၁။ ပဲလိတ် ပဲလိပ် အမှန်သိလိုပါသည်။ ကျေးဇူးတင်ပါသည်။ (ပဲလိပ်)
၂။ သလိတ်စစ်ရင် ဘယ်ေလာက်ေပးရလဲရှင့် သိတဲ့သူရှိရင်ေြပါေပးပါေနာ်
ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာအုပ်စုမှာ တွေ့တာ။
၃။ ဆရာရှင့် လိပ် နဲ့ လိတ် အဓိပ္ပာယ်သိချင်လို့ပါ ဆရာ အလံကိုလိတ်တာလို့ ရေးရသလား လိပ်တာလို့ ရေးရတာလား မကွဲပြားလို့ပါ ဆရာ
လိပ်
စက္ကူလိပ်
ဆေးလိပ်
နေရပ်လိပ်စာ
ဖျာလိပ်
ဗိုင်းလိပ်တံ
လိပ်ကျည်ပင်
လိပ်ကျည်သတ္တဝါ
လိပ်ကျောက်မြီး
လိပ်ခုံးမိုး
လိပ်ခဲတင်းလင်း၊
လိပ်ခဲတဉ်းလည်း၊
လိပ်ခဲတည်းလည်း၊
လိပ်ဆူးရွှေပင်
လိပ်တုံး (ရက်ကန်း)
လိပ်ပတ်လည်အောင်ပြောပါ
လိပ်ပြာ
လိပ်ပြာစဉ်
လိပ်သည်းကျောက်
လိပ်သတ္တဝါ
လိပ်ဥ
သည်းခြေသလိပ်
လိတ်
ကျိတ်ကျိတ်လိတ်လိတ်
မလိတ်စိန်တပ်
အင်္ဂလိတ် (ယုဒသန်)
ကနေ့ခေတ်မြန်မာစာ လိပ်ကြီးပက်လက်လှန်ထားသလို
ဒေါက်တာတင့်ဆွေ
Comments
Post a Comment