တသက်လုံး Orange = လိမ္မော်သီးလို့ပဲ သင်ခဲ့ သိခဲ့ရတာ။ Orange = ကမ္ဗလာသီး။ Tangerine = လိမ္မော်သီးပါတဲ့ ဆရာ။ ကြုံရင် ရှင်းပြပေးပါဦး၊ ကျေးဇူးပါ ခင်ဗျ။
ဟုတ်တယ်။ ပါးစပ်နဲ့ မစားရခင် ခေါင်းစားရတဲ့ အခေါ်အဝေါ်ဖြစ်တယ်။
မြန်မာ-အင်္ဂလိပ် အဘိဓာန်
ကမ္ဗလာသီး = Orange
လိမ္မော် = Orange with loose skin
Judson ယုဒသန် အင်္ဂလိပ်- မြန်မာ အဘိဓာန်
Orange = လိမ္မော်သီး (ပုံ)
ရှိပြန်သေးတယ်။
Kumquat ကမ္ဗလာသီး (တခြား အဘိဓာန်) (ပုံ)
Kumquat = ခရမ်းပိမ့် (အင်္ဂလိပ်-မြန်မာ အဘိဓာန်)
Bitter Orange လိမ္မော်သီးခါး
Naval Orange ချက်ပါလိမ္မော်သီး
Mandarin Orange တရုပ်လိမ္မော်သီး
Meiwa Kumquat = မေဝါလိမ္မော်သီး (ပုံ)
Kumquat = ရှည်မျောမျော လိမ္မော်သီး (ပုံ)
နောက်ထပ်လည်း ရှိသေးတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment