Skip to main content

မောင့်လပြည့်ဝန်း

ရေး  - ကိုနေဝင်း

ဆို - စိုင်းထီးဆိုင်

ဒီတညမှာ မြင်ရခဲတဲ့

မောင့်လပြည့်ဝန်း

သာလွန်းတဲ့ အရင်ညက

မောင့်လပြည့်ဝန်း

အမှောင်ညကို စွန့်သွားခဲ့

မောင့် လပြည့်ဝန်း

ကွယ်လွန်ခြင်း ကမ္ဘာတဖက်မှာ ကျန်ရစ်သူ

မျက်ဝန်းမှာ မျက်ရည်လည်

အမှောင်ဆုံးညတွေ

ဘယ်မှာဆုံးမလဲ မတွေးဝံ့တော့ဘူး

ဪ မတွေးတတ်တော့ဘူး

ချစ်၍ စွန့်သွားတဲ့ မင်းကို

ဪ စွန့်၍ ချစ်သွားမယ်လေ

ဒီလူသား သစ္စာ ကမ္ဘာတည်သ၍လေ

ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုသည်ကြောင့်လဲ

ဒီဝဋ်ကြွေး မကုန်ခမ်းသ၍

လည်စင်းခံ ဆပ်မယ်မေ

သို့ပေသော်လည်း

ဒီလူနဲ့တူသောအကျိုးမျိုး

ဘဝဆက်တိုင်းမှာ မင်းတယောက်

ကင်းလွတ်ဝေးပါစေ

ဪ ဒီတညမှာ မြင်ရခဲတဲ့

မောင့်လပြည့်ဝန်း

သာလွန်းတဲ့ အရင်ညက

မောင့်လပြည့်ဝန်း

အမှောင်ညကို စွန့်သွားခဲ့

မောင့်လပြည့်ဝန်း

အလည်လွန်ခြင်း ကမ္ဘာတဖက်ကို ထွက်သွားသူ

တဖက်စွန်းမှ တသက်နေလဲ အချိုဆုံးစကားတွေ

ဘယ်မှာဆုံးမလဲ မမေးဝံ့တော့ဘူး

ဪ မမေးတတ်တော့ဘူး

ချစ်၍ စွန့်သွားတဲ့ မင်းကို

ဪ စွန့်၍ ချစ်သွားမယ်လေ

ဒီလူသား သစ္စာ ကမ္ဘာတည်သ၍လေ

ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုသည်ကြောင့်လဲ

ဒီဝဋ်ကြွေး မကုန်ခမ်းသ၍

လည်စင်းခံ ဆပ်မယ်လေ

သို့ပေသော်လည်း

ဒီလူနဲ့တူသောအကျိုးမျိုး

ဘဝဆက်တိုင်းမှာ မင်းတယောက်

ကင်းလွတ်ဝေးပါစေ

ဪ နယ်ကျွံခြင်း ကမ္ဘာအပျက်မှာ

တဘက်သားလူ

ခက်လွန်းမက အခက်ပွေလဲ

အငိုဆုံးမှလေ

ပြန်လာဦးမလား

မပြောတတ်တော့ဘူး

ဪ မပြောအပ်တော့ဘူး

ချစ်၍ စွန့်သွားတဲ့ မင်းကို

ဪ စွန့်၍ ချစ်သွားမယ်လေ

ဒီလူသား သစ္စာ ကမ္ဘာတည်သ၍လေ

ဒီလူသားရဲ့ သစ္စာဟာ ကမ္ဘာတည်သ၍ပါပဲ။   ။

မှတ်ချက် - သီချင်းစာသာပါရေးထားရင်တော့ သတ်ပုံမှန်တာ မရှိသလောက် ရှားတယ်။

https://www.facebook.com/100035665506592/videos/455295003302687 ဒီလင့်က မှန်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ