ကျွန်တော်တို့ ၄-၅ တန်းလောက်တုန်းက တရုပ်လို့ ရေးတယ်။
ငရုပ်
ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပ-သတ်ရေး။ (လယ်တီဆရာတော်ဘုရားကြီး)
စစ်အာဏာသိမ်းတဲ့နောက်မှာ
တရုတ်တဲ့။
အခုတော့
ချိုင်းနား၊ ချိုင်းနီးစ် မဟုတ်တာကိုပါ တစ်ရုပ်တဲ့။
မြန်မာစာကတော့ သတ်နည်းတွေ စုံတယ်။ ရုပ်သေးရုပ်ပါဘဲ။
တရုတ် - တရုပ်
ဤတရုတ်အမည် ဝေါဟာရ၌ ပ သတ်
တ သတ် နှစ်မျိုးပင် ရှေးလင်္ကာကြီးများ၌
စပ်ဆိုရိုး ထုံးယှိသည်။
ပဲခူးမိဖုရား ဧချင်း၊ ဥပရာဇာ သခင်ကြီးဧချင်း၊ ယိုးဒယားမိဖုရားဧချင်း
များနှင့် နဝဒေးဆို သင်းတွဲပြည်တွင်းချီ
စွယ်တော်တိုင်ရတု၌ ပ သတ်နှင့် စပ်ဆိုကြသည်။
သခင်ထွေးဧချင်းနှင့် နဝဒေးဆို တရုပ်ပြည်တွင်းချီ စွယ်တော်တိုင်ရတု၌
တ သတ်နှင့်စပ်ဆိုကြသည်။ ဤသို့ အထွေထွေစပ်ဆိုလျက် ရှိကြသည့်အပြင်
ဝဏ္ဏဗောဓနသတ်အင်းနှင့်ဂဇဗလသတ်ညွှန်း၊ တွင်းသင်းသတ်ညွှန်းသစ်၊ ကဝိလက္ခဏာသတ်ပုံများ၌မူ အရေးအစပ်များရာသို့ လိုက်၍ ပ သတ်သာ အသင့်ဟု ဆုံးဖြတ်ကြသည်။
ငါတို့အလိုအားဖြင့်ကား
တာရတာမှ၊ ပျက်လာထ၊ မှတ်ကြဝေါဟာ
တရုတ်မှာ။
ပ သတ်ရေးကြ၊ ထောက်မရ၊ ထောက်ရမှန်စွာ၊ တ သတ်ပါ။
တရုတ်တရက်၊ တာတာစွက်၊ တချက် တာရတာ။
ယင်းစတုက္က၊ ဝေါဟာရ၊ တူကြသည်သာ၊ အဓိပ်ပါ။
တာရတာမှ တရုတ်ဖြစ်လာသောကြောင့် တ သတ်သာ အသင့်ဟူလို။
တောင်ပေါက်ဆရာတော် ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်း မွန်ဂိုတို့ကို တာရ်တာ Tartar လို့လည့်းခေါ်ကြသည်ကို သတိပြုပါ။ (Aung Kyaw Oo)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment