Skip to main content

ပဝါ နဲ့ ပုဝါ မူကွဲသတ်ပုံတွေ ဖြစ်ပါတယ်


- ပဝါ လို့ရေးမှအမှန်လို့ဖတ်ရဖူးပါတယ်ရှင့် အမှားပါရင်ခွင့်လွှတ်ပါ

- လက်ကိုင်ပဝါ၊ လက်ကိုင်ပုဝါ၊ ဘယ်စာလုံးအမှန်လဲရှင့်ဆရာ။

- ဆရာ ကျမတို့ငယ်ငယ်ကစာမှာ ပုဝါ၊ သံပုရာသီး စသည်ဖြင့် သင်ခဲ့ရပါတယ်။ ယခုခေတ်ကလေးတွေ သင်ရတာကျတော့ ပဝါ၊ သံပရာသီးတဲ့ ဘယ်ဟာအမှန်လဲပြောပြပေးပါရှင်။

သံပရာလို့ရေးပါတယ်။ ပဝါ နဲ့ ပုဝါ မူကွဲသတ်ပုံတွေ ဖြစ်ပါတယ်။

ပဝါ

ပဝါတံဘက် = (မွန်) = တဟမက်

မျက်နှာသုတ်ပဝါ

စုံပဝါ ဘယ်ညာချ၊ မှုန်နံ့သာခြယ်ကာသ 

အရင်ထုတ်သတ်ပုံစာအုပ်တအုပ်မှာ ပုဝါလို့လည်းရေးပါတယ်။ အခုခေတ်သတ်ပုံစာအုပ်မှာလည်း ပဝါလို့သာ ရေးပါတယ်။

ပကတိ

ပကာပျဉ်

ပခြုပ်

ပခုံးထမ်း

ပစိပစပ်

ပစောက်အက္ခရာ

ပဆစ်ပစ်

ပဆုပ်ပနီကောင်

ပဉှာ(မိလိန္ဒ...)

ပညတ်အမည်

ပညာသည်

ပညောင်ပင်

ပဋိဃာတ်

ပဋိစ္စသမုပ္ပာဒ်တရား

ပဋိညာဉ်

ပဋိပက္ခ

ပဋိပတ်

ပဋိဘာန်ဉာဏ်

ပဋိသန္ဓာရစကား

ပဏာမ(...ညီလာခံ)

ပတတ်ရပ်

ပတောက်ပရစ်ပြော

ပတဲကောပင်

ပထမ

ပထွေး

ပဒိုင်းခတ္တာပင်

ပဒုမ္မာကြာ

ပဓာန(အရင်းခံ)

ပနံစား

ပနံရ

ပနံသင့်

ပမာဏ(အတိုင်းအတာ)

ပမာပမည်း

ပမာမခန့်

ပမုန်းပင်

ပယင်း

ပယတ်(ဌာန်၊ ကရိုဏ်း၊ ...)

ပယောဂ

ပရံပရ

ပရဆေး

ပရန္နဝါပင်

ပရမတ်တရား

ပရမာဏုမြူ

ပရမ်းတီးတာပြော

ပရမ်းပတာ

ပရဝဏ်(ပရိဝုဏ်)

ပရိကံ

ပရိက္ခရာ

ပရိတ်ချည်

ပရိတ်မွှန်း

ပရိနိဗ္ဗာန်

ပရိယတ်

ပရိယာယ်ဝေဝုစ်

ပရိယေသန

ပရိဝုဏ်(ပရဝဏ်)

ပရိသတ်

ပရုတ်ပင်

ပရောပရည်ပြု

ပလက်တီနမ်

ပလတ်စတ

ပလတ်စတာ

ပလပ်

ပလွေ

ပလိတ်ပြား

ပလိပ်ရောဂါ

ပလိမ်းပကျံ

ပလီစိချောက်ချက်

ပလုံး(တောင်း)

ပလုတ်ကျင်း

ပလုတ်တုတ်

ပလုတ်ပလောင်းစား

ပလုပ်(ဖာ)

ပလူပျံ

ပလေကတ်လုံချည်

ပဝတ္တိအရပ်

ပဝါ

ပဝါရဏာပွဲ

ပဝေဏီ(ထုံးတမ်းစဉ်လာ)

ပဝေသဏီ(ရှေး...)

ပသျှူးချုပ်

ပသိ

ပသိရောင်နာ

ပဟိုရ်စည်

ပဟေဠိ

ပအုံးပင်

ပအုံးရည်

ပု

ပုခက်

ပုဂံခေတ်

ပုစဉ်းကောင်

ပုစဉ်းထိုးငှက်

ပုစဉ်းရင်ကွဲ

ပုစွန် (ကဝိဓဇသတ်ပုံကျမ်း)

ပုစွန် (မြန်မာစာအဖွဲ့ မြန်မာအဘိဓာန်)

ပုစွန် (ဦးသာမြတ်သတ်ပုံကျမ်း)

ပုစွန်ကယ်မြှုံး

ပုစွန်ကျော့

ပုစွန်ချဉ်

ပုစွန်ခြေကြွေပင်

ပုစွန်ခြောက်

ပုစွန်ခွံ

ပုစွန်စာပင်

ပုစွန်ဆိတ်

ပုစွန်တာရာ

ပုစွန်တုပ်

ပုစွန်လုံး

ပုဇွန် (ဂုဏ်ထူးဦးသိန်းနိုင်) 

ဗုဇွန်တုပ် (ကဝိလက္ခဏ သတ်ညွှန်း)

ပုစုခရု

ပုဆစ်တုပ်

ပုဆိန်

ပုဆိုး

ပုဆိုးကြမ်း(အမဲဝမ်းတွင်းသား)

ပုဆိုးဆီး

ပုဆိုးတန်းတင်

ပုတတ်(ဖွတ်၊ ...)

ပုတတ်စာပင်

ပုတီး

ပုတီးစိပ်

ပုထိုး

ပုထုဇဉ်

ပုပျပ်ပျပ်

ပုရစ်ကောင်

ပုရစ်ဖူး

ပုရပိုက်

ပုရွက်ကြောင်း

ပုရွက်ဆိတ်

ပုရွက်ပျံ

ပုရောဟိတ်

ပုလင်း

ပုလဲကုံး

ပုသိမ်ထီး

ပုအိုင့်အိုင့်

မှုန်နံသာခြယ်ကာသပါလို့ (တွံတေးသိန်းတန်) ရေး စန္ဒယားလှထွတ် https://www.youtube.com/watch?v=UVPMg-k1olg

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ