လူတိုင်းဟာ ကျောင်းသားဖြစ်ခဲ့ကြတယ်။ နောက်တော့ သင်ဆရာမဟုတ်တောင် မြင်ဆရာ ကြားဆရာတွေ ဖြစ်ကြတယ်။
လူတိုင်းမှာ မိဘရှိကြတယ်။ နောက်တော့ ကိုယ်တိုင် မိဘဖြစ်လာကြတယ်။
ကလေးများနေ့ သည်လည်းကောင်း၊ အမေနေ့ သည်လည်းကောင်း၊ အဖေနေ့ သည်လည်းကောင်း၊ ဆရာများနေ့ သည်လည်းကောင်း လူတိုင်းလူတိုင်းနဲ့ သက်ဆိုင်တယ်။
အရေးကြီးတဲ့ အနာရောဂါတွေအတွက် ပညာပေးနေ့တွေ၊ လတွေရှိတယ်။ ကိုယ်တိုင် နေမကောင်းသူဖြစ်စေ၊ လူနာရှင်ဖြစ်စေ ဖြစ်နိုင်ကြတယ်။ ရောဂါတိုင်းဟာ လူတိုင်းနဲ့ ဆိုင်ပါတယ်။
လူတိုင်း လိမ္မာ၊ လူတိုင်း ကျမ္မာကြစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment