Skip to main content

ဆရာဝန်အား ဒုက္ခပေးသော သတ်ပုံများ

ဆရာဝန်ကို ဒုက္ခပေးတဲ့ ပေါ်လစီသတ်ပုံ ၃ လုံးရှိတယ်။ “ခွဲစိတ်”၊ “ကုတင်” နဲ့ “ခွဲစိတ်ဒါး”။ 

၁။ ဆရာရှင်။ ခွဲစိပ် = ခွဲခြမ်းစိပ်ဖြာဆိုတဲ့အဓိပ္ပါယ်နဲ့ "ခွဲစိပ်ကုသဆောင်"လို့ ကျွန်မက ဆိုင်းပုဒ်ရေးပေးတာ အရိုးအကြောအထူးကုဆရာဝန်ကြီးက ကြင်ကြင်ရေးတာမှားတယ် ခွဲစိတ်လို့ရေးရမယ်တဲ့ ဘယ်ဟာက မှန်ပါသလဲဆရာ။ ၂၀၁၆ ခုနှစ်ခန့်ကပါရှင်။

၂။ နှစ်မျိုးစလုံး (ပ်) ပသတ်နဲ့ရေးရပါတယ် (မဟုတ်ပါ)

၃။ ခွဲစိပ်လားခွဲစိတ်လား။ ခွဲတဲ့စိတ်လား၊ ခွဲခြမ်းစိပ်ဖြာကလာသလားလို့။ ခွဲစိပ်ကုပညာဋ္ဌာနလို့သိခဲ့ပါတယ်။ ခေတ်သတ်ပုံလား။

၄။ ဆရာ့ comment ကိုတွေ့ လို့ Surgeon ဦးသိန်းဟန် ၄ ကို မေးကြည့်ပါတယ်။ မှားရင်လဲပြင်နိုင်အောင်လို့ပါ။ ဆရာကတော့ ခွဲစိတ်ကို တသတ်နဲ့စိတ်တယ်လို့ ပြောပါတယ်ဆရာ။

၅။ ခွဲစိတ်က သတ်ပုံ အမှန်ပါ။ 1st MB မြန်မာစာမှာ သင်ကြားမှတ်သားဖူးတာပါ ခင်ဗျ။

၆။ ဆရာခင်ဗျာ ဆေးရုံအများစုမှာ ခွဲစိတ်ခန်း လို့ရေးထားကြပါတယ်။ စိပ် နှင့် စိတ် ဘယ်စာလုံး မှန်ပါသလဲခင်ဗျာ။

၇။ ဆေးရုံတွေမှာ ခွဲစိတ်ခန်း၊ ခွဲစိတ်ဆရာဝန်ကြီး။ ခွဲစိတ်အထူးကု စသည်ဖြင့် တွေ့ရပါတယ်။ ကျွန်တော့် အထင်တော့ စိတ်ဆိုတာ စိတ်ဓာတ်၊ စိတ်စေတသိတ်၊ စိတ်ရောဂါ၊ စိတ်ကူးယဉ် စသည်ဖြင့် ဖြစ်မယ် ထင်ပါတယ်။ စိပ်ဆိုတာ ပုတီးစိပ်။ ဝါးခြမ်းစိပ်၊ ခွဲခြမ်းစိပ်ဖြာ။ အစိပ်စိပ်အမွှာမွှာ။ တခုခုကို စိပ်မွှာရင် စိပ်ကို သုံးတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ခွဲစိပ်ခန်း၊ ခွဲစိပ်ဆရာဝန်။ ခွဲစိပ်အထူးကုရေးမှ မှန်တယ် ထင်ပါတယ်။

၈။ ခွဲစိတ် နဲ့ ခွဲစိပ် လူ (သို့မဟုတ်) သစ် တွေမှာ ဘယ်လိုရေးရမလဲသိပါရစေ

၉။ ဆရာရှင့် ဆေးကိုချိုးပြီး စိပ်ပိုင်းပြီး မသောက်သင့်ဘူးဆိုတာ မှန်ပါလားရှင့်။ ကျွန်မလည်း တခါတရံ ဆေးလုံးကြီးတဲ့အခါ လည်ချောင်းထဲမှာ တစ်နေသလိုခံစားရလို့ လေးစိပ်(စိတ်)ခွဲပြီး သောက်လေ့ရှိပါတယ်။ ပြီးတော့ ကျွန်မအဖေကို ရန်ကုန်မှာ အထူးကုဆေးခန်းမှာပြတဲ့အခါမှာလည်း ဆရာဝန်က 25mg အားပါတဲ့ ဆေးသောက်ဖို့ညွှန်းပေမယ့် ဆေးအရောင်းကောင်တာက မရှိတဲ့အခါမှာ 50mg ပေးပြီး တခြမ်း သောက်ခိုင်းပါတယ်။ တခြားဆေးတွေလည်း အဲဒီလိုမျိုးခဏခဏပေးပါတယ်။ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဆရာ။ လေးစားစွာဖြင့်။

၁၀။ ဆရာခင်ဗျာ ဆေးရုံအများစုမှာ ခွဲစိတ်ခန်း လို့ရေးထားကြပါတယ် စိပ် နှင့် စိတ် ဘယ်စာလုံးမှန်ပါသလဲခင်ဗျာ။

၁၁။ ဆရာခင်ဗျာ ဆေးရုံတွေမှာ ခွဲစိတ်ခန်း၊ ခွဲစိတ်ဆရာဝန်ကြီး။ ခွဲစိတ်အထူးကု စသည်ဖြင့် တွေ့ရပါတယ်။ ကျွန်တော့်အထင်တော့ စိတ်ဆိုတာ စိတ်ဓာတ်၊ စိတ်စေတသိတ်၊ စိတ်ရောဂါ၊ စိတ်ကူးယဉ် စသည်ဖြင့် ဖြစ်မယ် ထင်ပါတယ်။ စိပ်ဆိုတာ ပုတီးစိပ်။ ဝါးခြမ်းစိပ်၊ ခွဲခြမ်းစိပ်ဖြာ။ အစိပ်စိပ်အမွှာမွှာ။ တခုခုကို စိပ်မွှာရင် စိပ်ကို သုံးတယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ခွဲစိပ်ခန်း၊ ခွဲစိပ်ဆရာဝန်။ ခွဲစိပ်အထူးကုရေးမှ မှန်တယ် ထင်ပါတယ်။

ကျွန်တော်ကတော့ သတ်ပုံကို နိုင်ငံရေးမလုပ်ခင်က “ခွဲစိတ်” “ဒါး”နဲ့ ခွဲခဲ့တယ်။ ဆေးရုံအတွက် “ကုတင်”တွေ အလှူခံခဲ့ပါတယ်။ သူငယ်ချင်းဆရာဝန် စိုင်းခမ်းလိတ်က ခွဲစိတ်ခန်းက ဆရာမလေးတဲ့။ 

စိပ်

ကွန်စိပ်ချ၍ ငါးဖမ်းသည်

စပါး ခပ်စိပ်စိပ်ကြဲပါ

စိပ်စိပ် = စေ့စပ်သေချာစွာ

စိပ်စိပ်စေ့စေ့

စိပ်ပုတီး

ပိုက်စိပ်တိုက်

ပိုက်စိပ်တိုက်

ပုတီးစိပ်ပါ

မစိပ်မကျဲ

မန္တာန်စိပ်

အကွက်စိပ်သည်

အရွက်စိပ်စိပ်

အရွက်စိပ်စိပ်

စိတ်

ကွက်စိတ်ဆရာ

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ခန်း

ခွဲစိတ်အထူးကုဆရာဝန်

ငွေအစိတ်

စိတြနက္ခတ်

စိတ္တဇ

စိတ်ကိုချုပ်ထားပါ

စိတ်ကူးစိတ်သန်း

စိတ်စုံဖျား = တောတည်းဟူသောစိတ်အတွင်း (ပျို့)

စိတ်ဆတ်သူ

စိတ်ဉာဉ်ထွေ = စိတ်ဉာဏ်၌ အထွေထွေရှိသည် (ပျို့) (အခုဉာဏ်လို့ရေးကြပေမဲ့ အရင်ကဉာဏ်လို့လည်းရေးပါတယ်။)

စိတ်တိုင်းကျ သုံးဆောင်ပါ

စိတ်ဓါတ်မကျပါနှင့်

စိတ်ပျံ့လောင်လင် = စိတ်ပျံ့၍ ဂယောက်ဂယက်ဖြစ်သည်

စိတ်ပြား = လိမ်မာမြော်မြင်သည်

စိတ်ဖြာ = ဝေဘန်ခွဲခြမ်းသည်

စိတ်မကျေပွဲ

စိတ်မနှံ့သူ

စိတ်ရောကိုယ်ပါ

စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်

စိတ်ဝမ်းနှလုံး ကောင်းပါစေ

စိတ်သန္တာန်

ဆံချည်ဆယ်စိတ်

ဆန်တစိတ်

နှစ်စိတ် တခွဲ

ပါစိတ်အာပတ်

မစ္ဆေရစိတ်

မိုးတစိတ်စိတ် (မိုးတစိမ့်စိမ့်)

ရှုစိတ်သည် (ရှုစိမ့်သည်)

လေးစိတ် တတင်း

အသေးစိတ်

ခွဲစိတ်ခန်းက ဆရာမလေးသို့ https://www.youtube.com/watch?v=ohRnz8xmG9Q

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ