အဲလိုရေးတာမျိုးကို မကြာမကြာ တွေ့တယ်။ ပုံကို အဆင်ပြေတာ လိုက်ရှာရတာက အလုပ်ကြီးတခု။ အဆင်ပြေတာ မရရင် တွေ့တာ သုံးရတယ်။ အထူးသဖြင့် မြန်မာပြည်ကပုံဆိုရင် အဆင်မပြေတာများတယ်။ ဆောင်းရာသီမှာ ထန်းပင်မြစ်မီးဖုတ်တဲ့ပုံကို တူတယောက်ဆီ လှမ်းတောင်းရဘူးတယ်။
အရက်ပညာပေးစာတွေမှာ မြန်မာပြည်က အရက်ခွက်နဲ့ မြန်မာလူမျိုး အမျိုးသမီးတွေပါတဲ့ပုံအစစ်တွေ တင်ပြီးမှ ဖျက်ပေးရတယ်။
ပြည်ပကရတဲ့ပုံတွေမှာ ပေးတင့်ရိုက် ခေါ် မူပိုင်ခွင့်ကိုလည်း သတိထားရတယ်။
ပြည်တွင်းက သတင်းစာမှာပါတဲ့ပုံကို ဖေ့စ်ဘွတ်က ကွန်မြူနတီစတင်းဒက် ဆိုပြီး ယာယီဘလော့တာ ဆယ်ခါလောက်ခံရတယ်။ ဟိုရှေးတုန်းက ပဲခူးသင်္ကြန်မှာ အမျိုးသမီးတယောက် အပေါ်ဝတ်လှန်ပြတဲ့ပုံ။ ကွန်မြူနတီစတင်းဒက်ကြောင့်တဲ့ ဘလော့တယ်။ အခုလည်း ဂူဂယ်လ်မှာရှိတယ်။ အဲဒီပုံကို သူများတွေ တင်တော့ ဘာမှမဖြစ်ကြတဲ့။
ဟာနီယာ ခေါ် အူကျခြင်းစာမှာ ပုံကြောင့် ယာယီဘလော့ခံရတယ်။ ပုံထဲကကလေးက တနှစ်သား။
တချို့စာတွေကို ခပ်ပေါပေါ့ရေးတင်တယ်။ တချို့စာတွေရေးရတာ အင်မတန်လက်ဝင်တယ်။ အကိုးအကားတွေ ရှာရတယ်။ ဘာသာပြန်ရတယ်။ ကိုယ့်ပိုင်အတွေ့အကြုံပါ ထည့်ရေးရတယ်။ တခါတခါ တရက်တည်းနဲ့ မပြီးတဲ့စာတွေလည်း ရှိတယ်။ အဲလိုအပင်ပန်းခံရေးတာကို ဖတ်တဲ့သူ မများပါ။ ပုံနဲ့တွဲတော့ ပုံကိုသာ ကြည့်သူက ပိုများတယ်။ တချို့က ခေါင်းစဉ်သာဖတ်တယ်။
သူတို့ မမှားပါ။ ကျွန်တော်ရေးတာတွေက ရောင်းကုန်မှ မဟုတ်တာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment