တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်
ကျွန်တော်အညာသားသည် ၁၉၉၀ ခုနှစ်အထိ အေးလွန်းတဲ့ အရပ်ဒေသတွေမှာ မနေခဲ့ဘူး၊ မရောက်ခဲ့ဘူးပါ။ မေမြို့သာလျှင် အလုပ်သင်ဆရာဝန်လုပ်လို့ ရောက်ပါသည်။
အဲဒီနှစ် ဒီဇင်္ဘာလမကုန်ခင် ချင်းတောင်ကြီးကို ဖြတ်ကျော်ရတော့ အလွန်အေးပါသည်။ ပုံထဲကလို တိမ်တွေအထက် ရောက်ပါတော့သည်။ လှတယ်ဆိုတာ ဘယ်လို့ စိတ်ထဲဝင်မလာ။ နောက်ကလိုက်လာတဲ့ ဂျီသရီးက အလွန်ပူလောင်ပါသည်။
တဖက်နိုင်ငံရောက်တော့လည်း တိမ်ပင်လယ်အထက်ရောက်ပြန်သည်။ အရှေ့အရပ်ကိုသာမျှော်ကြည့်တိုင်း အမိမြေကိုသာ ပြန်မြင်နေလို့ အရာရာကို လှတယ်လို့ မမြင်ပါ။ အလွန်မတန်အေးသော်လည်း ပူလောင်ပါသည်။
လှတဲ့နေရာတွေမှာ နေထိုင်ကြသူတွေ နေကောင်းကြပါစေ။ ဘယ်နေရာမှာနေနေ အေးချမ်းကြပါစေ။
ဒီနှစ်ဆောင်းမှာ နောင်ချိုတိမ်ပင်လယ်သွားရအောင်လေ (Popular Paoh Stars) ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment