နေ့လယ်စာအတွက် တောကြွက် က
ဂျုံတံ၊ အမြစ်များနှင့် သစ်သီးခြောက်များကို တင်ဆက်ပြီး သောက်စရာအဖြစ် ရေအေးအနည်းငယ် ပေးသည်။
မြို့ကြွက်သည် အနည်းငယ်သာ စားသည်။ ဒီက အနည်းငယ်၊ ဟိုက အနည်းငယ် ကိုက်စားရင်း ယဉ်ကျေးမှုကြောင့်သာ ရိုးရိုးအစားအစာကို စားနေသည် ဟု ထင်ရအောင် ပြုမူသည်။
နေ့လယ်စာပြီးနောက် သူတို့နှစ်ကောင် အချိန်ကြာစွာ စကားပြောကြသည်။ တကယ်တော့ မြို့ကြွက်ကသာ မြို့ဘဝအကြောင်းကို ဆက်တိုက် ပြောနေပြီး တောကြွက်က နားထောင်နေသည်။
နောက်ပိုင်းတွင် သူတို့သည် ခြံစည်းရိုးနားရှိ နွေးထွေးသော အိပ်ရာသေးသေးတခုတွင် အိပ်ကြသည်။ အေးချမ်း၍ သက်သာစွာ မနက်ထိ အိပ်ကြသည်။
အိပ်မက်ထဲတွင် တောကြွက် သည် ကိုယ်ကိုယ်ကို မြို့ကြွက် ဖြစ်နေသည်ဟု အိပ်မက်မက်သည်။ မြို့ဘဝတွင် ရှိသော အလှအပနှင့် အဆင်ပြေမှုများကို မြို့ကြွက်က ပြောပြထားသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် နောက်နေ့တွင် မြို့ကြွက်က
“မြို့ကို ငါနဲ့ အတူလိုက်မလား” ဟု မေးသောအခါ တောကြွက်သည် ဝမ်းသာစွာ သဘောတူလိုက်သည်။
သူတို့နှစ်ကောင် မြို့ကြွက် နေသော အိမ်ကြီးသို့ ရောက်သောအခါ ထမင်းစားခန်း စားပွဲပေါ်တွင် အလွန်ကောင်းသော ဧည့်ခံပွဲမှ ကျန်နေသော အစားအစာများ ကို တွေ့ကြသည်။
ထိုတွင်
ချိုသော မုန့်များ
ဂျယ်လီများ
ပဲစပ်မုန့်များ
အရသာကောင်းသော ချိစ်များ
စသည်ဖြင့် ကြွက်တကောင် စိတ်ကူးနိုင်သမျှ အရသာရှိသော အစားအစာများ ရှိနေသည်။
တောကြွက်သည် မုန့်ကောင်းတပိုင်းကို ကိုက်စားရန် ပြင်နေစဉ်
အပြင်ဘက်မှ ကြောင်တကောင်၏ မြည်သံ နှင့် တံခါးကို ခြစ်သံ ကြားလိုက်ရသည်။
ကြွက်နှစ်ကောင်သည် အလွန်ကြောက်၍ ချက်ချင်း ပြေးပုန်းကြသည်။ သူတို့သည် အချိန်ကြာစွာ မလှုပ်မရှား နေပြီး အသက်ရှူပင် မရဲသလောက် ဖြစ်နေသည်။
နောက်ဆုံးတွင် ပြန်ထွက်လာ၍ စားပွဲသို့ ပြန်သွားကြစဉ်
တံခါး ရုတ်တရက် ဖွင့်သွားပြီး အိမ်အလုပ်သမားများ ဝင်လာ၍ စားပွဲကို ရှင်းကြသည်။ ထို့နောက် အိမ်ခွေး လည်း လိုက်ဝင်လာသည်။
ထိုအခါ တောကြွက်သည် မြို့ကြွက်၏ အိမ်တွင် ခဏသာ နေပြီး ကိုယ့်အိတ်နှင့် ထီးကို ယူလိုက်သည်။
ထို့နောက် မြန်မြန် ထွက်သွားရင်း ပြောသည်—
“မင်းမှာ ငါမရှိသော အစားအစာကောင်းများနှင့် အဆင်ပြေမှုများ ရှိနိုင်သည်။
ဒါပေမယ့် ကြောက်ရွံ့စရာ မရှိဘဲ အေးချမ်းစွာ နေထိုင်နိုင်သော တောဘဝနှင့် ရိုးရိုးအစားအစာကို ငါ ပိုနှစ်သက်သည်” ဟု ဆိုသည်။
သင်ခန်းစာ (Moral)
ကြောက်ရွံ့မှုနှင့် မသေချာမှုကြားရှိ ချမ်းသာမှုထက်
လုံခြုံမှုနှင့် အေးချမ်းမှုရှိသော ဆင်းရဲမှုက ပိုကောင်းသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment