Skip to main content

ဗေဒါရီ ဘေဒါရီ မေဒါဝီ

(၁)

သာသနာသက္ကရာဇာ် (၃၂) တကောင်းမင်းကြီးလက်ထက် 

တကောင်းမင်းက ယောက်ဖဖြစ်သူ အိမ်ရှေ့မင်းသားကို တောကြီးထဲက ဝက်ကြီးကို နှိမ်းနှင်းခိုင်းပါသတဲ့။ မင်းသားဟာ နှိမ်နင်းပြီးနောက် တကောင်းပြည်ကိုမပြန်တော့ဘဲ တောထဲမှာ ရသေ့ရဟန်းဝတ်နေလိုက်ပါတယ်။ 

အကြောင်းခံတခုကြောင့် သမင်မတကောင်နေ လူမိန်းကလေးတယောက်ကို မွေးဖွားလာပါသတဲ့၊ ရသေ့က

ကလေးငယ်ကို မွေးယူစောင့်ရှောက်ထားရတယ်။ ဗေဒါရီ လို့ အမည်တေယ်။ ဗေဒါရီ အရွယ်ရောက်လာတော့ ရသေ့ရဟန်းနဲ့ အတူမနေသင့်တဲ့အတွက် ဗေဒါရီကို ရေခပ်ခိုင်းခြင်းနည်းနဲ့ တခြားဆီနေစေပါသတဲ့။

ဗူးသီးခြောက်တလုံးကို ထိပ်မှာအပေါက်ငယ်ဖောက်ပြီး ဗေဒါရီ ကို ရေခပ်ခိုင်းပါတယ်။ 

မနက်ကနေ ညနေခင်းထိ တနေကုန် ကြာစေတာဖြစ်ပါတယ်။ 

(၂)

တကောင်းမင်းကြီးရဲ့ မိဖုရားကနေ မဟာသမ္ဘဝ နဲ့ စူဠသမ္ဘဝ  ညီနောင် နှစ်ယောက်ကို မွေးဖွားပါသတဲ့။

သားတော်တွေက မကျက်မမြင်တွေ ဖြစ်နေလို့ ရှက်တော်မူပြီး သတ်စေဟု မိန့်တော်ချတယ်။

မိခင်ဖြစ်သူက နောက်ဆုံးအေနေနဲ့ လတ်တလောသေရခြင်းထက် နောင်သူတို့ကံရှိရင် အသက်ရှင်ပါစေ ရည်ရွယ်ပြီး ဖောင်ကို အခိုင်အခန့် ပြုစေပြီး မသိုးထမင်း မသိုးဟင်း၊ ထည့်ပြီး ဧရာဝတီမြစ်ထဲ မျောလိုက်ပါတော့တယ်။

(၃)

ဖောင်က ယနေ့အခေါ်  စစ်ကိုင်းမှာ စစ်ပင်ကြီးရဲ့အကိုင်းတကိုင်းနဲ့ တိုက်မိပြီး ရပ်တန့်နေတယ်။

အဲဒီအခါမှာ စန္ဒမုခိ အမည်ရှိတဲ့ ဘီလူးမဟာ ဖောင်ပေါ်က မင်းသားတို့ အတွက်ထားသော အစားအစာများကို ယူဆောင် စားသောက်ပါတယ်။ 

နောင်သော် အဲဒီအရပ်ကို စစ်ကိုင်း လို့ မည်တွင်ပါတယ်။

မင်းသားနှစ်ပါးက သတိထားပြီး စောင့်ဖမ်းတော့ ဘီလူးမလက်ကို မိပါသတဲ့။

ဘီလူးမက မျက်မမြင်ညီနောင်ကို မျက်စိမြင်အောင် ကုသပေးပါတယ်။ 

မျက်စိ စတင်ကုသရာအရပ်ကို စကု၊ မျက်စိ စမြင်ရာအရပ်ကို စလင်း လို့ အမည်တွင်ပါတယ်။

(၄)

မျက်စိပြန်မြင်လာတဲ့ မင်းသားတွေဟာ မြစ်ကြောင်းတိုင်း စုံဆင်းလာပြီး ဖူးစာပါလို့ ဗေဒါရီနဲ့ တွေ့ဆုံကြပါတယ်။

ရသေ့ကြီးဟာ တကောင်းကနေ ရောက်လာသူတွေဟာ သူ့တူတွေအဖြစ်သိရှိပြီး မဟာသမ္ဘဝ ကို ဗေဒါရီ နဲ့ လက်ဆက်ပေးလိုက်ပါတယ်။

မဟာသမ္ဘဝ နဲ့ ဗေဒါရီ ကနေ ဒွတ္တဘောင် ကို မွေးဖွားပါတယ်။

သရေခေတ္တရာမြို့ကြီးနဲ့ ပျူမင်းဆက် သက်တမ်းအရှည်းဆုံးမင်းဆက် ဖြစ်ပေါ်လာပါသတဲ့။

မှတ်ရန်များ

ကွဲလွဲချက်တွေ များတယ်။

- ဒွတ္တဘောင်မင်းကြီးသည် ဘေဒါရီ၏ သားတော်ဖြစ်သည်။ 

- ရသေ့ ၏ အစီအမံ အတိုင်း မဟာသမ္ဘဝမင်းသား နှင့် ပျူမင်းသမီး နန်းခမ်းအား ထိမ်းမြားစေ ပြီး ပျူတို့ အား အုပ်ချုပ် မင်း လုပ်စေသည်။ ထိုသူတို့မှ ဒွတ္တဘောင် မင်းသားကိုဖွားမြင်သည်။ ဒွတ္တဘောင် မင်းဖြစ်သည့်အခါ အလွန်ကျယ်ဝန်းသည့် သရေခေတ္တရာမြို့ကြီးအား တည်ဆောက်ပါသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တ ဘောင်းမင်း တည်ဆောက်ခဲ့သည့် ဘုရားများမှာ သောကြမ ဘုရား၊ ညီးညီးဘုရား၊ စီးစီးဘုရား၊ ဘောဘော ဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။ (ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ)

- တကောင်း ပါးစပ်ရာဇဝင် တပိုင်းတစသာတည်း။ ပါးစပ်ရာဇဝင်ကို စာတင်တော့ ဗေဒါရီ ရေခပ်ရတာဟာ ဗူးသီးခြောက်လို့ ရေးခဲ့ပါကြောင်း။

- ဝင်းဦးဆိုတဲ့ မေဒါဝီ သီချင်းစာသားထဲမှာ ဘူးမမှုတ်နဲ့သမီးရယ်လို့ ရေးပါတယ်။ မြို့မငြိမ်းက ရေးတယ်။

- ကလေး ဗူးမှုတ်တာကလွဲရင် ဘူး ဆိုတာ မမှန်ပါ။ သီချင်းစာသားတွေထဲမှာ ဗူးလည်း တွေ့၊ ဘူးလည်း တွေ့နေရတယ်။ မူရင်းစာသား မသိသေးပါ။

ကျွန်တော်တို့ ရာဇဝင် နဲ့ မြန်မာစာ ဗွက်ပေါက်နေပြီ။

မေဓာဝီ - တေးရေး - မြို့မငြိမ်း တေးဆို-ဝင်းဦး (မှုံရွှေရည်ဇာတ်ကား(၁၉၇၁)မှဇာတ်ဝင်တေး https://www.youtube.com/watch?v=pk2tRFK_MBU

ဒေါက်တာတင့်ဆွေ

Comments