၂၀၂၆ ခုနှစ် ဇန်နဝါရီလဟာ မြန်မာပြက္ခဒိန်မှာ ၁၃၈၇ ခုနှစ် ပြာသိုလဆန်း ၁၄ ရက်ကနေ တပို့တွဲလဆန်း ၁၄ ရက်နေ့အထိဖြစ်တယ်။
ပ္လသိုဝ် (ပြာသို)သည် မြန်မာပြက္ခဒိန်၏ ဒသမမြောက်လ ဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလအတွင်း ကျရောက်သည်။ ပြာသိုလတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ 'ပ္လ' ကို 'ပျ' ဟုရေးသားကာ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်သည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ရနံ့ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်သည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။
ဇန္နဝါရီစာလုံးက လက်တင် Jānuārius ကနေလာတယ်။ နှစ်တနှစ်ရဲ့ တံခါးလို့ခေါ်တယ်။ ပြင်သစ်လို Janvier ဖြစ်တယ်။ ဆက်ဆွန်လို Wulf-monath ဝံပုလွေလ ဖြစ်တယ်။ ရှေးခေတ်ရောမအယူအဆအရ Janus ကနေ စတင်ခဲ့တယ်။ အစပျိုးခြင်း၊ ပြောင်လဲခြင်းနတ်မင်းကြီးလို့ အဓိပ္ပါယ်ရတယ်။
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းခင်က ဇန္နဝါရီလ (၁) နေ့ကို တောင်သူလယ်သမားနေု့သတ်မှတ်ခဲ့ပါတယ်။ ၁၉၆၃ မတ်လ တောင်ငူမြို့နယ်၊ ခပေါင်းမှာကျင်းပတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကနေ စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ရက်ကို တောင်သူလယ်သမားနေ့လို့ ပြင်လိုက်ပါတယ်။
၁ ရက် = ဟေတီ လွတ်လပ်ရေးနေ့။
၂ ရက် = သိပ္ပံရုပ်ရှင်နေ့
၃ ရက် = ချောကလက်ချယ်ရီနေ့
၄ ရက် = မြန်မာနိုင်ငံလွတ်လပ်ရေးနေ့
၄ ရက် = စပါဂတီနေ့၊
၉ ရက် = လျှပ်စစ်ဓါတ်အားနေ့
၁ဝ ရက် = စွမ်းအင်ချွေတာရေးနေ့
၁၁ ရက် = နို့ (နွားနို့) နေ့
၁၂ ရက် = ဆေးဝါးပညာရှင်များနေ့၊ ကြက်သားဟင်းနေ့
၁၅ ရက် = ဦးထုပ်နေ့၊ စထောဘယ်ရီ အိုက်စ်ခရင်မ်နေ့
၁၆ ရက် = ဘာသာရေးလွတ်လပ်ခွင့်နေ့
၁၉ ရက် = ပျောင်းဖူးပေါက်ပေါက်နေ့
၂၄ ရက် = မြေပဲထောပတ်နေ့
၂၅ ရက် = အိုင်းရစ်ကော်ဖီနေ့
၂၆ ရက် = ဇနီး-ခင်ပွန်းနေ့
၂၇ ရက် = ချောကလက်ကိတ်မုန့်နေ့
၂၆ ရက် = အိန္ဒိယ Republic Day ရီပတ်ဘလစ်နေ့
၂၆ ရက် = Australia Day သြစတေးလျနေ့
၃ဝ ရက် = အိန္ဒိယ သီးစ်ဂျန္နဝါရီ (ဂန္ဒီကွယ်လွန်တဲ့) နေ့
တတိယတနင်္လနေ့ (၁၉-၁-၂ဝ၁၄) = မာတင်လူသာကင် ဂျူနီယာနေ့
ကျန်းမာရေးအသိပညာပေးများ
- သားအိမ်ဝ (ခေါင်း) ရောဂါ အသိပညာပေးလ
- မွေးရာပါချို့ယွင်းချက် အသိပညာပေးလ
- မျက်စိရေတိမ် အသိပညာပေးလ
- လည်ပင်းကြီး အသိပညာပေးလ
- ဆောင်းရာသီ အားကစားလ
- ဖေါလစ်အက်စစ် (ဒုတိယပါတ်) အသိပညာပေး
- ကိုယ်အလေးချိန် အသိပညာပေးလ၊
- ကျွန်စနစ်နှင့် လူကုန်ကူးမှု အသိပညာပေးလ၊
- နောက်ပြောင်ခြင်း အသိပညာပေးလ၊
ဇန္နဝါရီသင်္ကေတများ
• ဇန္နဝါရီအဖိုးတန်ကျောက် = Garnet stone ဂါးမက်ကျောက်၊
• ဇန္နဝါရီပန်း (နိုင်ငံတကာ) = Dianthus caryophyllus အနီရောင်ပန်းနှင့် Galanthus နှင်းပန်း
• ဇန္နဝါရီပန်း (မြန်မာနိုင်ငံ) = နတ်တော်လ = Kaempferia ဂမုန်းပန်း၊ Bulbophyllum auricomum သဇင်ပန်း၊ ပြာသိုလ = Clematis smilacifolia ခွာညိုပန်း၊
• ဆယ်နှစ်ရာသီခွင် = Capricorn (မကာရရာသီ = ဒီဇင်ဘာ ၂၂ မှ ဇန္နဝါရီ ၁၉ အတွင်း) နှင့် Aquarius (ကုံရာသီ = ဇန္နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်း)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment