“ဗြိတိသျှအစိုးရမှ လေယာဉ်ဆီ တင်ပို့နေသည့် ကုမ္ပဏီများအား စတင်အရေးယူ”
ကတ္တား ခေါ် ပြုလုပ်သူနဲ့ ကံ ခေါ် အပြုခံရသူ စကားစု နေရာလွဲနေတယ်။ ပြုလုပ်သူက ဘယ်သူလဲ စဉ်းစားနေရစေတယ်။ ဗြိတိသျှအစိုးရက ပြုလုပ်သူ၊ လေယာဉ်ဆီ တင်ပို့နေသည့် ကုမ္ပဏီများက ကံ။
ကတ္တားဝိဘတ် = ပြုသူ၊ ဖြစ်သူ၊ ရှိသူ၊ သို့မဟုတ် ပြုတတ်၊ ဖြစ်တတ်၊ ရှိတတ်သော အရာကို ပြသည့် ဝိဘတ်ကို ကတ္တားဝိဘတ်ဟု ခေါ်သည်။
သည် က မှာ
သဘာပတိကြီးက မိန့်ခွန်း ပြောသည်။
လက်ခံပြဝိဘတ် = လက်ခံသူကိုပြသည့်ဝိဘတ်ကို လက်ခံပြဝိဘတ်ဟု ခေါ်သည်။
အား
အမောင်ပြောက်ကျား၊ ချစ်သူအားကို ဘာများ မှာခဲ့လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။ (သူ့မှာတမ်း)
ထွက်ခွာရာပြဝိဘတ် = ထွက်ခွာရာ နေရာကို ပြသည့် ဝိဘတ်ကို ထွက်ခွာရာပြဝိဘတ်ဟု ခေါ်သည်။
မှ က
မောင်မျိုးသည် မန္တလေးမှ ပြန်လာသည်။
မောင်မျိုးသည် မန္တလေးက ပြန်လာသည်။
“လေယာဉ်ဆီ တင်ပို့နေသည့် ကုမ္ပဏီများအား ဗြိတိသျှအစိုးရက စတင်အရေးယူ”
ဒေါက်တာတင့်ဆွေ
Comments
Post a Comment