တေးဆို တွံတေးသိန်းတန်
ဂိုဏ်အသိုင်းရံသော မိန်းကလေးနဲ့ဆုံစည်းရာမှ မေတ္တာဇာတ်လမ်း
စိတ်ကူးယဉ်တည်ဆောက်မိတဲ့ အိပ်မက်ဘုံလှလှလေး
လေမလာမိုးမသက် ပျက်စီးခဲ့တဲ့ အကြောင်းရင်းကိုရှာမယ်
မချစ်တတ်ချစ်တတ်နဲ့ကွယ်
အချစ်ငတ်ခဲ့လို့ရင်ထဲ မချိဖွယ်
မေတ္တာပေးတဲ့သူက ပေးပေမယ့်လည်းကွယ်
ယူတဲ့သူမယူတတ်လေတော့
ဘာနဲ့တူသလဲဆိုရင်ကွယ် မောင်ပြောပြမယ်နော်
မိုးဘယ်လိုရွာချပေမယ့်
တောင်ကုန်းထက်မှာရေမတင်သလိုပဲကွယ်
မောင့်မေတ္တာက တောင်ကုန်းထက်မှာ
ရွေးပြီးရွာတဲ့မိုလိုအချစ်ရယ်
အကြင်နာမင်းအပေါ်ပိုတယ်
ပပယမင်းလိုလှစေကြောင်းနဲ့
ပိတောက်နှစ်ကိုပုံထုသွန်းပေမယ့်
ယမင်းပုံအသွင်ပျက်ကာ ထက်အစွယ်မာန်ဟုန်ကြူး
ဘီလူးဖြစ်ရတဲ့ဒီအရုပ်ရယ်ကြောင့်
လက်ရာမမြောက်သူအဖြစ်နှယ်ကြုံတယ်
မောင် မှားသွားပြီးထင်ပါတယ်
ချစ်ရသည်တခဏပေမို့
ရင်မောခဲ့ရအနန္တအသင်္ချေကွယ်
မိန်းကလေးတယောက် သိအောင်ကြေညာမယ်
ချစ်ရတရက်လွမ်းရက်တရာပါကွယ်
ဪ ချစ်ရတရက်လွမ်းရက်တရာပါကွယ်
မောင့်မေတ္တာက တောင်ကုန်းထက်မှာ
ရွေးပြီးရွာတဲ့မိုလိုအချစ်ရယ်
အကြင်နာမင်းအပေါ်ပိုတယ်
ပပယမင်းလိုလှစေကြောင်းနဲ့
ပိတောက်နှစ်ကိုပုံထုသွန်းပေမယ့်
ယမင်းပုံအသွင်ပျက်ကာ ထက်အစွယ်မာန်ဟုန်ကြူး
ဘီလူးဖြစ်ရတဲ့ဒီအရုပ်ရယ်ကြောင့်
လက်ရာမမြောက်သူအဖြစ်နှယ်ကြုံတယ်
မောင် မှားသွားပြီးထင်ပါတယ်
ချစ်ရသည်တခဏပေမို့
ရင်မောခဲ့ရအနန္တအသင်္ချေကွယ်
မိန်းကလေးတယောက်သိအောင် ကြေညာမယ်
ချစ်ရတရက်လွမ်းရက်တရာပါကွယ်
ဪ ချစ်ရတရက်လွမ်းရက်တရာပါကွယ်
ကိုယ့်တသက်လွမ်းမကုန်စရာမို့
မြို့တော်ပျက်ခန်းကြုံလာတယ်
ဒီဇာတ်မဟာကန့်လန့်ကာဖွင့်ရင်
စန္ဒသုန္ဒြီမြို့တော်ဆီသို့
အချစ်ရေရည်မျှော်မှန်းဆင့်
လွမ်းဆင့်ဆင့်ကြုံစရာပါကွယ်
ရွှေမင်းသမီးနဲ့ဥယျာဉ်မှူး
အချစ်ရည်လူးတဲ့မြကန်သာဦးဝယ်
မေတ္တာဒီသတင်း လေညင်းသယ်ဆောင်ခက်ရှာပြီတကယ်
မျိုးမတူဇာတ်ခြား
ဥယျာဉ်မှူးငမိုက်သားကိုမှ
မေတ္တာထားရော့သလားကွယ်
ဘုရင်ကြီးအမိန့်တော်ရှိတယ်
ရှုမငြီးတဲ့ သူ့သမီးတော်နဲ့ဥယျာဉ်မှူးကို
တချက်လွှတ်အမိန့်တော်သတ်စေ
အာဏာပါးကွက်သားတွေက
ဘာဆုကိုတောင်းချင်သလဲတဲ့
(အဲ့ဒီလိုမေးကြတဲ့အခါ ချစ်သူနှစ်ဦးဟာ တယောက်မျက်နှာတယောက်ကြည့်ပြီး သူတို့ရဲ့နှလုံးသွေးဟာ စန္ဒသုန္ဒြီမြို့တော်ကြီးကိုဖုံးလွှမ်းစေတော့ တိမ်တိုက်တွေရွေ့လျားပြီး မိုးသားအဖြစ်နဲ့မိုးရွာလာစေဦးတော့ နှလုံးသွေးကသစ္စာနဲ့ မေတ္တာစစ်တို့ကိုအခြေတည်လာခဲ့တာမို့ မြို့တော်ပျက်ထိအောင် ဖြစ်နိုင်ပါတယ်လို့ သစ္စာကို တိုင်တည် အခြေထားကြတယ်လေ)
တယောက်ကိုတယောက်ကြည့်ကာ
တောတောင်ရေမြေအဆုံးနဲ့
စန္ဒသုန္ဒြီမြို့တော်တခုလုံး
နှလုံးသွေးဖုံးလွှမ်းပါစေတကယ်
ကောင်းကင်ဝဠာဗွေ တိမ်ဖြူရွေ့လျားပြန်တော့
မိုးအဖြစ်နဲ့ရွာသွန်းချိန်ကြုံတယ်
ရွှေမင်းသမီးနဲ့ ဥယျာဉ်မှူးနှလုံးသားဆီမှ
စီးဆင်းလာသောသစ္စာသွေး
မိုးရေကျပေါင်းဆုံကာတသွယ်
စန္ဒသုန္ဒြီ လှပတဲ့မြို့တော်ဆီသို့
ဖြောင့်တန်းညီညာစီးဆင်းရစ်သွယ်
သည်အချိန်မှစကာ
တစစနဲ့မြို့ပျက်ခန်းကြုံတယ်
မောင့်အဖြစ်လည်းဥယျာဉ်မှူးလို
ချစ်ရသည်တခဏပေမို့ ရင်မောခဲ့ရအနန္တပါကွယ်
မိန်းကလေးတယောက်သိအောင် ကြေညာမယ်
ချစ်ရတရက်လွမ်းရက်တရာပါကွယ်
ဪ ချစ်ရတရက်လွမ်းရက်တရာပါကွယ်။ ။
https://www.youtube.com/watch?v=kpIWikdPbw8
တဝမ်းပူ ၃၁ လုံးကို အမှန်အတိုင်းရေးတဲ့ သီချင်းစာသား မတွေ့ပါ။
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment