မောင်ရေခဲကဗျာကို မောင်ဖြူး ခေါ် ဒေါက်တာမောင်ဖြူး ရေးပါတယ်။
ဘယ်သွားနေလဲမောင်ရေခဲ
ချိုဝေလွင် (ရေး-စန္ဒရားလှထွတ်) https://www.youtube.com/watch?v=1eXqcGH8W4Q
ကန်တော်တပတ်
ခရီးထပ်တဲ့ မောင်ရေခဲ -
ကန်တော်တပတ် ခရီးတထပ်တဲ့ မောင်ရေခဲ
ဘယ်သွားနေလဲ
မောင်ရေခဲ
ကန်တော်ကြီးကို
ကားနဲ့ဆို
ဘာသွားလုပ်လဲ
မောင်ရေခဲ
လေညှင်းခံဘို့
ဆိုပါစို့
ဘာမြင်ခဲ့လဲ
မောင်ရခဲ
အများသူငါ
စုံလို့ဗျာ
ဘာမြင်သေးလဲ
မောင်ရေခဲ
အပျိုအအို
မြင်သဗျို
ဘာလုပ်သေးလဲ
မောင်ရေခဲ
ကန်တော်တပတ်
ခရီးထပ်
ဘယ်သွားသေးလဲ
မောင်ရေခဲ
ညစျေးတန်းကို
သွားသေးဆို
ဘာစားခဲ့လဲ
မောင်ရေခဲ
ခေါက်ဆွဲဆန်ပြုတ်
ကြက်သားသုပ်
ဘယ်ချိန်ပြန်လဲ
မောင်ရေခဲ
ညဉ့်နက်သန်ကောင်
မနေပေါင်။
ပုံနှိပ်တာတွေရော
ကူးတင်တာတွေမှာပါ အမှားတွေပါနေတယ်။ မလုပ်သင့်ပါ။ ကန်တော်တပတ်ကို သတ်ပုံမှန်အောင်
မရေးတတ်ကြတဲ့ခေတ် ရောက်နေပြီ။
ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂၀၁၉


Comments
Post a Comment