ကျွန်တော့ပို့စ် = ယာကစွန်း
ကွန်မင့်တခု = ကျနော်တို့အရပ်မှာတော့ လယ်ကစွန်း(ရိုးနီ)ခေါ်ပါတယ် ရေစပ်ပေါက်တဲ့ ရိုးပွ နွယ်ရှည်ကိုတော့ ရေကစွန်းခေါ်ကြပါတယ်
မကြာသေးခင်ကစပြီး ကင်ဆာဓါတ်စာဆိုရင် ကန်စွန်းရိုးနီလို့သာ ရေးနေကြတယ်။ အုန်းရည်မှန်သမျှကို အုန်းစိမ်းရည်တဲ့။ ဝယ်ယူစားသုံးသူတွေကလည်း အနီနဲ့ အစိမ်း မခွဲတတ်။ အပြောကောင်းတော့ ရောင်းကောင်းရောခေတ်။ မုန်လာဥဝါကိုတော့ ခါကြက်ဥ (ခါချက်ဥ) တဲ့။ အဝါမသိကြတဲ့ အလွန်အကျွံသောက်သုံးသူတွေ ဂျွန်းဒစ်ဖြစ်ကြရော။ ရောင်းကောင်းတာဘဲ။ နည်းပေးသူတွေကို ကျေးဇူးကြီးလိုက်ထှာတဲ့။ မြန်မာပြည်မှာပေါ့။
ကာလာဘလိုင်း မဖြစ်သင့်ကြပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment