လွန်ခဲ့တဲ့ ၃ နှစ်တိတိက နေ့လယ်စာ ပန်ထွေဖျော်၊ ပဲသီးသုပ်၊ ပဲနံ့သာဟင်းချို၊ ဆယ်လ်မွန်ငါးကြော်။ ပဲသီးသုပ်မှာ ခရမ်းသီးလေးပါ ထည့်သည်။ ပဲနံ့သာဟင်းမှာ ငါးကျီးခြောက်လည်းပါသည်။
ကျန်းမာရေး အစားအစာရွေးကြရသည်။ ငယ်ငယ်က ဘယ်အမျိုးတွေက ဘယ်လိုချက်ကြဆိုတာလည်း နားထောင်ရပါသည်။ ငရုတ်ဆုံထောင်းတာတော့ ကူညီလိုက်ပါသည်။
မနှစ်က နွေရာသီမှာ မေးလို့ ရေးတာ။
ဆရာ ပဲနံ့သာဟင်း မစားဘူးလို့ပါ။ ဘာအမယ်တွေ ပါလည်းဆရာ။
ကျွန်တော်တို့ကတော့ ငယ်ငယ်ကတည်းက စားဖူးတယ်။ တခြားအသီးအရွက်တွေကို ချက်သလို ထည့်ပါတယ်။ ကနေ့တော့ ငါးကျီးခြောက်နဲ့။ အိမ်မှာ ဟင်းချိုမှုန့် အသားမှုန့် ငန်ပြာရည် မသုံးလို့ ငါးတမျိုးမျိုးထည့်လေ့ရှိတယ်။
အိန္ဒိယမှာလည်း တော်တော်စားကြတယ်။ Methi လို့ ခေါ်တယ်။ ရှေးခေတ် အီဂျစ်မှာလည်းသုံးတယ်လို့ဆိုပါတယ်။ Trigonella foenum-graecum လို့ခေါ်ပါသတဲ့။
မြန်မာပြည်မှာ ပဲနံ့သာကို ဆံပင်ကောင်းစေဖို့ သုံးကြတယ် အုန်းဆီပုလင်းထဲ ထည့်ထားကြတယ်။ အနံ့နည်းနည်း ပြင်းတယ်။ အရသာခါးသက်သက်။
အစေ့ကိုလည်း ဆေးအဖြစ်သုံးကြတယ်။ အမျိုးမျိုးပြောကြ ရေးကြတယ်။ တချို့က အစာချေစေဖို့သုံးတယ်။ ကလေးမိခင်တွေ နို့ထွက်သန်စေအောင် စားသုံးနိုင်တယ်။ အဲတာအတွက် ဆေးထုတ်ရောင်းတယ်။ ရေးကြတာတွေကတော့ များတယ်။ လိင်စိတ်ကအစ ပါသေးတာ။ မတည့်သူတွေ ပန်းနာထစေနိုင်တယ်။ Warfarin သွေးကျဲဆေးနဲ့ မသင့်ပါ။
Fenugreek seed အစေ့ အာဟာရတန်ဖိုး
11.1 g အလေးချိန်ကနေ ရနိုင်တာတွေ -
Calories 36
Total Fat 0.7 g
Saturated fat 0.2 g
Potassium 85 mg
Total Carbohydrate 6 g
Dietary fiber 2.7 g
Protein 2.6 g
Calcium 2% (တနေ့တာလိုအပ်ချက်၏)
Iron 20%
Vitamin B-6 5%
Magnesium 5%
ကျွန်တော်တို့ကတော့ ဆေးအဖြစ် မဟုတ်ပါ။ ဟင်းသီးဟင်းရွက်အမျိုးမျိုး စားတယ်။ မြန်မာပြည်ကိုရော နယူးဒေလီကိုပါ လွမ်းလို့။
ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၂၀
Comments
Post a Comment