Skip to main content

Top podcasts for story lovers

ဇာတ်လမ်းနားထောင်လိုသူများအတွက် လူကြိုက်များသော podcast များ

ဇာတ်လမ်းများကို နှစ်သက်သူများအတွက် လူကြိုက်များသော podcast များထဲတွင် The Moth (တကယ့်ဘဝ ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းများ), Modern Love (ဆက်ဆံရေးအကြောင်း အနက်ရှိုင်းသော ဆောင်းပါးများ), StoryCorps (အနီးကပ် အတွေ့အကြုံများကို မရေးသားထားဘဲ ပြောပြသည့် သမိုင်းမှတ်တမ်းများ), နှင့် Serial (နက်နက်ရှိုင်းရှိုင်း စုံစမ်းသတင်းစာပညာ ဇာတ်လမ်းများ) တို့ ပါဝင်သည်။

ထို့အပြင် အခြား လူကြိုက်များသော podcast များတွင်

စိတ်ကူးယဉ် အသံဇာတ်လမ်းများ

အချစ်ဇာတ်လမ်း သုံးသပ်ချက်များ

အမည်မဖော်လိုသူများ၏ ကိုယ်ရေးဝန်ခံချက်များ

တို့ကိုလည်း တင်ဆက်ထားကြသည်။

ဇာတ်လမ်းပြောခြင်းနှင့် ဇာတ်လမ်းတင်ဆက်မှု podcast များ

The Moth

ဇာတ်လမ်းပြောသူများက မှတ်စုမသုံးဘဲ စင်မြင့်ပေါ်တွင် တိုက်ရိုက် ပြောပြသော တကယ့်ဇာတ်လမ်းများ ပါဝင်သည်။

Snap Judgment

ဇာတ်လမ်းပြောပုံနှင့် ဂီတအသံများကို ပေါင်းစပ်၍ စိတ်ဝင်စားဖွယ် တင်ဆက်သည့် podcast ဖြစ်သည်။

The Memory Palace

တိုတောင်းသော်လည်း အဓိပ္ပါယ်နက်သော သမိုင်းဇာတ်လမ်းများ ကို တင်ဆက်သည်။

Beautiful Stories From Anonymous People

ဟာသသရုပ်ဆောင် Chris Gethard သည် မသိသူများ၏ ဖုန်းခေါ်ဆိုမှုများကို တနာရီကြာ နားထောင်၍ အစီအစဉ်မရေးထားသော တကယ့်ဘဝ ဇာတ်လမ်းများ ထွက်ပေါ်လာစေသည်။

Serial

မဟုတ်မမှန်စုံစမ်းရေး၊ စုံစမ်းသတင်းစာပညာနှင့် တကယ့်ရာဇဝတ်မှု ဇာတ်လမ်းများ တင်ဆက်ရာတွင် ဦးဆောင်ခဲ့သော podcast တခု ဖြစ်သည်။

အင်္ဂလိပ်လို အသံစာအုပ်လို့ ပြောနိုင်ပါတယ်။

မြန်မာလို အသံစာအုပ်တွေကိုလည်း တွေ့တယ်။ အခုထိတော့ နားမထောင်အားသေးပါ။

မိတ်ဆွေတွေက ပြောကြတယ်။

ဆရာ ပါးစပ် ကို ပါးစပ် လို့အသံထွက်ဖတ်တယ် တဲ့။

ဗဇတ် လို့အသံထွက်ရတယ်။

ကျွန်တော် နားထောင်ဖြစ်ရင်တော့ ရေးစရာတွေ အများကြီးရလာမယ်။

သတ်ပုံမှားတာလောက်တော့ မဆိုးလှဘူးလို့ ထင်ထားနှင့်ဦးမယ်။

စာဆိုတာ အရေးအသား၊ စာလုံးပေါင်း၊ သတ်ပုံနဲ့ အသံထွက် အင်္ဂါစုံရပါတယ်။

စာလို မှန်အောင်ရေးထားတာကို အသံထွက်မှန်နဲ့ ဖတ်ရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ