Skip to main content

မဲ့ မယ့် ဒါပေမဲ့ သို့ပေမဲ့ မဲ့ မည့် မြည့် မယ်


ဒါပေမဲ

ဖြည့်စွက်ပြီး ထပ်မံတင်ပြပါတယ်။

၁။ ဆရာ မင်္ဂလာပါရှင့် ဒါပေမယ့် နဲ့ ဒါပေမဲ့ ဘယ်ဟာက သတ်ပုံအမှန်လဲရှင့်

၂။ ဒါပေမဲ့ နဲ့ ဒါပေမယ့်ရဲ့ အသုံးအမှန်လေးကို ပြောပြပေးလို့ ရမလားဆရာ နောက်ပြီး လိုအပ်မဲ့ ကစားမဲ့ ဖော်ပြမဲ့ (ဒါမှမဟုတ်) လိုအပ်မယ့် ကစားမယ့် ဖော်ပြမယ့်လားခင်ဗျာ

၃။ ဒါပေမယ့်လား ဒါပေမဲ့လားဆရာရှင့်

၄။ ကျေးဇူးတင်ပါတယ်ဆရာ။ မဲ့ နှင့် မယ့် ကွဲပြားပုံကိုရှင်းပြပေးပါဦးဆရာ။

၅။ မင်္ဂလာပါဆရာ ဒါပေမဲ့ နဲ့ ဒါပေမယ့် ဘယ်တခုအမှန်လဲသိပါရစေဗျ ဒါပေမယ့်အသုံးကိုရှာတာ မတွေ့ပါဘူးဗျ။ ဒါပေမဲ့ မယ့်နဲ့အသုံးများရှိနေခဲ့ရငအထောက်အထားလေးနဲ့ သိပါရစေဗျာ

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ထဲမှာ မပါတဲ့စာလုံးဖြစ်ပါတယ်။

ဒါပေမဲ့ (မြန်မာအဘိဓာန် ၁၉၉၁၊ စက်တင်ဘာလ) စာမျက်နှာ ၁၇၆။

ဝေါဟာရတ္ထပကာသနီ (၁၉၆၆)၊ စာမျက်နှာ ၄၂၁။

သားမဲ့၊ မြေးမဲ့ စသောဆိုမိန့်ခြင်းကာ မရှိ ဟူသောဝေါဟာရနှင့် မကွဲ။ ဥစာမဲ့၊ မျက်နှာမဲ့၊ သတင်းမဲ့၊ သိလမဲ့ စသည်ဖြင့် အဆိုအမိန့်ထင်စွ။

ငိုမဲ့သည် ဟူသောအရာ၌လည်း ငိုသောအခါ မျက်နှာမို့သမ်းကွက်ကျားသည်ပင်၊ ယခင်အနက် ယူသင့်၏။ ငိုသောအခါ မျက်နှာခံတွင်း တိမ်းရွဲ့ခြင်း ဖြစ်တတ်သည်ကို စွဲ၍ ငိုရွဲ့သည် ဆိုသင့်လျက် စကားရွေ့သည်လည်း ဆိုသင့်၏။

ထိုနှင့်လျော်စွာ ပလွေမဲ့၊ သစ်ဝါးမဲ့တို့ကို မဲ့သည်ဆိုမိန့်ရာ၌လည်း မျက်နှာညီစွာ ဖြတ်ရသည်ကို တိသည်၊ မျက်နှာဝမညီ တိမ်းရွဲ့စေလျက် တဖက်ကျ ချွန်ဖြတ်ရသည်ကို မဲ့သည် ဆိုသော အရာထင်၏။

- စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ)

- တမာရွက် နုချိန်မှာ ဇီး (ဆီး) ချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီး(ဆီး) သီး ချဉ်ကလေးက ဇီး(ဆီး) နံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ)

- သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)

- ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ မဲ့ က ပိုမှန်တယ်။ လက်လှမ်းမီသလောက် သတ်ပုံကျမ်းတွေထဲမှာ ဒါပေမဲ့ မပါ။ ဒါပေမယ့် မပါ။ ဒါပင်မဲ့ မပါ။ ရေးတာတွေတော့ ရှိတယ်။

မည်သို့ပင်ဆိုစေကာမူ

အဲလိုပြောပေမဲ့

စာထဲမှာပါပေမဲ့

မသန်ပေမဲ့ စွမ်းတယ်

ခွင့်မတောင်းပေမဲ့ရပါတယ် သီချင်း

ချစ်တယ်ဆိုပေမဲ့ သီချင်း

၇။ ဆရာ မဲနဲမယ့် တွေ့ရငပြပါဦး

၈။ ဆရာခင်ဗျာ မဲ့ နဲ့ မယ့် အသုံးပါခင်ဗျ။ ဆရာအချိန်ရရင် တင်ပေးပါလားခင်ဗျ။

၉။ ဆရာခင်ဗျား ဒါပေမယ့်လား၊ ဒါပေမဲ့လား မကွဲပြားလို့ပါ။

၁၀။ ဆရာ သို့ပေမယ့် သို့ပေမဲ့ သို့ပေမင့် ဘယ်ဟာက အမှန်လဲရှင့်။ တခြားစကားလုံးရှိပါသေးလားရှင့်။

မင့်ဆိုတာ စကားပြောသာသုံးတယ်။ မင့်ကိုလို့ ဆိုလိုတယ်။ သွားတော့မည့်လို့ အရင်ကမရေးခဲ့ပါ။

မည့် နဲ့ မယ့်ကို သတ်ပုံကျမ်း အဟောင်းတွေထဲမှာရော အသစ်ထဲမှာပမတွေ့ပါ။

အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ဒါပေမဲ့ရော ဒါပေမယ့်ပါ မပါ။ သို့သော်လည်းဒါဖြစ်သော်လည်းကို စကားအရသုံးတာ ဖြစ်ပါမယ်။

နောက်ထုတ်သတ်ပုံစာအုပ်မှာ မဲ့ = မရှိသောမည့်နှင့်အတူလိုဖေါ်ပြထားတယ်။ ဒါပေမဲ့ = သို့တစေသို့သော်လည်း အစား စကားပြောမှာသုံးတယ်လိုရေးထားပါတယ်။

မယလို့တော့ရှိတယ်။ မယ်ညိုငှက်၊ မယ်ဒလင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မယ်နုမယ်တော်၊ မယ်သီလရှင်၊ အမယ်မင်းအမယ်အိုအမယ်ကြီးမယ်မင်းမယ်ခွေလူမမယ်၊ ဆန်တလမယ်၊ မယ်နဲ့မောင်။ အမျိုးသမီးကို မယ်လို့သုံးတယ်။ မယ်ဗမာမယ်စကြာဝဠာမယ့်တကိုယ်စသဖြင့်။ မယ်၏ကို မယ့်လို့ရေးတယ်။

ရှားလော့ဟုမ်းနှင့် သိုက်ဆရာတယောက်၏အမှု (ရွှေဥဒေါင်း)

ဒီတောမောင်အောင်ဖြူက ကျွန်တောကရှက်တတ်တဲ့လူတယောက်ပါဆရာရယ်။ အခုလိုဆရာက ကျွန်တော့်ကို ချက်ခြင်းနှင်ထုတ်လိုက်ရင် ကျွန်တော်ဖြင့် ရှက်တာနဲသေရုံရှိပါတော့မယ် တဲ့။ ဒီတော့ ကျွန်တော့်သဘောနဲ့ ကျွန်တောထွက်သွားတယ်လိုထင်ရအောငတလတန်သညနှစ်လတန်သညနို့တစ်ပေးပြီးမထွက်ပါရစေဆရာရယ်တဲ့၊ ငိုမလိုမျက်နှာထားမျိုးနဲပြောတောကျုပ်နည်းနည်းသနားတာနဲကောင်းပြီ မင်းပြောတဲ့အတိုင်း တလ နှစ်လတောငါမထားနိုင်ဘူးတနင်္ဂနွေ တပတ်ဖြင့်ငါထားမယ်။ တနင်္ဂနွေ တပတစေ့စေ့ချင်း မင်းထွက်သွားလိုက်ပါလိုကျုပ်ကပြောတောအမျိုးမျိုး တောင်းပန်ပေမဲကျုပ်က လက်မခံတော့ သူလဲ ရေးနေတဲ့စက္ကူလေးကို ယူပြီး အပြင်ထွက်သွားတယ်။”

မဲ့ မည့် မြည့် မယ်

ပြောရမည့်စကား လုပ်ရမဲ့အလုပ် သွားရမယ့်ခရီး ဘယ်ဟာက အမှန်လဲဆရာ။ အခုပဲ ဆရာ့ပို့စ်ကို ဖတ်တယ် ‌နားမလည်သေးလို့ပါ။

မည့် = အနာဂတ်ကာလကို ညွှန်းသော နာမဝိသေသန စကားလုံး။ သံသရာရေး၊ လာမည့်ဘေးကို၊ မျှော်တွေးငံ့စား၊ အိုချစ်သားတို့။

မြည့် = အသွားအလွန်ထက်သည်။ ငါ့ဓားကတော့ မြည့်နေတာပဲဟေ့။ သွေး၊ ၁၆၇။ ၁၂၆။

အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ဒါပေမဲ့ရော ဒါပေမယ့်ပါ မပါ။ သို့သော်လည်း၊ ဒါဖြစ်သော်လည်းကို စကားအရသုံးတာ ဖြစ်ပါမယ်။

နောက်ထုတ်သတ်ပုံစာအုပ်မှာ မဲ့ = မရှိသော၊ မည့်နှင့်အတူလို့ ဖေါ်ပြထားတယ်။ ဒါပေမဲ့ = သို့တစေ၊ သို့သော်လည်းအစား စကားပြောမှာသုံးတယ်လို့ ရေးထားပါတယ်။

မယ် လို့တော့ရှိတယ်။ မယ်ညိုငှက်၊ မယ်ဒလင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မယ်နု၊ မယ်တော်၊ မယ်သီလရှင်၊ အမယ်မင်း၊ အမယ်အို၊ အမယ်ကြီး၊ မယ်မင်း၊ မယ်ခွေ၊ လူမမယ်၊ ဆန်တလမယ်၊ မယ်နဲ့မောင်။ အမျိုးသမီးကို မယ်လို့သုံးတယ်။ မယ်ဗမာ၊ မယ်စကြာဝဠာ၊ မယ့်တကိုယ်စသဖြင့်။ မယ်၏ကို မယ့်လို့ရေးတယ်။

မြည့်

မြည့်မြည့်ကျေသည

အသားကိုမြည့်နေအောင်ချက်သည

ဆွေးမည့်သည်

မိုးအေးအေးမှာ ဆွေးမြည့်မြည့်နဲ့

တမြည့်မြည့်ကျွမ်းတဲ့မီး မခံနိုင်ဘူး အချစ်ရေ

မဲ့

ငိုမဲ့မဲ့

မထီမဲ့မြင်

မျက်နှာမဲ့

မရှိမဲ့ရှိမဲ့

မိဘမဲ့

မဲ့ = မရှိ

မဲ့ခွက်ခွက

မဲ့ပြုံး

မဲ့ပဲ = ကာကွယ်သည်

မဲ့မဲ့ယွဲ့ယွဲ့ (မဲ့မဲ့ရွဲ့ရွဲ့)

ရှုံ့မဲ့မဲ့

သစ္စာမဲ့

အကြွင်းမဲ

အတူမဲ့ပြီး

အမှတ်တမဲ့

အမှတ်မဲ့

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)

မဲ့ = မရှိဖြစ်သော။ (မိဘမဲ့၊ အကြောင်းမဲ့၊ အခါမဲ့၊ အတုမဲ့ စသည်ဖြင့် နောက်ဆက်ပစ္စည်းအဖြစ်လည်း သုံးသည်။)

မဲ့ = ပါးစပ်ကို ရွံ့တွန့်သည်။ မကြည်သောစိတ်ကို မျက်နှာထားဖြင့် ဖော်ပြသည်။

မဲ့ခွက်ခွက် = ရွံ့တွန့်ချုင့်ဝှမ်းသည့် မျက်နှာပုံ။

မဲ့မဲ့ = အတန်ငယ် လျော့ပါးလျက်။ မပြည့်မဝအားဖြင့်။ မနက်ကို နို့ဆီဗူး သံခွက်နှင့် လေးလုံးမဲ့မဲချက်ရပါတယ်။

မဲ့ပြုံး = လှိုက်လှဲရွှင်ပြခြင်း မရှိပဲ၊ မနာလိုစိတ်၊ သို့မဟုတ် ကဲ့ရဲ့စိတ်ဖြင့် အပေါ်ယံ ပြုံးဟန်။

မဲ့ရွဲ့ = အလွန်မဲ့ဟန် ပြုသည်။

မှတ်ရန် - လှိုက်လှဲရွှင်ပြခြင်း မရှိပဲမှာ ဘဲ မဟုတ်ပါ။ နောက်ပေါက် မြန်မာစာဆရာတချို့က “မ နောက် ဘဲ လိုက်” လို့ သင်နေကြတာ မမှန်ပါ။ နို့ဆီဗူးမှာ ဘူး မဟုတ်ပါ။ နောက်ပေါက် မြန်မာစာဆရာတချို့က ကလေးဗူးမှုတ်တာကလွဲရင် ဘူးလို့ သင်နေကြတာ မမှန်ပါ။

ဒါ

ကာလီဒါသ

ဒါနပြုသည်

ဒါယကာ

ဒါယိကာမ

ဒါနောရက္ခိုသ်

ကျွန်တော်ကတော့ ဒါပေမဲ့နဲ့ သို့ပေမဲ့က ပိုသင့်မလား စဉ်းစားမိတယ်။

ငွေဇင်ယော်သို့”

(ရေး မြို့မငြိမ်း)

မြစ်ယံသဲနုကမ်းစ ချစ်သံတေးမြ ကြည်ကြည်

ငှက်ကလေးငွေဇင်ရော် ပြန်ကာမြူးရှာသည်

သူ့ကိုခေါ်ပါဘဲနဲ့ ခွန်းခြွေနှုတ်ဆက် ဖော်ရွေသည်

မောင်နဲ့တူမစုံ တကိုယ်ရေထဲတူညီ

စားအစာ တောင်းသလား သနားချစ်စရာ့ ဇင်ယော်ညီ

အကိုအလိုမပြေ့တဲ့တောင် မောင့်ဘို့ဖြေ့မည

ချစ်ဖေါ်နဲ့ပင် ကမ်းစပ်၌တူယှဉ်မည

မောင်မယ် မုံ့ကလေးဖဲ့ကာ ဖဲ့ကာ ကျွေးလိုက်ချင်သည

သို့ပေမဲ့ဝဲလက် ကိုယ့်ကိုကိုယ်ရည် ယာလက်ချစ်သူကိုယ်စားတည် ရည်ရွယ်ကျွေးလိုက်မည

စိတ်ရှိတိုင်းစားတော့ ခွင့်လွှတ်သာကြည

ကိုယ်စားပေါ့မောင့်သူနဲ့ပင် ဒီအချိန် ဝေးနေပြီ။ ။

ဆရာမြို့မငြိမ်းရဲ့ မူရင်း သီချင်းစာသားမှာ ငွေဇင်ယော်သို့ - ငွေစင်ယော်သို့ မဟုတ်ပါ။ တကိုယ်ရေထဲတူညီ - တကိုယ်ရေတည်းတူညီ မဟုတ်ပါ။ သူ့ကိုခေါ်ပါဘဲနဲ့ - သူ့ကိုခေါ်ပါပဲနဲ့ မဟုတ်ပါ။ အလိုမပြေ့ - အလိုမပြည့် မဟုတ်ပါ။ မောင်မယ် မုံ့ကလေးဖဲ့ကာ - မောင်မယ် မုန့်ကလေးဖဲ့ကာ မဟုတ်ပါ။ ထဲ၊ တည်း၊ ဘဲ၊ ပဲ၊ မုံ့၊ မုန့်။ ကိုယ်တိုင်ရေးတဲ့သီချင်းကို ကိုယ့်သဘောရေးနိုင်ပေမဲ့ မူရင်းသီချင်းစာကို ထင်သလို မပြင်သင့်ပါ။

ထူးခြားတာလည်း ရှိပြန်တယ်။ သီချင်း၊ ဝတ္ထုဇာတ်ဆောင်စကားပြော၊ စကားပြောသလို စာရေးနည်းတွေမှာ စံကိုက်သတ်ပုံနဲ့မညီဘဲ အသံအရ ရေးကြတယ်။

DrZaw Min

နာမ် -

မယ်ဗမာ မင်္ဂလာမောင်မယ

မောင်နဲ့မယ် သူယောင်မယ် နတ်မိမယ်

ရတနာနတ်မယ်

မောင်တရွာမယ်တမြို့

နာမဝိသေသန-

မယ့်တကိုယ် မယ့်မှာတမ်း

မယ့်ကြမ္မာ

အနာဂတ်အချိန်ပြကြိယာဝိသေသန သွားမည်လာမည် ကနေစကားပြော(ဇဂဗြော)ကျတော့ သွားမယ်လာမယ်၊ နာမဝိသေသန မည့်ကနေ လာမဲ့စနေနေ့။

သို့ပေမင့် သဟာပေမင့် ကနေ သို့ပေမဲ့ နို့ပေမဲ့ ဒါပေမဲ့ ဒါပသိ ဒါပေတဲ့ အမျိုးမျိုးပြောကြတာပါ။

နာမဝိသေသန -

နိုင်ငံမဲ့ စာရင်းမဲ့ ပြေစာမဲ့

အလုပ်လက်မဲ့ လိုင်စင်မဲ့

အခွန်မဲ့ ပိုင်ရှင်မဲ့

အမိုးအကာမဲ့

စည်းမဲ့ကမ်းမဲ့ရေးလာကြလို့ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ