Skip to main content

ဟာ

ဟာ
၁။ 'က' နဲ့ 'ဟာ' ဘာကွာသလဲ သိပါရစေဆရာ။ ဥပမာ - (၁) ကျွန်တော်က မင်းသားဖြစ်တယ်။ (၂) ကျွန်တော်ဟာ မင်းသားဖြစ်တယ်။
နှစ်မျိုးလုံး သုံးနိုင်တယ်။ ကျွန်တော်သည်၊ ကျွန်တော်ကတော့၊ ကျွန်ုပ်သည်ကား စသဖြင့် နေရာနဲ့ အခန့်အရ အပြော၊ အရေး ရွေးသုံးနိုင်ပါတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)
ဟာ (နာမဝိသေသန)
စကားပြောရာတွင် ကတ္တားပုဒ်ကိုညွှန်းသော စကားလုံး။ “ရောင်ကြီးနဲ့လူဟာ မောင်မောင်ကြီးဆိုတာလားဟု မေး၏။”
ဟာ (စည်း)
၁။ စကားပြောရာတွင် ကြိယာကို ပို၍ ခိုင်မာစေရန် အလေးအနက် ထပ်ဆင့်ဖြည့်ဆက် ပြောသော စကားလုံး။ “ဘယ်ခေမလဲ၊ ဇာတ်လိုက်ပဲဟာ။” “အဟံ ငါငြင်းနိုင်ဘဲဟာမို့၊ သင်းပိုင်လဲရွှဲလို့စိုပြီ၊ လဲဘို့လိုသည်။”
၂။ ရင်းနှီးသူ၊ မိမိထက် နိမ့်ကျငယ်ရွယ်သူအား ပြောဆိုရာတွင် ပြစ်တင်လိုရိပ်နှင့် သုံးသော စကားလုံး။ “နင်ကလဲဟာ မလုပ်ပါနဲ့ဆိုနေတာ။”
ဟာ (နာမ်)
အရာဝတ္ထုတစုံတရာကို ညွှန်းလိုရာ၌သုံးသော စကားလုံး။ (သည်ဟာ၊ ထိုဟာ၊ ဟိုဟာ စသည် အသုံးရှိသည်။)
ဟာ (အာမေဋိတ်)
အံအားသင့်သောအခါ ငြင်းဆိုသည့် အခါတို့တွင် မြည်တမ်းသော စကားလုံး။ “ဟာ အထိန်တော်ကြီး နေရာရှာလို့။” “ဆွဲကွာ၊ ကြိတ်ဆွဲ၊ ဟာ မဖြစ်ပါဘူး။”
ဟာ  = အံ့အားသင့်သည့်အခါ၊ ငြင်းဆိုသည့်အခါတို့တွင်မြည်တမ်းသောစကားလုံး။
ဟာ အထိန်းတော်ကြီး နေရာရှာလို့။ ဝံသသစ်၊ ဒု။ ၁၄၈။
က
က ကိုပိုနားလည်အောင် ဝိဘတ်များအကြောင်းပါ ပူးတွဲတင်ပြပါမယ်။
ဝိဘတ်များ https://burmese-spelling.blogspot.com/2022/08/blog-post_13.html
၂။ တင်ထားတာတခု = လူကောင်းတွေဟာ နှစ်ခါမရဘူး.
ဒီအသုံးထဲက 'ဟာ' သည် 'ကတ္တားပုဒ်' (ပြုသူ၊ ဖြစ်သူ) မဟုတ်။ 'ကံပုဒ်' (အပြုခံ၊ အပြောခံ) ဖြစ်ပါတယ်။ အဲဒါကြောင့်
'လူကောင်းတွေကို' သို့မဟုတ် 'လူကောင်းတွေဆိုတာ' လို့ ရေးသားသင့်တယ်လို့ ထင်ပါတယ်။ 
နောက်တနည်း လူကောင်းတွဆိုတာ နှစ်ခါမရဘူး။
ကျွန်တော်က မြန်မာစာဆရာတော့ မဟုတ်ပါ။ မှားရင် ပြင်ပါမယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ