Skip to main content

သဒ္ဓါ နှင့် သဒ္ဒါ

၁။ ဆရာ သဒ္ဒါတရား သထာတရား သဓါ(သဒ္ဓါ)လွန်ရင် တဏှာကျွန်ဖြစ် အမှန်ကို ရေးပြပါဦးရှင့်။
သဒ္ဓါလွန်တော့ တဏှာကျွန်ဆိုသလို သတိလွတ်လာတဲ့ ယုံကြည်မှုဟာ ယုံတာပဲရှိတယ် ကြည်လာဖို့တော့ မလွယ်ဘူး။ သဒ္ဓါကို ပညာနဲ့ ညှိပါ။
၂။ ငါတို့ရဲ့မန္တလေး အရာရာအလှမ်းမဝေး သဒ္ဒါ(သဒ္ဓါ)မှာ အရမ်းမနှေးတဲ့မြို့ကနေ စာလွှာလှမ်းရေး မိတ်ဆွေတို့ရေ လာပါမန္တလေး
သဒ္ဒါ ဆိုသည်မှာ ဘာသာရပ်တခု၏ စည်းကမ်း ဥပဒေသဖြစ်သည်။ “မည်သို့ရေးရမည်။ အရေးအသား၊ အထားအသို၊ ဝါကျတည်ဆောက်ပုံ၊ ဘယ်စကားလုံးကို ဘယ်နေရာမှာ သုံးစွဲရမည်” စသည်တို့ကို စည်းစနစ်ကျမှု ရှိစေရန်အတွက် သဒ္ဒါ ဟူသော ဘာသာရပ်၏ ဥပဒေသ ဖြစ်ပေါ်ခဲ့သည်။ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် အခြားသောဘာသာတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်သဒ္ဒါ များရှိသည်။ သဒ္ဒါတွင် စိတ္တဇသဒ္ဒါနှင့် ဥတဇသဒ္ဒါ ဟူ၍နှစ်မျိုးရှိပေသည်။
မြန်မာသဒ္ဒါ ဆိုသည်မှာ မြန်မာဘာသာစကားအတွက် သတ်မှတ်ထားသော စည်းမျဉ်းဥပဒေသ ဖြစ်သည်။ ဘာသာစကားတိုင်း၌ ကိုယ်ပိုင်သဒ္ဒါများရှိကြ၏။ သဒ္ဒါဟူသောပုဒ်သည် ပါဠိဘာသာစကား၏ သဒ္ဒ ဟူသောပုဒ်မှ ဆင်းသက်လာ၍ အသံ ဟုအနက်ရရှိသည်။ အသံများတွင် အဓိပ္ပာယ်ရှိသောအသံ နှင့် အဓိပ္ပာယ်မရှိသောအသံ ဟူ၍ရှိရာ အနက်အဓိပ္ပာယ်ရှိသော အသံကို အစွဲပြု၍ ရေးသားထားသောကြောင့် သဒ္ဒါဟု ခေါ်ဆိုသည်။ လူတို့၏ နှုတ်မှထွက်သော အသံကို ဆိုလိုသည့် အဓိပ္ပာယ်ရရှိစေရန် စနစ်တကျရေးသားသည့် စည်းမျဉ်းစည်းကမ်းပင်ဖြစ်သည်။
သဒ္ဒါတွင် အရေးအသားပုံစံအားဖြင့် အခြေခံကြဆုံးမှာ အက္ခရာများဖြစ်သည်။ အက္ခရာကို ဗျည်းနှင့် သရ အဖြစ်ခွဲနိုင်ကာ သရအက္ခရာ (၁၁) လုံးနှင့် ဗျည်းအက္ခရာ (၃၃) လုံး၊ ပေါင်းစပ်သော် မြန်မာဘာသာစကားတွင် အက္ခရာ (၄၄) လုံးရှိသည်။ ထိုအက္ခရာများကို အသုံးပြု၍ အဓိပ္ပာယ်ပေါ်လွင်စေသော စကားအစိတ်အပိုင်းများကို ဖွဲ့စည်းရသည်။ ထိုအစိတ်အပိုင်းများကို နာမ်၊ နာမ်စား၊ ကြိယာ၊ နာမဝိသေသန၊ ကြိယာဝိသေသန၊ ဝိဘတ်၊ သမ္ဗန္ဓ၊ ပစ္စည်း၊ အာမေဋိတ် ဟူ၍ မြန်မာသဒ္ဒါ၌ ခေါ်ဆိုကြသည်။ ဤသည်ကိုပင် ဝါစင်္ဂ (၉) မျိုးဟု သတ်မှတ်သည်။
သဒ္ဓါ = လိုလားကြည်ဖြူသည်။
‌မောင်ကလည်း ထားထားကို တယ်သဒ္ဓါတော် မူတာကိုး။ မဟာဆန်။ ၅၅။
သဒ္ဓါ၊ သဒ္ဓါတရား၊ ယုံကြည်-ကြည်ညို-ခြင်း၊ ယုံကြည်ကြောင်း-ယုံကြည်တတ်သော-ယုံကြည်ခြင်းမျှ ဖြစ်သော-တရား၊ သဒ္ဓါစစ်၊ သဒ္ဓါစေတသိက်။
သဒ္ဓါတရားသည် လူသားတိုင်းမှာ ရှိထိုက်သော အရေးအကြီးဆုံး တရားဖြစ်သည်။ 
သဒ္ဓသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သဒ္ဓါတရားရှိသော အမျိုးကောင်းသား၏ အာနိသင်ငါးမျိုးတို့အကြောင်းကို ဟောကြားတော်မူခဲ့သည်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ