု ဆိုသည်။

သင်ခန်းစာ (Moral)

ကြောက်ရွံ့မှုနှင့် မသေချာမှုကြားရှိ ချမ်းသာမှုထက်

လုံခြုံမှုနှင့် အေးချမ်းမှုရှိသော ဆင်းရဲမှုက ပိုကောင်းသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ