ဆို - စိုင်းထီးဆိုင်
ဒီတညမှာ မြင်ရခဲတဲ့
မောင့်လပြည့်ဝန်း
သာလွန်းတဲ့ အရင်ညက
မောင့်လပြည့်ဝန်း
အမှောင်ညကို စွန့်သွားခဲ့
မောင့် လပြည့်ဝန်း
ကွယ်လွန်ခြင်း ကမ္ဘာတဖက်မှာ ကျန်ရစ်သူ
မျက်ဝန်းမှာ မျက်ရည်လည်
အမှောင်ဆုံးညတွေ
ဘယ်မှာဆုံးမလဲ မတွေးဝံ့တော့ဘူး
ဪ မတွေးတတ်တော့ဘူး
ချစ်၍ စွန့်သွားတဲ့ မင်းကို
ဪ စွန့်၍ ချစ်သွားမယ်လေ
ဒီလူသား သစ္စာ ကမ္ဘာတည်သ၍လေ
ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုသည်ကြောင့်လဲ
ဒီဝဋ်ကြွေး မကုန်ခမ်းသ၍
လည်စင်းခံ ဆပ်မယ်မေ
သို့ပေသော်လည်း
ဒီလူနဲ့တူသောအကျိုးမျိုး
ဘဝဆက်တိုင်းမှာ မင်းတယောက်
ကင်းလွတ်ဝေးပါစေ
ဪ ဒီတညမှာ မြင်ရခဲတဲ့
မောင့်လပြည့်ဝန်း
သာလွန်းတဲ့ အရင်ညက
မောင့်လပြည့်ဝန်း
အမှောင်ညကို စွန့်သွားခဲ့
မောင့်လပြည့်ဝန်း
အလည်လွန်ခြင်း ကမ္ဘာတဖက်ကို ထွက်သွားသူ
တဖက်စွန်းမှ တသက်နေလဲ အချိုဆုံးစကားတွေ
ဘယ်မှာဆုံးမလဲ မမေးဝံ့တော့ဘူး
ဪ မမေးတတ်တော့ဘူး
ချစ်၍ စွန့်သွားတဲ့ မင်းကို
ဪ စွန့်၍ ချစ်သွားမယ်လေ
ဒီလူသား သစ္စာ ကမ္ဘာတည်သ၍လေ
ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုသည်ကြောင့်လဲ
ဒီဝဋ်ကြွေး မကုန်ခမ်းသ၍
လည်စင်းခံ ဆပ်မယ်လေ
သို့ပေသော်လည်း
ဒီလူနဲ့တူသောအကျိုးမျိုး
ဘဝဆက်တိုင်းမှာ မင်းတယောက်
ကင်းလွတ်ဝေးပါစေ
ဪ နယ်ကျွံခြင်း ကမ္ဘာအပျက်မှာ
တဘက်သားလူ
ခက်လွန်းမက အခက်ပွေလဲ
အငိုဆုံးမှလေ
ပြန်လာဦးမလား
မပြောတတ်တော့ဘူး
ဪ မပြောအပ်တော့ဘူး
ချစ်၍ စွန့်သွားတဲ့ မင်းကို
ဪ စွန့်၍ ချစ်သွားမယ်လေ
ဒီလူသား သစ္စာ ကမ္ဘာတည်သ၍လေ
ဒီလူသားရဲ့ သစ္စာဟာ ကမ္ဘာတည်သ၍ပါပဲ။ ။
မှတ်ချက် - သီချင်းစာသာပါရေးထားရင်တော့ သတ်ပုံမှန်တာ မရှိသလောက် ရှားတယ်။
https://www.facebook.com/100035665506592/videos/455295003302687 ဒီလင့်က မှန်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment