Skip to main content

စုံတောမြိုင် (၁၉၃၄ ခုနှစ်)

တင်ထားတာတခုမှာ သီချင်းစာသား စာလုံးပေါင်းသတ်ပုံတွေ မှားနေတယ်။ ရေးထာတဲ့အတိုင်းတော့ ဘယ်အဆိုတော်ကမှ အသံမှန်အောင် ဆိုတတ်ကြမယ်မထင်။ စာသားမကြည့်ဘဲ မျက်စိမှိတ်ဆိုကြရလိမ့်မယ်။

ရေး - ရွှေတိုင်ညွန့် ) ဆို - မကြည်အောင်

သူတော်ကောင်းတွေမှ

ကိန်းအောင်မွေ့လျော်ကြတဲ့

စုံတောမဟာမြိုင်

ပန်းမာလာကြိုင် လွမ်းစရာအပိုင်

တောဂနိုင် မြိုင်အတွင်းမှာလ

ပျံ့သင်းယဉ်ယဉ်

ထန်းတပင်နှစ်ပင်

ပန်းသဇင် သဇင်

ပေါပါဘိသနဲ့ စုံတောမြိုင်ကြောင့်

ပြောင် ဆင် ကျားရဲ ကျွဲနှင့် ယုန်ငယ်

ချေ ဒရယ် ပျော်ဖွယ် ဖိုမ

မြူးကြတယ် စုံတောမြိုင်

ပြောင် ဆင် ကျားရဲ ကျွဲနှင့် ယုန်ငယ်

ချေ ဒရယ် ပျော်ဖွယ် ဖိုမ

မြူးကြတယ် စုံတောမြိုင်

သီတာ ဖီလာ မြောင်ကာဆီးပါလို့

တောင်ကြီးတွေက

အုံ့မှိုုင်းရည် အုံ့မှ်ိုုင်းရည်

တောင်ကြီးတွေက

အုံ့မှိုင်းရည် အုံ့မှိုုင်းရည်

သီတာ ဖီလာ မြောင်ကာဆီးပါလို့

တောင်ကြီးတွေက

အုံ့မှိုုင်းရည် အုံ့မှိုင်းရည်

တောင်ကြီးတွေက

အုံ့မှိုင်းရည်

နဂါး ဂဠုန် ကုမ္ဘဏ်တွေက

လွန်ပျော် လွန်ပျော်မြူး

နဂါး ဂဠုန် ကုမ္ဘဏ်တွေက

လွန်ပျော် လွန်ပျော်မြူး မြူး

ထူးလည်းထူးတဲ့ သည်မြိုင်

ခရီးဝေးလွန်းလို့ လူသူမရောက်နိုင်

ထူးလည်းထူးတဲ့ သည်မြိုင်

ခရီးဝေးလွန်းလို့ လူသူမရောက်နိုင်

သီတာ ဖီလာ မြောင်ကာဆီးပါလို့

တောင်ကြီးတွေက

အုံ့မှိုင်းရည် အုံ့မှိုင်းရည်

တောင်ကြီးတွေက

အုံ့မှိုင်းရည် အုံ့မှိုင်းရည်

သီတာ ဖီလာ မြောင်ကာဆီးပါလို့

တောင်ကြီးတွေက

အုံ့မှိုုင်းရည် အုံ့မှိုင်းရည်

တောင်ကြီးတွေက

အုံ့မှိုင်းရည် အုံ့မှိုင်းရည်

နဂါး ဂဠုန် ကုမ္ဘဏ်တွေက

လွန်ပျော် လွန်ပျော်မြူး

နဂါး ဂဠုန် ကုမ္ဘဏ်တွေက

လွန်ပျော် လွန်ပျော်မြူး မြူး

ထူးလည်းထူးတဲ့ သည်မြိုင်

ခရီးဝေးလွန်းလို့ လူသူမရောက်နိုင်

ထူးလည်းထူးတဲ့ သည်မြိုင်

ခရီးဝေးလွန်းလို့ လူသူမရောက်နိုင်

အို ပြောမဆုံးနိုင်

အနုံးပြေစရာပါ့ထိုင်

ဖော် မပါနိုင် တယောက်ထည်း

အသည်းထိတ်စရာ့ စုံမြိုင်

အို ပြောမဆုံးနိုင်

အနုံးပြေစရာပါ့ထိုင်

ဖော် မပါနိုင် တယောက်ထည်း

အသည်းထိတ်စရာ့ စုံမြိုင်

စမ်းရေအိုင် ဘယ်ဆီမျှော်မှန်း

လွမ်းလို့မတွေးတော့နိုင်

စမ်းရေအိုင် ဘယ်ဆီမျှော်မှန်း

လွမ်းလို့မတွေးတော့နိုင်

သည်တော အမောပြေစရာ

အဟုတ်ပါ့ ကြည်လင်တဲ့မြိုင်

တောင်တန်း လွမ်းစရာ့

စုံတောမြိုင်

ပြောင် ဆင် ကျားရဲ ကျွဲနှင့် ယုန်ငယ်

ချေ ဒရယ် ပျော်ဖွယ် ဖိုမ

မြူးကြတယ် စုံတောမြိုင်။   ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ