Skip to main content

မိုးရာသီသတ်ပုံ

မိုးရေထဲမှာ ကလေးတွေဆော့နေတာကို မိဘတွေက မဆီးတားနိုင်တော့ဘူး။

မိုးရေတွေက မြေနိမ့်ရာဆီ စီးဆင်းသွားကြလေရဲ့။

မိုးစိုထဲမှာ နေတာကြာရင် နှာစေးမယ်။

မိုးတိတ်သွားရင် ဒို့အိမ်မှာ ဆုံဆည်းကြမယ်လေ။

ဆုံဆည်း

၁။ ဆရာ ဆုံစည်းရာ ဆုံဆည်းရာ ဘယ်လိုကွာပါသလဲ

၂။ ဆုံစည်းရာလား ဆုံဆည်းရာလား ဘယ်ဟာ အမှန်လည်း

၃။ ဆရာရေ 7 Day Tv က ဇာတ်လမ်းတွဲနာမည်ကို ဆုံစည်းခွင့်လို့ သုံးသွားတယ်။ ကျနော်က ဆုံဆည်းခွင့်လို့ ထင်နေတယ်။ ဆုံစည်းနဲ့ ဆုံဆည်း စတဲ့အသုံးလေးတွေ ရှင်းပြစေချင်ပါတယ်။

စစ်အစိုးရတက်မှ မြန်မာစာအဖွဲ့ကထုတ်တဲ့ အဘိဓာန်မှာ ဆုံစည်း။ အွန်လိုင်းသတ်ပုံကျမ်းမှာလည်း ဆုံစည်း။ ကဝိဓဇသတ်ပုံကျမ်းမှာ ဆုံဆည်း။ ဝဏ္ဏဗောဓနသတ်အင်းမှာ ဆုံ့ဆည်း။

ဆုံ

ကံဆုံသည်

ကဆုံစိုင်း

ကဆုံပေါက်ပြေးသည်

ကြိတ်ဆုံ

ကြိတ်တုံ

ငရုတ်ဆုံ

ငွေကြေးဆုံသည်

ဆီဆုံ

ဆုံကျည်

ဆုံကုန်းရွာ

ဆုံဆည်း

ဆုံဆို့နာ

ဆုံဆီ

ဆုံဆီ

ဆုံတွေ့

ဆုံတားရွာ

ဆုံရွာ

ဆုံလည်ကုလားထိုင်

ဆေးဆုံ

တင်ပါးဆုံ

တွေ့ဆုံ

ပေါင်းဆုံသည်

မင်းကြီးကတော်ခင်ဆုံ

မောင်းဆုံ

လက်ဆုံစားသည်

လမ်းဆုံလမ်းခွ

ဟင်းစားဆုံသည်

ဆည်း

ခိုက်ဆည်းရန်ရှာ

ဆည်းကပ်ကိုးကွယ်

ဆည်းဆာအချိန်

ဆည်းပူးလေ့လာ

ဆည်းလည်းသံ သာယာသည်

ဆုံဆည်းသည်

နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်

ပညာဆည်းပူးပါ

ဖြည့်ဆည်းကြိုးစား

ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်

စည်း

စည်းကမ်း

စည်းမျဉ်း

စည်းထား

စည်းတား

စည်းလုံး

စည်းနှောင်

စည်းကြပ်(အခွန်)

စုစည်း

အစည်းအဝေး

သိမ်း

အမှိုက်သိမ်း

သိမ်းကျုံး

သိမ်းငှက်

သိမ်းဆည်း

သိမ်းထုပ်

သိမ်းမြန်း

သိမ်းရုံး

ဆည်း

ဆုံဆည်း

ဆည်းကပ်

ဆည်းဆာအချိန်

ဆည်းပူး

ဆည်းလည်းသံ သာယာသည်

ပညာဆည်းပူးပါ

နေဝင်ဆည်းဆာ (ဆည်းစျာ ယခင်အသုံး) လှပသည်

ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်

စည်း

ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ

ကြိုးနှင့် စည်းထားပါ

စည်းကမ်း

စည်းကြပ်

စည်းကြိုး

စည်းချက်ဝါးချက်

စည်းခြံ

စည်းခုံစေတီ

စည်းစိမ်

စည်းစောင့်ပါ

စည်းတန်း

စည်းတိမ်သောင်တိမ်

စည်းထုပ်ဖန်

စည်းနှောင်

စည်းနဲ့ဝါး

စည်းပုံ

စည်းမျဉ်းထားပါ

စည်းမျဉ်းဥပဒေ

စည်းမဲ့ကမ်းမဲ့

စည်းရိုး

စည်းလွတ်ဝါးလွတ်

စည်းလုံး

စည်းလုံချည်

စည်းဝေးပွဲ

စည်းသား

စည်းသုတ်

တင်းတစည်း ဘယ်လောက်လဲ

နယ်နိမိတ်စည်း

ပန်းတစည်း

ဘဝဆက်တိုင်း ဆုံစည်းချင်တယ်

ရွှေစည်းခုံစေတီတော်

အခွန်စည်းကြပ်မည်

အစည်းအဝေး စတော့မယ်

ဥစ္စာပစ္စည်း ကုံလုံသည်

စီး

စီးစီးပိုးပိုး မပြောအပ်

စီးပွားရေးကောင်းပါစေ

တရားဘာဝနာ စီးဖြန်းပါ

ဘတ်စကား စီးသွားပါ

လှည်းတစီး ကားတစီး

အပျက်အစီး များတယ်

အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်


ဆီး

ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ

ကလေးကို သင်္ကန်းဆီးပေးပါ

ဆီးခုံက နာတယ်

ဆီးချုပ်နေပါသလား

ဆီးချိုရောဂါ စစ်ထားပါ

ဆီးချူပေးမယ်

ဆီးစပ်မှာ အလုံးရှိနေတယ်

ဆီးတန့်ထားလို့ ဆက်သွားမရပါ

ဆီးဖြူသီးစားမလား

ဆီးဝမ်းလေ မှန်ပါသလား

ဆီးသီးကောင်းကောင်းစားချင်တယ်

ဆီးနှင်းတွေ ကျနေတယ်

တားဆီးပိတ်ပင်ထားသည်

လူဆိုးကို ဖမ်းဆီးပါ

ဧည့်သည်ကို ဆီးကြိုပါ

ဆရာကြီး ရွှေဥဒေါင်းသည် သူ့စကားအတိုင်းဆိုရလျှင် ဖြည့်ဆည်းကြိုးစားရကောင်းမှန်းသိသော လူတယောက် ဖြစ်သည်။ ဗုဒ္ဓဓမ္မ နှင့် အညီ မိမိကိုယ်မိမိသိဖို့ ဖြည့်ဆည်းနေခဲ့သည်မှာ ကြာလေပြီ။ ဦးဝင်းတင်)

ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ် - စန္ဒယားလှထွတ် အလှသစ္စာတရား https://soundcloud.com/user-864666245/aextw3ea6icn

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ