Skip to main content

ခန်း ခမ်း ခဏ်း



၁။ ဒီနေရာမှာ ကျောင်းသင်္ဃန်းဆိုတဲ့အသုံးအနှုံးနဲ့ဆက်စပ်စဉ်းစားလိုက်ရင်ပိုပြီးအပ်စပ်မယ်လို့ထင်မိပါကြောင်း။
ကျောင်းသင်္ဃန်းလို့ မတွေ့ဘူးပါ။ ကျောင်းသင်္ခန်းနဲ့ ကျောင်းသင်္ခမ်း မူကွဲရှိတယ်။
၂။ ဒါလေးလဲ သိချင်ပါ သေးတယ်။
နေမွန်းတည့်ပြီ
အပူရှိန်အလွန်ပြင်းသည်
လွန်လွန်ကျွံကျွံမကစားရ
ခွန်အားကုန်ခန်းမည်
ပင်ပန်းနွမ်းနယ်မည်။
၃။ ပြောင်းပြန်ကြီး ခမ်းသာမှန်တာကိုးကားနေကျသတ်ပုံကျမ်းများမှာပြန်ကြည့်ပါ
ပင်လယ်ရေ ဘယ်မခန်း မယ်ထွေး အမိဖမ်း။ ။
၄။ ဆရာ လေ့ကျင့်ခန်း နဲ့ လေ့ကျင့်ခဏ်း ဘယ်ဟာ အမှန် မှန်း ရှင်းပြပေးပါ ဆရာ စာအုပ်ထဲက လေ့ကျင့်ခဏ်း က တော်ဝင်ဧကရီ စာအုပ်မှာ ရေးတာ ဖတ်ဖူးလို့ပါ ဆရာ ခုနောက်ပိုင်း လေ့ကျင့်ခန်းလို့ သုံးနေတာ ဘယ်ဟာ အမှန်မှန်း ရှင်းပြပေးပါ ဆရာ စာနည်းနည်းရှည်သွားရင် တောင်းပန်ပါတယ် ဆရာ။
၅။ ဆရာ သင်ခန်းစာ နဲ့ သင်ခဏ်းစာနဲ့မှာ ဘယ်ဟာ အမှန်ပါလဲ။
အရင်သတ်ပုံစာအုပ်ဟောင်းတချို့မှာ သင်ခဏ်းစာလို့သုံးပါတယ်။ နောက်ပိုင်းမှာ သင်ခန်းစာလို့သာရေးတယ်။ ခဏ်း အရင်ကရေးပါတယ်။ အခုခေတ်မှာ အတော်နည်းလာတယ်။
အခန်းအနားကို ခမ်းခမ်းနာနား ကျင်ပသည်။
အဟမ်း အဟမ်း၊ ချောင်းနပန်းများနှင့် ခမ်းကြီးနားကြီး နေဦးမည်။
ကြီးကျယ်ခမ်းနား
ဆန်းကြယ်ခမ်းနား၊ ရှုဘွယ်များတွင်၊ ရှေးဖျားတမူ။
စည်းစိမ်ခမ်းနား၊ ခြွေရံများဟု
အခန်းအနား အခမ်းအနား
အခန်းအနားကို ခမ်းခမ်းနာနား ကျင်ပသည်။
ခန်း
ကျောင်းခန်း။ အိမ်ခန်း။ ရုံခန်း။ ကွန်ပြုတာခန်း။ ဘုရားခန်း။ ဧည့်ခန်း။ မီးဖိုခန်း။
ကိန်းခန်း၊
ကုန်ခန်းသည်
ခန်းခြောက်
ခန်းဆီး
ခန်းဆောင်
ခန်းတောက်ပင်
ခန်းနေ (ကျောင်ပိုက်မဟုတ်သော ရဟန်း)
ခန်းဖွင့်ကျယ်ကျယ်
ခန်းမ
ခန်းမဆောင်
ခန်းလုံးပြည့်
ခန်းဝင်ပစ္စည်း
ခန်းဝင်ဥစ္စာ
ခန်းဝါ
ခန်းဝါ
ချွဲခန်းသလိပ်၊
စံခန်း၊
စက်ခန်း၊
စခန်းချသည်
စခန်းတထောက်နား
စမ္မခန်း (ဗေဒင်သုံး)၊
စာသင်ခန်း
စေးမခန်းပင်၊
ဆုံးခန်းတိုင်
တခန်းရပ်ပြဇာတ်၊
တနေကုန် တနေခန်း၊
တိုက်ခန်း၊
တိုင်းခန်းလှည့်လည်
ဓာတ်ခွဲခန်း၊
နှာရောင်ခန်း၊
ပင်လယ်ရေဘယ်မခန်း
ပြခန်း၊
ဗေဒင်ကိန်းခန်း
မီးစာကုန် ဆီခန်း၊
ရှုမခန်း
ရုံးခန်း
ရေခန်းသည်
လင်ခန်းမယားခန်း၊
လေ့ကျင့်ခန်း၊
သင်ခန်းစာ၊
*သေခန်းရှင်ခန်း၊
အံ့မခန်း
အခန်းနံပတ်
အိပ်ခန်း
အိပ်ရာတိုက်ခန်း
ခမ်း
ခမ်းကြီးနားကြီး
ခမ်းနား
တခမ်းတနား၊
ကြီးကျယ်ခမ်းနား
မင်းခမ်းမင်းနား
မျက်ခမ်းစပ်ရောဂါ
သဘင်အခန်းအနား
အခမ်းအနား
ကျောင်းသင်္ခန်း
ကျောင်းသင်္ခမ်း၊
နှုတ်ခမ်း၊
နှုတ်ခမ်းမွေး
ခဏ်း
ဒါနခဏ်း (ဒါနခန်း)
ခြီးမွမ်းခဏ်း (ခြီးမွမ်းခန်း)
သင်ခဏ်းစာ (သင်ခန်းစာ)
လေ့ကျင့်ခဏ်း (လေ့ကျင့်ခန်း)
ရွှေစွန်ညို
ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်
မယ်ထွေးလိုလို့ ဝဲပါတယ်။
မယ်ထွေးမပါ တို့ချည်းသာ
ပါပါရက်သား နောက်ကထား။
မယ်ထွေးအသား ခါးလှတယ်
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။
ချောင်းငယ်ရေချမ်း နွေမှာခန်း
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
မြစ်ငယ်ရေချမ်း နွေမှာခန်း
ပင်လယ်ရေနဲ့ ဆေးပါ့မယ်။
ပင်လယ်ရေ ဘယ်မခန်း
မယ်ထွေး အမိဖမ်း။ ။
"ဝင်္ကပါ"
အေးရိပ်သာတဲ့ ပညောင်ညို
ဥဩ တွန်သံချို။
တိုးလျှိုစီးတဲ့ နဒီတွင်း
သမင် ရေသောက်ဆင်း။
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုန် စီ။
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း။ (မောင်ခွေးဖို့ ကဗျာများ - မင်းသုဝဏ်)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ