Skip to main content

Hello November ဟယ်လို နိုဝင်္ဘာ

နိုဝင်္ဘာလမှာ ရာသီဥတု သင့်တင့်အေးမြလို့ ခြေခင်းလက်ခင်းသာပါတယ်။

ကျွန်တော်တို့ ဆေးကျောင်းစတက်ရတာက ၁၉၆၅ နိုဝင်္ဘာလဆန်းတရက်နေ့ဆိုတာ မမေ့ပါ။

၇ နှစ်ကြာစာသင်ပြီးတော့ ‘ဟောက်ဆာဂျင်’ ခေါ်တဲ့ အလုပ်သင်ဆရာဝန်လုပ်ရတာလဲ ၁၉၇၂ နိုဝင်္ဘာလထဲမှာပါ။ 

ဆေးမန်းက သူငယ်ချင်းတသိုက် မေမြို့စစ်ဆးရုံမှာ တာဝန်ကျကြတယ်။ မေမြို့ဆိုတာက နွေမှာတောင်အေးလို့ နိုဝင်္ဘာဘာလဆိုတော့ ကျွန်တော်တို့လို အညာသားတွေအဖို့ အေးလွန်းနေပါတယ်။ 

ကျွန်တော်တို့ စစ်ဆေးရုံထဲက အိုဟောင်းနေတဲ့ တိုက်တလုံးမှာ စုနေကြရပါတယ်။ ရေချိုးခန်းမှာ ရေနွေးပေးတာကပျက်နေတော့ ရေချိုးဘို့ဆိုတာ စစ်ဆေးရုံထဲမှာ အရပ်သားတွေအချင်းချင်း သူရဲကောင်း ရွေးရသလိုပဲ။ 

လုပ်ရပြန်တော့လဲ အရပ်သားတွေ စစ်သားတွေကြားမှာ အထာမကျလှပါ။ အဲလိုပဲ အရပ်သားတွေကြားမှာလဲ စစ်ဗိုလ်စစ်သားတွေ အထာကျမှာမဟုတ်ပါ။ 

ကျွန်တော်တို့ အထာမကျတာက ဟောက်ဆာဂျင်လုပ်ရတာ တနှစ်တိတိသာကြာလို့ ကံကောင်းတယ်။

စစ်ဗိုလ်တွေ နှစ်လေးငါးဆယ်ကြာ အုပ်ချုပ်နေတာ အထာမကျတော့ အရပ်သားလူအများမှာ အတော်ကိုကံဆိုးကြပါတယ်။

ဒေါက်တာတင့်ဆွေ

၃၁-၁၀-၂၀၁၄

Comments