သစ်ချိုသီး ဖရင်းများ၏ မှတ်ချက်များ =
- မစားရတာ ကြာတော့ သစ်ချိုသီး အရသာကို မေ့နေပြီဗျာ။ သစ်ချိုသီးတွေ ပြန်လည် ချိုမွှေးပါစေ။
- ဒို့ငယ်ငယ်ကသစ်ချိုသီးစားရတာ တယ်အသာရှိ။ သစ်ချိုသီးများမစားရတာကြာလှပြီပေါ့။ အသီးကအမွှေးလေးတွေ သုတ်သုတ်စားရတာ။
- ခေတ်ကောင်းစဉ်အချိန်က တနှစ်တခေါက် ရောက်တယ် ဆရာ..။ အခုတော့ အရမ်းဝေးနေကြလေရဲ့
- ပြန်မရနိုင်မှန်းသိပေမဲ့ ငယ်ဘဝတော့လွမ်းဆွတ် တမ်းတမိပါရဲ့။
ခေတ်တို့၏ ခြားနာချက်
ကျွန်တော်တို့ ငယ်စဉ်က မြန်မာပြည်ဟာ ရိုးရှင်း ဆင်းရဲခဲ့ပါတယ်။ လမ်းဘေးရေအိုးစင်ကရေကို ဝါးရိုတပ် အုန်းမှုတ်ခွက်နဲ့ သောက်ကြရတယ်။ သစ်ချိုးပင်အောက် မြေကြီးပေါ်ကျလာတဲ့ အသီးတွေကို ပုဆိုးနဲ့ ဖုန်နဲ့ အမွေးတွေကို ပြောင်စင်အောင် သုတ်ပြီး စားကြတယ်။ ပုဆိုးကလည်း ချွေးတွေ ချေးတွေနဲ့။ ကန်တော့။
ရောဂါရတယ်လို့လည်း နည်းပါးတယ်။ ဖြစ်ရင်လည်း ဗမာဆေးကိုသာ အားကိုးစရာရှိပါတယ်။
ခုခေတ်မှ သက်တောင့်သက်သာနဲ့ တိုးတက်ချောင်လည်လာကြတယ်။ ကွန်ဂရက်ကျူလေးရှင်း။
ဒါပေမဲ့ ကျွန်တော်တို့ငယ်ငယ်က မရှိခဲ့တဲ့ရောဂါတွေ အသစ်တိုးလာပါတယ်။ ဆောရီး။
- အသည်းရောင်ဘီပိုးကို ၁၉၆၅ ခုနှစ်ကျမှ စတွေ့တယ်။
- HIV ပိုးကို ၁၉၈၃ ခုနှစ်ကျမှသာ စတွေ့တယ်။
- အသည်းရောင်စီပိုးကို ၁၉၉၈ ခုနှစ်ကျမှ စတွေ့တယ်။
- ကိုဗစ်ကို ၂၀၁၉ ခုနှစ်ကုန်ခါနီးကျမှ စသိကြရတယ်။
ကုသဆေးတွေ ကာကွယ်ဆေးတွေလည်း ပေါ်လာတော့ အခုခေတ်ကလူတွေ ကံကောင်းပါတယ်။
ကျွန်တော်တို့ခေတ်က ခက်ခဲကြမ်းတမ်းခဲ့ပြီး။ လူကြီးမင်းတို့ခေတ်မှာ လွယ်ကူကြမ်းတမ်းတယ်။ ဆောရီး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment