Skip to main content

အမျိုးသမီးသမိုင်းလ (Women's History Month)

၁၉၈၇ ခုနှစ်တွင် အမျိုးသားအမျိုးသမီးသမိုင်းစီမံကိန်း (National Women's History Project) ၏ တောင်းဆိုချက်အရ အမေရိကန်ကွန်ဂရက်လွှတ်တော်က အက်ဥပဒေ (Pub. L. 100-9) ကို အတည်ပြုခဲ့ပြီး၊ ၁၉၈၇ ခုနှစ် မတ်လကို အမျိုးသမီးသမိုင်းလအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်အကြားတွင် ကွန်ဂရက်လွှတ်တော်က နှစ်စဉ်မတ်လကို အမျိုးသမီးသမိုင်းလအဖြစ် ကြေညာရန် သမ္မတအား တောင်းဆိုသည့် ဆုံးဖြတ်ချက်များကို ထပ်မံအတည်ပြုခဲ့ပါသည်။ ၁၉၈၈ ခုနှစ်မှစ၍ အမေရိကန်သမ္မတများသည် မတ်လကို အမျိုးသမီးသမိုင်းလအဖြစ် နှစ်စဉ် အခါအားလျော်စွာ ထုတ်ပြန်ကြေညာခဲ့ကြပါသည်။

အမျိုးသမီးသမိုင်းလသည် အမေရိကန်အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ပေးဆပ်မှုများကို ဂုဏ်ပြုသောလ ဖြစ်ပါသည်။ ၎င်းသည် ၁၈၅၇ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် နယူးယောက်စီးတီးရှိ အထည်ချုပ်နှင့် ရက်ကန်းစက်ရုံများမှ အမျိုးသမီး ရာပေါင်းများစွာက ကြမ်းတမ်းသော လုပ်ငန်းခွင်အခြေအနေများကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည့်နေ့မှ စတင်မြစ်ဖျားခံခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသမီးသမိုင်းလသည် သမိုင်းဖြစ်ရပ်များနှင့် ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏ စွမ်းဆောင်ချက်များကို မီးမောင်းထိုးပြရန် နှစ်စဉ်ကျင်းပသော အထိမ်းအမှတ်လ ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနှင့် ဩစတြေးလျနိုင်ငံတို့တွင် မတ်လ ၈ ရက်နေ့၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့်အညီ မတ်လတွင် ကျင်းပကြပြီး၊ ကနေဒါနိုင်ငံတွင်မူ အောက်တိုဘာလ ၁၈ ရက်နေ့၌ ကျရောက်သော လူသားများနေ့ (Persons Day) အထိမ်းအမှတ်နှင့်အညီ အောက်တိုဘာလတွင် ကျင်းပကြပါသည်။

၁၉၇၈ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆိုနိုမာခရိုင် (Sonoma County) ၌ တပတ်ကြာ ကျင်းပခဲ့သော အထိမ်းအမှတ်ပွဲကို ဂါဒါ လာနာ (Gerda Lerner) နှင့် အမျိုးသားအမျိုးသမီးသမိုင်းမဟာမိတ်အဖွဲ့ (National Women's History Alliance) တို့က အမျိုးသားအဆင့် တပတ်တာအထိမ်းအမှတ် (၁၉၈၀) အဖြစ်လည်းကောင်း၊ ထို့နောက်တွင် အမျိုးသားအဆင့် တလတာအထိမ်းအမှတ် (၁၉၈၇) အဖြစ်လည်းကောင်း အသိအမှတ်ပြုခံရစေရန် ကြိုးပမ်းခဲ့ကြရာမှ အမေရိကန်ပြည်ထောင်စုအတွင်း စတင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတကာသို့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်ပါသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာရိုဆာ (Santa Rosa) ရှိ ပညာရေးသမားများသည် လူ့အဖွဲ့အစည်းအပေါ် အမျိုးသမီးများ၏ စွမ်းဆောင်ချက်များကို ပိုမိုသိရှိနားလည်စေရန်အတွက် ၁၉၇၈ ခုနှစ်၊ မတ်လတွင် အမျိုးသမီးသမိုင်းပတ် (Women's History Week) ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ကြပါသည်။ စီစဉ်သူများသည် မတ်လ ၈ ရက်နေ့ရှိ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် တိုက်ဆိုင်စေရန် မတ်လအစောပိုင်း တပတ်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါသည်။

မြန်မာပြည်မှာလည်း ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးတွေ သမိုင်းမှာ ရှိပါတယ်။

သမိုင်းဘာသာရပ်ကိုတော့ စိတ်ပါဝင်စားသူ နည်းလာတယ်လို့သိရတယ်။

စစ်အုပ်စု ဒုတိယဆက်မှာ နောက်ကြောင်းမပြန်နဲ့လုပ်ထားတယ်။

သမိုင်းမသိရင် အလိမ်ခံရမယ်။

သမိုင်းမှန်ကိုမသိဘဲ ကောင်း၏ ဆိုး၏လို့ ပြောနေသူတွေက များတယ်။

သမိုင်းမသိသူတွေက လိမ်နေကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ