ကောင်းကင်ထက်မှာ ခြိမ်းကာ ခြိမ်းကာ
လျှပ်စက်ဝင်းလက် ပြက်ကာ ပြိုးကာ
နက်မှောင်တိမ်ညို လွမ်းခြုံမိုးနေ
ကိုင်းခက်လေဆောင်နွဲ့၍ထိန်းနေ
တိမ်းကာယိမ်းကာ မိုးတွေရွာစွေ
ပြုံးပျော်ခဲ့တယ်မိုးရေထဲမှာ
ချစ်လာခဲ့တယ် မိုးရွာဆဲမှာ
မိုးရေခုလေ နှောင်းလွန်ရွေ့လာ
စိမ်းရက်သူရယ် စိမ်းနိုင်အားတယ်
မိုးရေမိုးရေ မိုးတွေရွာစွေ
မိုးတွေရွာစွေ ရွာစွေပါမိုးရေ
မိုးတွေရွာစွေ ရွာစွေပါမိုးရေ
သည်းရွာတော့လေ အားကူဖြည့်ကာ
သည်းလိုက်ဦးပေါ့ မိုးရေထပ်ကာ
ခုဆိုသူလေ မိုးကိုမေ့နေ
မေ့ရော့မှာပါ မိုးရေမိုးရေ
သည်းပါသည်းပါ မိုးတွေရွာစွေ
မိုးတွေရွာစွေ ရွာစွေပါမိုးရေ။ ။
အပြင်မှာ မိုးတွေရွာနေတယ်။ တချက်တချက် လေပြင်းဝှေ့သံတွေလည်း အိမ်ထဲကနေ ကြားရတယ်။ ဒီဝါကျ ရေးနေစဉ်မှာ မိုးခြိမ်းတယ်။ မိုးလိုတဲ့အရပ်တွေမှာ ရွာသွန်းဖြိုးပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment