အချစ်ရဲ့အဓိပ္ပါယ် ရှာဖွေ တွေးကြည့်ရာဝယ်
မောင့်အဖြေ ဘယ်လိုနေမယ်
မေ့စိတ်သဘော တင်ပြမယ်
မောင် နားလည်အောင်ကွယ်
သူငါသတ္တဝါ
အချစ်နဲ့ မကင်းပါတယ်
သစ္စာတူယှဥ်ကာရယ်ချစ်ကြရာဝယ်
ချစ်အဓိပ္ပါယ်သဘောတရားကိုကွယ်
ခွဲခွဲခြားခြား နားလည်နိုင်မှတကယ်
တဦးနှင့်တဦး အပြစ်မယူပဲ
ခွင့်လွှတ်ခြင်းများနဲ့ရယ်
ခိုင်မြဲ မယိုင်မလဲ ခိုင်မြဲလေမှ သစ္စာမပြယ်
ကြင်နာခြင်းတရားနဲ့ရယ် ချစ်ခြင်းမေတ္တာဖလှယ်
အချစ်ရယ် အမုန်းရယ်
အပြစ်ရဲ့အရှုံးဟာတကယ်
သံသရာဝယ် အပြန်တရာကျယ်
အို ဘယ်မဆုံးနိုင်ဘူးကွယ်
ချစ်ပြုံးတုံ့လှယ်သာယာရေးကိုတကယ်
စဥ်းစဥ်းစားစား အသိတရားနဲ့ရယ်
သတိထားကြဖွယ်
ယုံကြည်မြဲလေမှ ပျော်ရွှင်နိုင်မယ်
သည်လင်သည်မယား ချစ်ကြရာဝယ်
အစဥ်တွဲ နွှဲ မခွဲ ချင်တယ်
ချစ်လျှင်အကျိုးပါကွယ်
မုန်းပြန်တော့လည်း
အပြစ်လိုပဲ တဆင့်ပိုကဲ
သခင့်အလိုသဘောနဲ့
မတွေးယူလေနဲ့တကယ် ခါးတမာနှယ်
ဖေးကူနေမတဲ့ကွယ် ပျားသကာနှယ် စကားပမာရယ်
အချစ်စိတ်နဲ့ မိုက်မှားတတ်တဲ့
အပြစ်မျိုးကိုလည်းခွင့်လွှတ်စေချင်တယ်
သံသရာထဲ အချစ်မပြယ်နိုင်တယ်
ချစ်အဓိပ္ပါယ် သဘောတရားကိုလည်း နားရည်လည်
အချစ်ရယ် အမုန်းရယ်
အပြစ်ရဲ့အရှုံးဟာတကယ်
သံသရာဝယ် အပြန်တရာကျယ်
အို ဘယ်မဆုံးနိုင်ဘူးကွယ်
ချစ်ပြုံးတုံလှယ်သာယာရေးကိုတကယ်
စဥ်းစဥ်းစားစား အသိတရားနဲ့ရယ်
သတိထားကြဖွယ်
ယုံကြည်မြဲလေမှ ပျော်ရွှင်နိုင်မယ်
သည်လင်သည်မယား ချစ်ကြရာဝယ်
အစဥ်တွဲ နွှဲ မခွဲ ချင်တယ်
ချစ်လျှင်အကျိုးပါကွယ်
မုန်းပြန်တော့လည်း အပြစ်လိုပဲ တဆင့်ပိုကဲ
သခင့်အလိုသဘောနဲ့ မတွေးယူလေနဲ့တကယ် ခါးတမာနှယ်
ဖေးကူနေမတဲ့ကွယ် ပျားသကာနှယ် စကားပမာရယ်
အချစ်စိတ်နဲ့ မိုက်မှားတတ်တဲ့
အပြစ်မျိုးကိုလည်းခွင့်လွှတ်စေချင်တယ်
သံသရာထဲ အချစ်မပြယ်နိုင်တယ်
ချစ်အဓိပ္ပါယ် သဘောတရားကိုလည်း နားရည်လည်။ ။
ချစ်အဓိပ္ပါယ် တေးရေး - စန္ဒရားလှထွတ် တေးဆို - လှမြင့်ဝင်း https://www.facebook.com/watch?v=1128160051218987
ဒေါက်တာတင့်ဆွေ

Comments
Post a Comment