Skip to main content

တော်ပါကိုလူလည် လှည့်ပတ်နိုင် လွန်းတယ်

ဆရာ ဒါဆိုရင် လူလည်၊ လူလယ် ဘယ်ဟာက အမှန်ပါလဲခဗျ။ (စာဖတ်ရင်း လည်သွားတယ်နဲ့ စာဖတ်ရင်း လယ်သွားတယ်) ဆိုရင်ရော ဘယ်လိုရေးရမလဲ ဆရာ။

ရုန်းတော်လွှတ်တော် 

ရေး - စန်းသော်တာ

သဘာဝကို ပုံထင်ပြကာ ထိကရုံးလေးများလို လူတွေ့ရင်မူကာနွဲ့ကာ ယိမ်းမယ့် ခင်ပျို

ခင့်ကို ချစ်ကြိုးတွေ သွယ်ကာရစ်ကာ မေတ္တာစစ်နဲ့ဆို ရှောင်ချင်သလို ရှားချင်သလို မစိမ်းပင်ကြီးရယ် အမူကပို

ဟန်ဆောင်ကာမူပို ရုန်းတော်မူနဲ့ပျို ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင် ညှိုးမှာစိုးရသကို

ဒေါလုံးမောလုံး များလွန်းတယ် ပိုင်ပိုင်နိုင်နိုင် သဘောထားရယ် မိန်းမသားပါကွယ် စဉ်းစားဖွယ် လွှတ်တော်ရဲလွန်းတယ်

စွဲစွဲမြဲမြဲ ချစ်ဖို့ရယ် ရွှေဆိုင် ကေခိုင် ပန်းကိုကွယ် ညှိုးနွမ်းမှာကို စိုးလှတယ် လွှတ်တော်ရဲလွန်းတယ်

ထောက်ဆကာညှာကွယ် ခင်မင်သူမောင်ရယ် တော်ပါကွယ် တန်ပါကွယ် ကဲလွန်း သဲလွန်းတယ်

စွဲစွဲမြဲမြဲ ချစ်ဖို့ရယ် ကြင်ကြင်နာနာ တရားနဲ့ကွယ်

အေးအေးသာကြည် ချစ်ပါ့မယ် မရုန်းပါနဲ့ မျက်ခြယ်

တော်ပါကိုလူလည် လှည့်ပတ်နိုင် လွန်းတယ် ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင် ညှိုးမှာစိုးရတယ်

ဒေါလုံးမောလုံး များလွန်းတယ် ပိုင်ပိုင်နိုင်နိုင် သဘောထားရယ် မိန်းမသားပါကွယ် စဉ်းစားဖွယ် လွှတ်တော်ရဲလွန်းတယ်

စွဲစွဲမြဲမြဲ ချစ်ဖို့ရယ် ရွှေဆိုင် ကေခိုင် ပန်းကိုကွယ် ညှိုးနွမ်းမှာကို စိုးလှတယ် လွှတ်တော်ရဲလွန်းတယ်

ထောက်ဆကာညှာကွယ် ခင်မင်သူမောင်ရယ် တော်ပါကွယ် တန်ပါကွယ် ကဲလွန်း သဲလွန်းတယ်

စွဲစွဲမြဲမြဲ ချစ်ဖို့ရယ် ကြင်ကြင်နာနာ တရားနဲ့ကွယ် အေးအေးသာကြည် ချစ်ပါ့မယ် မရုန်းပါနဲ့ မျက်ခြယ်

တော်ပါကိုလူလည် လှည့်ပတ် နိုင်လွန်းတယ် ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင် ညှိုးမှာစိုးရတယ်။   ။

ရုန်းတော်လွှတ်တော် https://www.facebook.com/watch/?v=752985188796061

Dr. တင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ