Skip to main content

ကျက်သရေ နှင့် ကြက်သရေ

၁။ ကွန်မင့်တခု = သိရ်ကျက်သရေ
သိရ်
သိရ်ကြက်သရေ။
ဂုဏ်သိရ်။
သိန် 
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)
ကျက်သရေ။ အသရေ။
သိန်ဆည် = ကျက်သရေ မညှိုးစေရန် သိန်းချုပ်သည်။
သိဟ်
မြန်မာ တဆယ့်နှစ်လတို့တွင် ပဉ္စမလ။ ဝါခေါင်လနှင့် တိုက်ဆိုင်သောရာသီ။ သိဟ်ရာသီ။
သိသ် (ပါဠိ) = ညှဉ်းဆဲခြင်း။ ကြွင်းကျန်ခြင်း။
၂။ ဆရာ ကျက်သရေ နဲ့ ကြက်သရေ ဘယ်ဟာအမှန်ပါလဲ ဆရာ ကျနော်သိလာတာ ကျက်သရေမင်္ဂလာ လို့ သိခဲ့ရလို့ပါ
၃။ ကြက်သရေလော။ ကျက်သရေလော ဆရာ။
၄။ မင်္ဂလာပါဆရာ ကျက်သရေ မင်္ဂလာ နဲ့ ကြက်သရေမင်္ဂလာ ပြဿာဒ် နဲ့ ပြာဿာဒ် ဘယ်ဟာကမှန်လဲသိချင်ပါတယ်။ ကျောင်းစာအုပ်တွေထဲမှာတောင် စာတပုဒ်ထဲမှာ နှစ်မျိုးဖြစ်နေတာတွေ့ရလို့ပါရှင့်။ ကျေးဇူးပြု၍ဖြေပေးစေချင်ပါတယ်ရှင့်။
ဝေါဟာရလီနတ္ထဒီပနီ = ကျက်သရေ 
မြန်မာအဘိဓာန် စာမျက်နှာ ၂၅
ကျက်သရေ - အသရေနှင့်အတူတူ။ (မွန်၊ ကျောက် + သ၊ ဂြီ)
မြန်မာစာလုံးပေါင်း အဘိဓါန်ချုပ် ခေါ် မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်။ စာမျက်နှာ ၂၈
ကျက်သရေ - (မွန်) ကျက်သရေမှာ ရှေးပညာရှိတို့ရေးထားခဲ့သည့် ကျောက်စာများမှာ အပင့်သာရှိသည်။ သက္ကရာဇ် ၁ဝ၉ဝ ကျော်၊ ကန်တော်မင်းကျောင်း မေတ္တာစာအဖြေမှာ ကြက်သရေခေါ်သည်ကား။ ကြက်၌တည်သော သရေဆိုလိုသည်ဟုရေးထားသည်ကို အဟုတ်အမှန်ထင်၍ ကြက်သရေကို ရရစ်နှင့်ရေးမှတ်ကြသတည်း။ ကြက်ဟူ၍ခေါ်ဝေါ်ခြင်းအကြောင်း (ဝေါဟာရလိနတ္တဒီပနီကျမ်း)
ကဝိဓဇသတ်ပုံကျမ်း၊ စာမျက်နှာ ၃၆
ကြက်သရေ
ရှေးကျောက်စာတွင် ကျက်သရေဟုရှိ၍ နောက်လူများ အဟုတ်ထင်မှတ်ပြီးလျှင် ရေးနေကြကြောင်း ဝေါဟာရလိနတ္ထ ဆရာဆို၏။ ၎င်းဆရာသည် ယပင်းကျက်ကိုမသုံးမူ၍ ကျမ်းဦးပဏာမ၌ မြတ်သောအစိုးရခြင်း၊ ဘုန်းကြက်သရေနှင့် ပြည့်စုံတော်မူသောဟု ရရစ်ကြက်ကိုပင် သုံးထားတော်မူ၏။ သက္ကရာဇ် ၈ဝဝ ကျော်လောက်မှစ၍ ပညာရှိ အဆက်ဆက်တို့သည် သဒ္ဓါဟူက မကင်းရ၊ ပဝတ္တနိမိတ်နှင့်။ ဗျုပ္ပတ္တိမှာ အရရှာ၊ ကြိယာဖြစ်သင့်ဟူသော နိယံနှင့်အညီ၊ ရရစ်ကြက်ကိုသာ အသုံးပြုတော်မူသည်ကိုတွေ့ရ၏။ ထိုသို့ဗြဟ္မာမင်း၏မျက်စိကဲ့သို့ မြင်တော်မူကြကုန်သော ရှေးပညာရှိတို့သည် ကျောက်စာအရေးအသားကို မမြင်ကြမည်မဟုတ်၊ မြင်တော်မူကြမည် အမှန်ပင်တည်း။ ကျွန်ုပ်တို့ကဲ့သို့ ဖြုတ်မျက်စိဖြင့်ကြည့်၍ အဆိုပါပုဂ္ဂိုလ်တို့၏ ရေးထုံးရေးနည်းကို ဖျက်ပြင်ရန်မဝံ့ပါကြောင်း။
ပါဠိ-မြန်မာအဘိဓာန်မှာ
သိရီ = ဘုန်းကြက်သရေ၊ ကြက်သရေမင်္ဂလာ၊ တင့်တယ်ခြင်း လို့ပါတယ်။
ပြာဿာဒ်လို့ အရင်ကရေးတာရှိတယ်။ အခုလည်းရေးပါတယ်။
ကျွန်တော်တို့ ဆယ်တန်း မြန်မာစာကျောင်းသုံးစာအုပ်ထဲမှာ သိပ္ပံမောင်ဝရေးတဲ့ ရွာ့ကျက်သရေထဲက ဆရာစောကို သတိရတယ်။ ထိုကျောင်းသားကျောင်းသူကလေးများက တယောက်လျှင် တနှစ်အတွက် စပါးသုံးတင်းမျှသော အထောက်အပ့ံကိုသာခံယူကာ တည်ထောင်ထားသောကျောင်းဖြစ်လေသည်။
မောင့်ကြက်သရေခေါင်းပေါင်းလို့ရှိခဲ့တယ်။ မူကွဲလို့ ပြောရမဲ့စကားလုံးသာဖြစ်ပါတယ်။
ကြက်သရေ (ကန်တော်မင်းကျောင်း မေတ္တာစာအဖြေ)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

နိုင်ငံတော်သီချင်း

နိုင်ငံတော်သီချင်းကို တင်ထားတာ တွေ့တယ်။ မူရင်းသီချင်း မဟုတ်ပါ။ သတ်ပုံရော စာသားပါ မှားအောင်ပြင်ထားတာဖြစ်နေတယ်။ အမှန်ကိုသိသူ အတော်ကို ရှားသွားပြီ။နိုင်ငံတော်သီချင်း  တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်း သိမ်း စို့လေ။ (ကမ္ဘာမကျေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ) ၂ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။ ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်နက်မြေ။ တို့ ပြည် တို့ မြေ - အကျိုးကို  ညီညာစွာ တို့ တတွေ ထမ်းဆောင်ပါစို့ လေ  တို့ တာဝန်ပေ  အဖိုးတန် မြေ။ မှတ်ချက် - ပြည်ကို ပြေဟု ဖတ်ပါ။ တို့ ကို ဒို့ ဟာ ဖတ်ပါ။ နိုင်ငံတော်သီချင်း မူရင်း ဖြစ်ပါတယ်။ အခုတော့ ဗမာပြည် မရှိတော့ပါ။ တို့တတွေလည်း မရှိတော့ပါ။ သတ်ပုံမှန်တွေကို ဖျက်လိုက်ပြီ။ စစ်အစိုးရ ဒုတိယမျိုးဆက်မှာ ဗမာ နဲ့ မြန်မာ ဝေါဟာရကို အငြင်းပွားလာကြတယ်။ စစ်ထောက်လှမ်းရေးက စတာ။ ကနေ့အသုံး ဂျင်း (ချင်း) ဖြစ်တယ်။ တိုင်းရင်းသားအမျိုးမျိုးကလည်း ဗမာဆိုတာ တကောင်းကစခဲ့တဲ့ ပုဂံ (ပျူ) လူမျိုးနဲ့သာဆိုင်တယ်၊ မြန်မာကသာ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ