Skip to main content

တိမ်ခိုးငယ်မှဝေဝေ အိုင်ချင်း

ခင်ဆွေဦးရေးတဲ့ ဝါဆိုဦးကပန်ဖူးတယ် စကားစုဟာ ဒီကနေလာပါတယ်။

(အမည်မသိ ရှေးစာဆို)

(၁) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့လေ။

တိမ်ခိုးငယ်မှဝေဝေ၊ နှောပင်ကြီး၊ နှောသီးကြွေ၊ လေပွေတိုက်လို့ ဝဲတတ်တယ်။ ။ ဥသျှစ်သီး၊ မြေကြီးမှာမြှုပ်၊ ပြာဖုံးအုပ်လို့ မီးဖုတ်လိုက်ရင်၊ သီးဖော်ရယ်မှသီးဖက်၊ အပင်ထက်မှာ တက်တက်စင်၊ မီးကင်သည့်နှယ် ကွဲတတ်တယ်။ စနေဂြိုလ်စား၊ ကြိမ်ခိုက်များမှာ၊ ချရားသစ်ပင်၊ အိမ်လှေကားတွင်၊ စိုက်ထားလျှင်မူ၊ အင်ခွင်ဥစ္စာ နည်းတတ်တယ်။ တံစက်ရေနှင့်၊ တွင်းရေမတူ၊ ရေခမိုး၊ ရေးချိုးသူ၊ ညှင်းဖြူးပြိုးပြောက် စွဲတတ်တယ်။ ပဝါပြောက်၊ အထောက်ကယ်မှမတန်၊ မျက်နှာသစ်လို့၊ အညစ်ခံ၊ ဝက်ခြံမှည့်လို့ မည်းတတ်တယ်။ သနပ်ခါး၊ ကျောက်ပြားပေါ်တွင်၊ သောက်ရေဧနှင့် ရောသွေးလာလျှင်၊ နံ့သာအပေါ်ကျဲတတ်တယ်။ မိုးချုပ်ကယ်မှနေဝင်၊ စားဖိုထဲ အမဲကင်၊ စုန်းမှင်နတ်တို့ ရဲတတ်တယ်။ ပန်းနီနီ မပန်လေနှင့်၊ အမယ်မှာ နတ်ပန်းပွင့်တဲ့။ အတင့်ငယ်မှရဲချင်၊ ပျော်လိုအားနှင့် ခေါင်းဖျားတင်၊ အလျင်လူနှင့် လွဲတတ်တယ်။

မိဘဘိုးဘွား၊ ဆိုစကားကို၊ နားမျှမဝင်၊ ထီမထင်ဘဲ၊ ကြို့ပင်ကြီးမြောက်၊ ပိတောက်ပင်တောင်၊ ညောင်ပင်ကြီးရင်း၊ ကောက်စိုက်ကယ်ပြန်၊ ထိန်ကန်တွင်းမှာ၊ လာရင်းမျက်မြင်၊ နေမလှန်းတဲ့ ပန်းလွင်လွင်ကို၊ ရွှင်လိုမြူးလို၊ ကစားလို၍၊ ဝါဆိုဦးက ပန်ဖူးတယ်။ အမယ်မင်းဖြစ်ရလေခြင်း။ ရင်းမာရယ်ပေါ်၊ တော်သလင်းနှင့်၊ မိုးတွင်ဝါဝင်၊ ထိုဆောင်းဦးသို့၊ မကူးခင်က၊ အလျင်လူနှင့် ကွဲရတယ်ရှင်။ အပျိုစင်ငယ်က ကျွမ်းပါတဲ့၊ လွမ်းတုံ့တင်လေး။

(၂) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့တော်။

မဲလည်ပင်နှင့် ဒန်းပင်နွဲ့နောင်း၊ ယှက်ကာငယ်ပေါင်း၊ ကင်းကြောင်းဆိပ်တွင်၊ ထိုးဝါးငယ်ဝယ်၊ တကယ်စုန်ဖြစ်မလားတော်။ စုန်မယ်ဆို စုန်မယ့်ရက်၊ ဆက်ဆက်စုန်၊ တီးသည့်စောင့်နှင့် လောင်းသည့်ကြက်ကို ပိုက်လို့ငယ်ငို၊ မောင့်ကိုကုန်သွားတဲ့သလားတော်။ ဆီကိုဆယ့်လေး၊ ဆေးကိုဆယ့်ငါး၊ ကုန်စျေးငယ်နာ၊ ကြာသနှင့်တော်။ ပဲခူးသို့အဝင်၊ သန်လျင်သို့အဆိုက်၊ ပျို့မောင်ရင် ခြင်ပုန်းကိုက်လို့၊ ခြင်ထောင်မပါ၊ လေမလာ၊ မယ်သာဖျတ်ဖျတ်၊ တရုတ်ယပ်နှင့်၊ ဖျတ်ဖျတ်လူးအောင် မရိုက်ပါရ။ မောင်ကလေးအောက်သို့စုန် ရွှေဂုန်ကျွန်း ဝေးလွန်းလှတော်။

(၃) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့ရှင်။

မိကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ ပြေဖူးငဲ့ရှင်။ ဖကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ ပြေဖူးငဲ့ရှင်။ မောင်ကလေး မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ မပြေပါလို။ သောက်တော်ရေအိုး၊ ကျွမ်းထိုးကောင်နှယ်၊ အပျိုဖြူငယ် နှမမှာလ ကြုံရတယ်ရှင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ