ကောင်းမြတ်သော စိတ်ဓါတ်နဲ့ မေတ္တာပွားဝေ
အနန္တသတ္တဝါ ဝေနေယျာတွေ
ကိုယ်ရော စိတ်ပါ
အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းချမ်းသာစေ
အရပ်ရှစ်မျက်နှာ မင်္ဂလာမျက်မှောက်
အမြဲရောက်ပါစေ
ချမ်းမြေ့ ချမ်းမြေ့ပါစေ
ချမ်းမြေ့ ချမ်းမြေ့ပါစေ
ဖေဖေလည်း ချမ်းမြေ့ပါစေ
မေမေလည်း ချမ်းမြေ့ပါစေ
သားသမီးလည်း ချမ်းမြေ့ပါစေ
ဘဝထိုထိုအတွင်းမှာ
ငိုချင်းရှည်များ ကင်းဝေးကာလေ
ရနံ့သင်းသော ပန်းလည်းလန်းပါစေ
ရနံ့မွှေးသော ပန်းလည်းလန်းပါစေ
အနီးအဝေး အနိမ့်အမြင့်
ဆင်တိုင်း တင့်တယ်စေ
စမ်းသီတာ ရေနှယ်အေးစေ
စမ်းသီတာ ရေနှယ်အေးစေ
မေတ္တာတေးနဲ့ အသံလေးတော့
ပြုလိုက်ချင်ပေ
မေတ္တာတေးနဲ့ အသံလေးတော့
ပြုလိုက်ချင်ပေ
ချမ်းမြေ့ ချမ်းမြေ့ပါစေ
ချမ်းမြေ့ ချမ်းမြေ့ပါစေ
ဖေဖေလည်း ချမ်းမြေ့ပါစေ
မေမေလည်း ချမ်းမြေ့ပါစေ
သားသမီးလည်း ချမ်းမြေ့ပါစေ
မေတ္တာနေခြည်အောက်မှာ သောကနှင်းတို့
ပျောက်ကွယ်နိုင်စေ
မိသားစု ချစ်ခြင်းမေတ္တာလက်များ
မြဲခိုင်ပါစေ
မကွဲ မကွာ အမြဲသာ တွဲကာ
ကမာ္ဘတည်သရွေ့သာလေ
ချမ်းမြေ့ ချမ်းမြေ့ပါစေ
ချမ်းမြေ့ ချမ်းမြေ့ပါစေ
ဖေဖေလည်း ချမ်းမြေ့ပါစေ
မေမေလည်း ချမ်းမြေ့ပါစေ
သားသမီးလည်း ချမ်းမြေ့ပါစေ
အားလုံးပဲ ချမ်းမြေ့ပါစေ
အားလုံးပဲ ချမ်းမြေ့ပါစေ
ချမ်းမြေ့ပါစေ စိုးစန္ဒာထွန်း https://www.youtube.com/watch?v=sBwg0JQV3dc
လင့်ပါ သီချင်းနောက်ခံစာသားက ငိုချင်းရှည်များကို ငိုချင်းရှင်များလို့ မှားရေးထားတယ်။ (တစ်)ရွေ့ရွေ့ လည်း မှားနေတယ်။
သီချင်းစာသားတွေ မှန်တာ ရှားတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment