တေးရေး ဂီတနက်သန် ကိုစောညိန်း
တေးဂီတ စန္ဒရားတင်ဝင်းလှိုင်
တေးဆို နှင်းရည်သန့်
နီလာ မြနှယ် စိမ်းတယ်
သီတာ သောင်ကမ်းက
ဆန်းကြယ် ဧရာကြော
သာမော နဒီလယ်
ကွေ့ ဝိုက်ခွေလို့
ရေညိုညို စီးသွယ်
ကမ်းစပ်မှာ ဗေဒါတွေရယ်
ဝဲ ပြန် ရိပ်ဝယ်
ကွေ့ ဝိုက်ခွေလို့
ရေညိုညို စီးသွယ်
ကမ်းစပ်မှာ ဗေဒါတွေရယ်
ဝဲပြန်ရိပ်ဝယ်
စုန်ဆန် မျောရှာပေါ့ကွယ်
စီးရေညိုလယ်
ရောင်စုံတွေခြယ်
ဆည်းဆာမှိန်ရီ
သိင်္ဂီ ရွှေမှုန်ကြဲ
ဇင်ရော်တွေလည်း
မောင်မယ်တူနွှဲ
ပျံကာ ဝဲ ကြတယ်
ငွေသောင်ဦး
ကြည်နူးဖွယ့်ဒီဆိုင်ရေစွယ်
လှိုင်းလှိုင်း လှိုင်းထလို့ရယ်
ယိုယီးလေးလှော်ကြ လှော်ကြ
လောင်းယာဉ်သာလှေငယ်
ရွှေစွန်တောင် တက်ရေးဟန်လှ
ရေပေါ်မှာ ဝဲကာ နွှဲကြတယ်
အဏ္ဍဝါ လှိုင်းခုံဗွေဝယ်
ကူးကာမြူးကာ
လူးလာ ပြိုင်လို့ရယ်
ယိုယီးလေးလှော်ကြ လှော်ကြ
လောင်းယာဉ်သာလှေငယ်
ရွှေစွန်တောင် တက်ရေးဟန်လှ
ရေပေါ်မှာ ဝဲကာ နွှဲကြတယ်
အဏ္ဍဝါ လှိုင်းခုံ ဗွေဝယ်
ကူးကာမြူးကာ
လူးလာ ပြိုင်လို့ရယ်
လေရူးသုန်သုန် နှင်းဖုံဖုံ
ငွေယမုံစီး ရေညိုလယ်
လေရူးသုန်သုန် နှင်းဖုံဖုံ
ငွေယမုံ စီး ရေညိုလယ်
ငါးတန်တွေသောင်ခြေဦးမှာ
မြူးထူးသော နွေလဝယ်
ဒေါင်းဖလ်ဝါ
ဟိုကမ်းသာရိပ်စွယ်
ဂေါယာဆီ သက်ယွန်းပြီမို့ကွယ်
ဒေါင်းဖလ်ဝါ
ဟိုကမ်းသာရိပ်စွယ်
ဂေါယာဆီ သက်ယွန်းပြီမို့ကွယ်
မိုးယံမြင့်မှာတဲ့
စန်းယုန်ပွင့် သာလျှက်ကယ်
လင်း ရောင်ဝေ လှိုင်း
လှိုင်းရေထက်ဝယ်
ငွေရည်လက်ကာသာရယ်
ပြိုးပြိုးပြက်ပြက်
ယှက်ကွေးလိမ်ခွေနွယ်
မြူမှုန်ငွေနှင်း
သုန်သုန်ယူသွင်း
တောင်လေညှင်းစဝယ်
လှေယာဉ်စီး
ပိုက်ကြီး ကိုတံငါတွေရယ်
မျှော မျှော မျှောကြတယ်
ယိုယီးလေးလှော်ကြ လှော်ကြ
လောင်းယာဉ်သာလှေငယ်
ရွှေစွန်တောင် တက်ရေးဟန်လှ
ရေပေါ်မှာ ဝဲကာ နွှဲကြတယ်
အဏ္ဍဝါ လှိုင်းခုံ ဗွေဝယ်
ကူးကာမြူးကာ
လူးလာ ပြိုင်လို့ရယ်
ယိုယီးလေးလှော်ကြ လှော်ကြ
လောင်းယာဉ်သာလှေငယ်
ရွှေစွန်တောင် တက်ရေးဟန်လှ
ရေပေါ်မှာ ဝဲကာ နွှဲကြတယ်
အဏ္ဍဝါ လှိုင်းခုံ ဗွေဝယ်
ကူးကာမြူးကာ
လူးလာ ပြိုင်လို့ရယ်
လေရူးသုန်သုန် နှင်းဖုံဖုံ
ငွေယမုံစီး ရေညိုလယ်
လေရူးသုန်သုန် နှင်းဖုံဖုံ
ငွေယမုံ စီး ရေညိုလယ်
ငါးတန်တွေသောင်ခြေဦးမှာ
မြူးထူးသော နွေလဝယ်။ ။
https://www.facebook.com/100000477198481/videos/870811292944769
ဒေါက်တာတင့်ဆွေ

Comments
Post a Comment