ခြေလှမ်းတွေကို ခတ်သွက်သွက်လှမ်းလိုက်ရတယ် လမ်းအကွေ့ရောက်ပြန်တော့လဲ မကြည့်ပဲ မနေနိုင်ပြန်ဘူး။
သူလေ အဲဒီအတောအတွင်းမှာ နဲနဲလေးမှ လှုပ်ရှားမိသေးပုံမရဘူး အရုပ်တရုပ် ထောင်ထားသလိုပဲ
ခက်ပါလားမောင်ရယ် မောင်နဲ့ မမနိုင် တယောက်ယောက် အိမ်ထောင်ကျ ဒါမှမဟုတ် လောကကြီးထဲကနေ ပျောက်ကွယ်သွားရင် ပျောက်ကွယ်သွား ဒါမှဖြစ်မှာပါ
ယခုသော်ကား -
အရုပ်တရုပ် မရှိတော့ပါ။ တယောက်ယောက်လည်း အိမ်ထောင်မကျပဲ လောကကြီးထဲကနေ ပျောက်ကွယ်သွားပါပြီ။ လောကကြီးဟူသည် မြန်မာစာလောကသာဖြစ်ပါ၏။ ဆောရီးပါ စံရွှေမြင့်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment