(ဆားတုံဆရာတော်)
(၁)
၁၉၆၄ ခုနှစ်က ပထမတန်း မြန်မာဖတ်စာသစ်
ဖတ်စာ ၃၀။ ပညာမရှိသော သူဌေးသားအကြောင်း
မောင်ရင်ငယ်သွေး၊ နာဘိသေးလော့
ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊
ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊
သားတယောက်ဖြစ်၊ ချစ်၍တစေ၊
အိမ်မှာနေ၍၊ စာပေမကျ၊
မိဘစုတေ၊ ခန္ဓာကြွေသော်၊
အရှေ့အနောက်၊ တောင် မြောက် ဘယ်မှာ၊
မသိပါငြား၊ သူဌေးသားသည်၊
သိုထားမတတ်၊
အရပ်ရပ်၌၊
နှံအပ်ဥစ္စာ၊
ရှိသည်ငှာကို၊
များစွာကျွန်ပေါင်း၊
မကောင်းဆိုးသူ၊
ယူ၍ပြေးရှောင်၊
အိမ်ကိုရောင်း၍၊
ထောင်းထောင်းကျေလျက်၊
ခွက်လက်စွဲကာ၊
တောင်းစားပါလည်။
နောင်သာလူမိုက်၊
ဒုစရိုက်ဟု၊
ရိုက်ပုတ်လိုက်ကြ၊
ရွာမှထွက်လေ၊
တောမှာသေသည်၊
ကောင်သေ လင်းတ ကျ၏တည်း။ ။
(၂)
မောင်ငယ်ရင်သွေး နာဘိသေးလော့၊
ရှေးသရောခါ
ပြည်ဗာရာဝယ်၊
ကုဋေကြွယ်သား
သူဋ္ဌေးအားလျှင်၊
သားတယောက်ဖြစ်
ချစ်၍တစေ
အိမ်မှာနေ၍၊
စာပေမကျ
မိဘစုတေ့၊
ခန္ဓာရွေ့သော်၊
အရှေ့အနောက်
တောင်မြောက်ဘယ်မှာ
မသိပါငြား၊
သူဋ္ဌေးသားသည်
သိုထားမတတ်
အရပ်ရပ်၌၊
နှံအပ်ဥစ္စာ
ရှိသည့်ငှာကို၊
များစွာကျွန်ပေါင်း
မကောင်းခိုးသူ
ယူ၍ပြေးရှောင်း၊
အိမ်ကိုရောင်း၍၊
ထောင်းထောင်းကြေလျက်
ခွက်လက်ဆွဲကာ
တောင်းစားပါလည်း၊
နင်သာလူမိုက်
ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ၊
ရွာမှထွက်လေ၊
တောမှာသေသည်၊
ကောင်သေလင်းတ
ကျ၏တည်း။ ။ (ဆားတုံ ဆရာတော်)
သဌေး နဲ့ သူဋ္ဌေး လို့ မူကွဲ တွေ့ရတယ်။
သားတယောက် ကို သားတယောက် လို့သာ ရေးပါတယ်။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment