ပုံတွေ့တော့ အလယ်တန်းမှာ အလွတ်ကျက်ခဲ့ရတဲ့စာကို ပြန်သတိရတယ်။
လောကသာရပျို့ (၁၈)
စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းလော့
စရည်းအိုးခွက်၊ ကြီးစွာလျက်တည့်
တံစက်ကျများ၊ ပြည့်သောလားသို့
ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍
ခြပုံးတောင်ပို့၊ ဖို့သည့်ခြင်းရာ
လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ
တတ်လှစေလော့၊ ကြွက်သေတခု
အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး
သူဋ္ဌေးထုံးကို၊ နှလုံးမူလျက်
ကြံစည်နက်၍ သူ့ထက်လွန်ကဲ ကြွယ်စေမင်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment