Skip to main content

Wearing Clothes Wrong "အမှား" ကို "အမှန်" ဟုထင်ခြင်း

ကွန်မင့်တခု = အင်္ကျီရှေ့နောက် ပြောင်းပြန် ဝတ်ထားတာ ပြောပြချင်တာလားဆရာ။

ပြန်စာ

"အမှား" ကို "အမှန်" ဟုထင်ခြင်းသည် အဝတ်အစားကို ဇောက်ထိုး ပြောင်းပြန်ဝတ်တာထက် ဆိုး၏။

အမှားကို အမှန်လို့ ထင်နေတာတွေ၊ ထင်နေသူတွေ အတော်ကိုများတယ်။

တမာရွက်ပြုတ်က ကိုဗစ်ပျောက်သတဲ့။

လောက်သေရွက်က ကင်ဆာပျောက်သတဲ့။

အောက်မဲညိုက ဆီးချိုပျောက်သတဲ့။

မြတ်ဗုဒ္ဓ၏ "တစ်"ရားတော်များက မှန်သတဲ့။

နောင်"တစ်"မလွန် သွားချင်ကြသတဲ့။

သစ္စာ"တစ်"ရား ကျင့်ကြသတဲ့။

မေတ္တာ"တစ်"ရား ထားကြပါတဲ့။

"တစ်"ကောင်းသားတဲ့။

"တစ်"မူးသူတဲ့။

ဗိုလ်"တစ်"ထောင်ဘုရား ပန်းကပ်သွားသတဲ့။

လူတွေတွေဆုံကြရတာ "တစ်"ဒင်္ဂတဲ့။

မမှန်သော်လည်း မှန်နေသည်ဟု ထင်ရခြင်း၏ သိပ္ပံဆိုင်ရာ အကြောင်း

The science behind why people think they're right when they're actually wrong

လူတချို့သည် ဆွေးနွေးအငြင်းအခုံတခုတွင် မမှန်ဘဲ မှန်သည်ဟု ယုံကြည်နေကြခြင်း အတွက် သိပ္ပံဆိုင်ရာ အကြောင်းတခု ရှိနိုင်သည်။

မကြာသေးမီက ထုတ်ဝေသော သုတေသနတခုက

“မသိတာကို မသိကြ” ဟူသော စကား၏ အဓိပ္ပါယ်ကို ထင်ရှားစေသည်။

PLOS ONE ဂျာနယ်၌ ထုတ်ဝေခဲ့သော လေ့လာမှုတခုအရ အကြောင်းရင်းမှာ လူတချို့သည် အယူအဆတခု ချမှတ်ရန် လိုအပ်သမျှ အချက်အလက်များကို ကိုယ်တွင် ရှိနေပြီဟု ယုံကြည်ခြင်း ဖြစ်သည်။

အမှန်တကယ်မှာတော့ ထိုသို့ မဟုတ်ပေ။

သုတေသနကို ပူးတွဲရေးသားသူ အိုဟိုင်းယိုပြည်နယ် တက္ကသိုလ်မှ အင်္ဂလိပ်စာ ပါမောက္ခ Angus Fletcher က —

“ကျွန်ုပ်တို့၏ ဦးနှောက်သည် အချက်အလက် အနည်းငယ်သာ ရှိနေသော်လည်း သူထင်နေသောသော ကောက်ချက်တခု ချနိုင်သည် ဟု အလွန်ယုံကြည်လွန်းနေတတ်သည်” ဟု ဆိုသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ