မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)
အဖ (အသံထွက် အဖာ့) = ဖခင်။ အဖေ။
အဘ (အသံထွက် အဗာ့) = ဖခင်ကိုခေါ်သော စကား။ မလှပါ။
ဥပမာ - အဖနိုင်ငံတော်။ ဘမျိုး ဘိုးတူ။
ဘ နဲ့ ဖ သုံးတာ ရောထွေးနေတယ်။ ကျွန်တော်တို့ ပဥ္စမတန်းမှာ ဒေါင်းဘတ်စာသင်ခဲ့ရတယ်။
ဖ - ဖယောင်းတိုင်၊ ကြာပန်းခိုင်။
ဘ - ဘယက်မှာ၊ ဒေါင်းရုပ်ပါ။
ဖ - ဖရုံပေါ၊ တို့ယာတော။
ဘ - ဘယက်၊ ရွှေဒေါင်းခွက်။
ဖ - ဖရုံယို၊ အလွန်ချ ို။
ဘ - ဘဖိုးအို၊ ဆီးလို့ကြို။
ဆာဘိုးသာ (စီးပွါးရေး)
ဒီဒုတ်ဦးဘချို (အာဇာနည် တဦး)
ဘကြီး
ဘကြီးတော် (ကုန်းဘောင်ဆက်မင်း တပါး)
ဘကလေး၊ ဦး၊ (ရွှေတလေး)
ဘဂေး (ဆိုဘွယ်ရာတစုံတရာမျှမရှိ)
ဘတင့် (ရုပ်ရှင်မင်းသား)
ဘထွေး
ဘနန်းလုလု
ဘဘ
ဘယက်တန်ဆာ
ဘယဆေး
ဘရင်ဂျီနာ (ဂရင်ဂျီနာ)
ဘရဏီနက္ခတ်
ဘရန်ဒီ
ဘရာစီယာ
ဘရိတ်အုပ်
ဘရိုကိတ်
ဘရိုက်တီးကျောက်
ဘရုံးဘရင်း (မညီမညွတ်၊ ဆူဆူညံညံ)
ဘလောက်
ဘဝဂ်အဆုံး
ဘဝင်ကျ
ဘဝပြောင်းသည်
ဘဝဲ
မန်းဘခိုင် (အာဇာနည် တဦး)
မိဘ
ရှင်ဘို့မယ် (မိဖုရား)
လာဘ်လာဘ
အံ့ဘနန်း
အချုပ်တန်းဆရာဖေ
အဘ
အသုဘ
ဥသဘနွား
ဦးဖိုးကျား (အမျိုးသားပညာရေးလောကတွင် ထင်ရှားခဲ့သူ)
ဦးဖိုးစိန် (မြန်မာ့စာပေလောကတွင် ထင်ရှားခဲ့သူ)
ဦးဖူးညို (ရုပ်သေး)
ဦးဘကလေး (ရွှေတလေး)
ဦးဘချို (ဒီးဒုတ်)
ဦးဘဂျမ်း (ကာတွန်း)
ဦးဘဇော် (ပန်းချီ)
ဦးဘဉာဏ် (ပန်းချီ)
ဦးဘလုံ (ပန်းချီ)
ဦးဘဝင်း (အာဇာနည် တဦး)
ဦးဘဦး (ဒုတိယမြောက်သမတ)
ဦးဘိုးစိန် (မြန်မာ့သဘင်လောကတွင် ထင်ရှားခဲ့သူ)
ဦးဘိုးလှိုင် (ယောအတွင်းဝန်)
ဦးဘေမောင်တင် - ဘေ နဲ့ ဖေ နှစ်မျိုးလုံး ရေးနေတာတွေ့တယ်။ လက်ထဲမှာ ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်စာတမ်းစာအုပ် ရှိတယ်။ ဦးဘေမောင်တင်က တည်းဖြဋ်ပြင်ဆင်သည် တဲ့။ ဘေ နဲ့ ဖေ မှားစရာမရှိပါ။ ဦးဘေမောင်တင်ဟာ ရန်ကုန်တက္ကသိုလ်စတည်ထောင်ချိန်မှာ တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းသင်ကြားဖို့ အဆိုပြုခဲ့သူ ဖြစ်တယ်။ နှစ်ဆယ်ရာစု မြန်မာပညာရှင်များရဲ့ဖခင်ဖြစ်တယ်။ သိပ္ပံမောင်ဝရဲ့ဆရာလည်းဖြစ်တယ်။ ၂၁ ရာစုထဲမှာတော့ ဆရာ့အမည်ဟာ မူကွဲဖြစ်လာပါတော့တယ်။ မြန်မာစာကို ဆက်လက် လေ့လာ ထိန်းသိမ်းခဲ့သူတွေဖြစ်တဲ့ ကျွန်တော်တို့ တယောက်တမျိုး ညံ့ကြတယ်။ စစ်အစိုးရတက်ကတည်းက အဘ အသုံးဟာ ကိုယ့်အဘကိုတောင် အဘမခေါ်ချင်လောက်အောင် ပျက်စီးသွားတော့တယ်။ အဘခေတ် ကျဆုံးပါစေ။ (တစ်)ညီ(တစ်)ညာခေတ် ပျောက်ဆုံးပါစေ။ (တစ်)ညီတညာခေတ် ပျောက်ဆုံးပါစေ။ တညီ(တစ်)ညာခေတ် ပျောက်ဆုံးပါစေ။
ဖိုးလနတ်သားမှတ်နေတာဆရာ ဘိုးလနတ်သားဆိုတာခုမှသိရပါတယ် ကျေးဇူးပါဆရာ။
ဖတ် နှင့် ဘတ် https://burmese-spelling.blogspot.com/2022/10/blog-post_138.html
တန်ဖိုး နှင့် တန်ဘိုး https://burmese-spelling.blogspot.com/2022/09/blog-post_84.html
ဘိနပ် ဖိနပ် https://burmese-spelling.blogspot.com/2023/01/blog-post_704.html
ခေတ်သစ်ဒုတိယတန်း မြန်မာဘတ်စာ (၁၉၄၀) https://burmese-spelling.blogspot.com/2023/01/blog-post_70.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment