Skip to main content

သဒ္ဓါ နှင့် သဒ္ဒါ

၁။ ဆရာ သဒ္ဒါတရား သထာတရား သဓါ(သဒ္ဓါ)လွန်ရင် တဏှာကျွန်ဖြစ် အမှန်ကို ရေးပြပါဦးရှင့်။
သဒ္ဓါလွန်တော့ တဏှာကျွန်ဆိုသလို သတိလွတ်လာတဲ့ ယုံကြည်မှုဟာ ယုံတာပဲရှိတယ် ကြည်လာဖို့တော့ မလွယ်ဘူး။ သဒ္ဓါကို ပညာနဲ့ ညှိပါ။
၂။ ငါတို့ရဲ့မန္တလေး အရာရာအလှမ်းမဝေး သဒ္ဒါ(သဒ္ဓါ)မှာ အရမ်းမနှေးတဲ့မြို့ကနေ စာလွှာလှမ်းရေး မိတ်ဆွေတို့ရေ လာပါမန္တလေး
သဒ္ဒါ ဆိုသည်မှာ ဘာသာရပ်တခု၏ စည်းကမ်း ဥပဒေသဖြစ်သည်။ “မည်သို့ရေးရမည်။ အရေးအသား၊ အထားအသို၊ ဝါကျတည်ဆောက်ပုံ၊ ဘယ်စကားလုံးကို ဘယ်နေရာမှာ သုံးစွဲရမည်” စသည်တို့ကို စည်းစနစ်ကျမှု ရှိစေရန်အတွက် သဒ္ဒါ ဟူသော ဘာသာရပ်၏ ဥပဒေသ ဖြစ်ပေါ်ခဲ့သည်။ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် အခြားသောဘာသာတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်သဒ္ဒါ များရှိသည်။ သဒ္ဒါတွင် စိတ္တဇသဒ္ဒါနှင့် ဥတဇသဒ္ဒါ ဟူ၍နှစ်မျိုးရှိပေသည်။
မြန်မာသဒ္ဒါ ဆိုသည်မှာ မြန်မာဘာသာစကားအတွက် သတ်မှတ်ထားသော စည်းမျဉ်းဥပဒေသ ဖြစ်သည်။ ဘာသာစကားတိုင်း၌ ကိုယ်ပိုင်သဒ္ဒါများရှိကြ၏။ သဒ္ဒါဟူသောပုဒ်သည် ပါဠိဘာသာစကား၏ သဒ္ဒ ဟူသောပုဒ်မှ ဆင်းသက်လာ၍ အသံ ဟုအနက်ရရှိသည်။ အသံများတွင် အဓိပ္ပာယ်ရှိသောအသံ နှင့် အဓိပ္ပာယ်မရှိသောအသံ ဟူ၍ရှိရာ အနက်အဓိပ္ပာယ်ရှိသော အသံကို အစွဲပြု၍ ရေးသားထားသောကြောင့် သဒ္ဒါဟု ခေါ်ဆိုသည်။ လူတို့၏ နှုတ်မှထွက်သော အသံကို ဆိုလိုသည့် အဓိပ္ပာယ်ရရှိစေရန် စနစ်တကျရေးသားသည့် စည်းမျဉ်းစည်းကမ်းပင်ဖြစ်သည်။
သဒ္ဒါတွင် အရေးအသားပုံစံအားဖြင့် အခြေခံကြဆုံးမှာ အက္ခရာများဖြစ်သည်။ အက္ခရာကို ဗျည်းနှင့် သရ အဖြစ်ခွဲနိုင်ကာ သရအက္ခရာ (၁၁) လုံးနှင့် ဗျည်းအက္ခရာ (၃၃) လုံး၊ ပေါင်းစပ်သော် မြန်မာဘာသာစကားတွင် အက္ခရာ (၄၄) လုံးရှိသည်။ ထိုအက္ခရာများကို အသုံးပြု၍ အဓိပ္ပာယ်ပေါ်လွင်စေသော စကားအစိတ်အပိုင်းများကို ဖွဲ့စည်းရသည်။ ထိုအစိတ်အပိုင်းများကို နာမ်၊ နာမ်စား၊ ကြိယာ၊ နာမဝိသေသန၊ ကြိယာဝိသေသန၊ ဝိဘတ်၊ သမ္ဗန္ဓ၊ ပစ္စည်း၊ အာမေဋိတ် ဟူ၍ မြန်မာသဒ္ဒါ၌ ခေါ်ဆိုကြသည်။ ဤသည်ကိုပင် ဝါစင်္ဂ (၉) မျိုးဟု သတ်မှတ်သည်။
သဒ္ဓါ = လိုလားကြည်ဖြူသည်။
‌မောင်ကလည်း ထားထားကို တယ်သဒ္ဓါတော် မူတာကိုး။ မဟာဆန်။ ၅၅။
သဒ္ဓါ၊ သဒ္ဓါတရား၊ ယုံကြည်-ကြည်ညို-ခြင်း၊ ယုံကြည်ကြောင်း-ယုံကြည်တတ်သော-ယုံကြည်ခြင်းမျှ ဖြစ်သော-တရား၊ သဒ္ဓါစစ်၊ သဒ္ဓါစေတသိက်။
သဒ္ဓါတရားသည် လူသားတိုင်းမှာ ရှိထိုက်သော အရေးအကြီးဆုံး တရားဖြစ်သည်။ 
သဒ္ဓသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သဒ္ဓါတရားရှိသော အမျိုးကောင်းသား၏ အာနိသင်ငါးမျိုးတို့အကြောင်းကို ဟောကြားတော်မူခဲ့သည်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ