(ဝတ္ထုတိုများ) ရေးသူ။ ။မင်းကျော် လူ၏ ယုတ်မာမှု၊ ရိုင်းစိုင်းမှု၊ အကြင်နာမဲ့မှု၊ မေတ္တာစိတ် ကရုဏာစိတ် ခေါင်းပါးခန်းခြောက်မှုဖြင့် နိုင်ငံ့ထက်ကလူ ပြုမှုများကို ခါးခါးသီးသီး ဖတ်ရမည်။ လူက လူအပေါ် ထားရှိသော စက်ဆုပ်ဘွယ်၊ ရွံရှာဘွယ်၊ နှလုံးနာဘွယ် အပြုအမူ အဖြစ်အပျက်များကို အဆစ်လိုက်၊ အကန့်လိုက်၊ အပိုင်းလိုက်၊ အခန်းလိုက် ရေးခဲ့သမျှမှ ထုတ်နုတ်ချက်များ။ (ဗျူရိုငှင်းသေးဖြင့် ထူထူထဲထဲ ၃-ကျပ်တန်မရှိရမည်။ အတွင်းတွင် သရုပ်ဖော်ပုံ များစွာ ပါမည်။ သို့ရာတွင် ၂-ကျပ်သာ။) အပြည်ပြည်ဆိုင်ရာ ဘောလုံးပွဲများမှတ်တမ်း ပြုစုသူ။ ။မောင်ရဲဝင်း (ကြေးမုံ) ဤစာအုပ်တွင် အပိုင်းသုံးပိုင်းပါရှိမည်။ ပထမပိုင်းတွင် မြန်မာနှင့် ကမ္ဘာ့ ဘောလုံးလောက၏ အံ့ဩဘွယ်၊ မယုံကြည်နိုင်ဘွယ်၊ စိတ်ဝင်စားဘွယ်နှင့်မြုပ်နေသော အထွေထွေအဖြစ်အပျက်များ။ ဒုတိယပိုင်းတွင် တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲများ၏ ရာဇဝင်နှင့် ဝေဖန်ချက်၊ သုံးသပ်ချက်မှတ်တမ်း။ တတိယပိုင်းမှာကား ဘောလုံးပညာနှင့်စပ်လျဉ်း၍ မြန်မာနည်းပြဆရာများနှင့် မြန်မာနိုင်ငံမှ နာမည်ကျော် ယခင်ဘောလုံးဂန္ထဝင်နည်းပြဆရာတို့၏ပညာ။ တော်လှန်ရေးသမား မြန်မာပြန်။ ။တင်ထွေး (INQUILAB by K. A. Abbas) မိမိတို့၏ အသက်ကို...
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။