ကဝိဓဇသတ်ပုံကျမ်းမှာ ပုံလုံသီးရော၊ ဘုံလုံသီးရော၊ ဗုံလုံသီးပါ မတွေ့ပါ။
မြန်မာအဘိဓာန်မှာ ပုံလုံသီး = ကင်ပုံသီးပုံရှိသော နွယ်ပင်တမျိုး။ မာလကာသီးငယ်ခန့်ရှိသော မြစ်ချောင်းကမ်းပါးပေါက် အပင်ငယ်တမျိုး။ ပဲရှည်သီး သို့မဟုတ် ပဲလင်းမြွေသီး မဟုတ်လောက်လို့ ထင်တယ်။
ဗုံ (တူရိယာ)
ဗုံလုံ (ငါးဖမ်းမြှုံးတမျိုး)
ဗုံမဟုတ် ပတ်မဟုတ်
ဗုံကြီးသံ (အရင်က ပုံကြီးသံ လို့လည်း ရေးတယ်။ ဥပမာ ကဝိဓဇ)
ဗုံသာ (ဗုံငယ်)
ဗုံတောက်သံ (တေးသွားတမျိုး)
ဘုံ
ဘုံဘိုင် ပေါ်တူကီစာလုံး ဖြစ်ပါတယ်။ ဆီ၊ ရေနံဆီ၊ ဓါတ်ဆီတွေကို ထည့်စရာ အကြီးထဲကနေ လိုတဲ့ဆီကို မဖိတ်မစင်အောင် ထည့်ပေးတဲ့ သွပ်၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ကိရိယာကိုလည်း ဘုံဘိုင်လို့ခေါ်တယ်။
ကျမက အများပိုင် communal ဖြစ်လို့ ဘုံပိုင်လို့ ခေါ်တယ်လို့ထင်နေတာဆရာ။ ကျေးဇူးပါ။
၃၁ ဘုံ
တရုပ်ဘုံကျောင်း
နန်းဘုံသီဟာဘွေ ယိုးဒယားသီချင်း
ဘုံ (အများဆိုင်)
ဘုံကထိန်
ဘုံဆကွဲကိန်း (သချင်္ာ)
ဘုံဆတိုးကိန်း (သချင်္ာ)
ဘုံဆိုင်ပစ္စည်း
ဘုံဆိုင် (အရက်ဆိုင်)
ဘုံပတီး (ဘုံးပတီး)
ဘုံဗိမာန်
ဘုံမတီးငှက်
ဘုံပြတ် (မြင်းလှည်း)
ဘုံပြာဿတ်
ဘုံလယ်ယာမြေ
ဘုံလျှို (မွေ့ရာ)
ဘုံဝါဒ
ဘုံသုဉ်းကန်း (သချင်္ာ)
ဘုံအိမ်
လူ့ဘုံ၊ နတ်ဘုံ
လူ့ဘုံခန်းဝါ
ရေဘုံပိုင်
နန်းဘုံသီဟာဘွေ (ကပီယိုးဒယား) စောင်း-ချိုသွေးအောင် ဆို - ခင်ချမ်းငြိမ်း https://www.youtube.com/watch?v=YQK3Gn7mOno
ဒေါက်တာတင့်ဆွေ

Comments
Post a Comment