(တင်မိုး)
နွေးဦးမျှော်ကံကော်ဖူးလို့
လူးပါတဲ့ ရွှေရည်
လေပြည်နှင့်မွှေး။
ဥဩငယ် လူပျိုရွယ်က
ကံ ကော်မယ်လည်တံညိတ်တဲ့အောင်
စောင်းချိတ်တဲ့တေး။
ဖူးတံချီ နီပြာမြနဲ့
ပျဉ်းမပန်း တဝေဝေ။
ဥဩညို လူပျိုလှဲ့
တေးဖွဲ့ပြန်ချေ။
ကံ့ကော်မယ် နားမကျလို့
ပျဉ်းမကိုသူချွေ
ကြွေလေလိမ့်မလား။
ကတ္တီပါ မြမရန်းနဲ
ပျဉ်းမမယ် အပျိုဖျန်းက
ခေါင်းယမ်းလို သွား။
ခါသင်္ကြန် မိုးတဖြောက်နဲ
ပိတောက်မယ် ရွှေဒေဝီ
ဖူးပွင့်ခဲ့ပြီ။
ဥသြငှက် သူပလီ
သီပြန်ပေါ့ တကြော့။
ပွင့်ဖူး အချိန်တန်တိုင်း
ရှင့်တေးသံ မှန်မှန်ကြားပါလို့
သနားခံ နှဲသံကလေးနဲ့
ရှက်သေးတယ်တော့။ (တင်မိုး)
ငွေတာရီမဂ္ဂဇင်း (၁၉၆၂ မေလ)
မူရင်းအတိုင်း တင်ပေးထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ခုခေတ်မှာတော့ 'တစ်'ဝေဝေ တဲ့။ မိုး'တစ်'ဖြောက် တဲ့။'တစ်'ကြော့ တဲ့။ ပျက်ရော။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment