(စ) ဆယ်တန်းမှာ ဂုဏ်ထူးတွေ တသီကြီးနဲ့ တပည့်က စင်ပေါ်မှာ ဆုတက်ယူတယ်။ ကျေးဇူးတင်စကား ပြောကြားသွားတဲ့ အထဲမှာ ဆယ်တန်းဆရာ၊ ဆရာမတွေရဲ့ နာမည်အကုန်လုံးကို အစဉ်လိုက် ရွတ်ချသွားတော့တယ်။ ဘယ်လိုသင်ပေးခဲ့ကြောင်း၊ လမ်းညွန်ခဲ့ကြောင်း စသည်ဖြင့် ကင်မရာမီး တဖျတ်ဖျတ်ရဲ့ မမြင်ကွယ်ရာ ထောင့်မှာတော့ ငယ်ငယ်က ကျန်းမာရေး သိပ်ချို့တဲ့လွန်းတဲ့ သူ့ကို၊ အရမ်းဂရုစိုက်ပြီး သင်ပေးခဲ့ဖူးတဲ့ သူငယ်တန်းက ဆရာမအိုကြီးမှာတော့ မျက်ရည်တွေ ဝိုင်းလို့ (ဆုံး)
ကျေးဇူး။ ကျွန်တော်ကြည့်မြင်တဲ့ ရှုထောင်က တမျိုး။ သူငယ်တန်းမှာ မြန်မာစာ စသင်ပါတယ်။
ဖတ်စာ (၂)
ညတည လသာသာ
ကားစီးလာပါ
မီးနီ အဆီးအတား
သတိထား
တညီတညာ
အနီးလာ
ဆရာ မိဘ
အားထားရ။
ဖတ်စာ (၃)
မိသား တစု
ဘုရား ဖူး၏
ပုတီးပါသည်
သီလ ယူပါ
သာဓု သာဓု သာဓု
စားစရာ ယူလာပါ
လူ စီလာပါ
တဦးစီ လာပါ
လု မယူရ
အတူ စားပါ။
ဆပ်သွားဖူး
ပျိုလေးတို့ငန်းဦး
ဆပ်သွားဖူးတဲ့ တရုံနှစ်ရုံ
ကျေးတွေကအုံ
မအုံပါနဲ့ ကိုရွှေကျေးရယ်
ပျိုတို့မောင် ရှင်လိင်ပြန်တော့
နားပန်ဘို့လေး။
ရှစ်တန်းမှာ ဦးကြင်ဥ ပဒေသာသီချင်းများ သင်ရတယ်။
ခွေနုံးတဲ့ ဗျာသီ။
သူလဲ မြင်တော်လာနှင့်
ကန္တာမှာ ဖန်ရာကြုံ့ပါဘိ
လွမ်းပုံ့ ဝေသီ။
ထီး တရာ
ပဏ္ဏာကြို့ပါတဲ့
မင်းနေမြို့ ဌာနီ
သည်ဆီထင့် ရော်ရမ်း။
နယ် ရှစ်ခွင်
နတ်စစ်ကယ် ဗျူဟာဆင်လို့
မြော်အမြင် ထင်အတွေးနှင့်
ဝေးက မောင်ပန်း။ ။ (ဦးကြင်ဥ)
ကျွန်တော်တို့တုန်းက ငါးတန်းမှာ အင်္ဂလိပ်စာ စသင်ပါတယ်။ A တခု၊ တကောင်၊ တယောက်။
ငယ်ဆရာဆရာမတွေကို လေးစားရုံသာမက သင်ပေးလိုက်တဲ့စာတွေအတိုင်း ကနေ့ထိ လိုက်နာ မှတ်သား ရေးသားပါတယ်။ မိသားတစုဟာ ဘယ်သောအခါမှ မိသား(တစ်)စု မဖြစ်ပါ။ ညတညဟာ ဘယ်သောအခါမှာ ည(တစ်)ည မဖြစ်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment