Skip to main content

သေချင်သေ သေရင်မြေကြီးပါကွယ် ရှင်ရင်လေ ရွှေထီးကိုလည်းမောင်မမျှော်မှန်းတယ်

Tay ဆိုတာက fb က (သေ) ဆိုတာရေးရင် သူတို့စည်းမျဉ်းများနဲ့ မကိုက်ညီလို့ အကောင့်ကန့်သတ်ခံရနိုင်လို့ လွှဲရေးထားတာပါ ဆရာ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ

အဲလိုပြောလို့ သေစာလုံးနဲ့ပို့စ်တွေ ထပ်တင်ကြည့်တယ်။ အခုထိ ဖျက်တာ အရေးယူတာ ဘလော့တာ မလာသေးပါ။

ထွေးညို (တွံတေးသိန်းတန်)

ပန်းစံပယ်

သြော် နန်းအလယ်မပေါ်ခိုက်ဟာမို့

အလိုက်တော်တန်သင့်ရုံပ

ခံပွင့်ကိုကုံး ရတယ်

ထွေးညိုလေးရယ်

အဆွေးဆိုတာ ဖျေက်ဖျက်ပစ်ရမယ်

မျှော်လင့်ရည်မှန်းထားတဲ့

ပန်းတိုင်အသွယ်သွယ်

ရတာတဲ့တ နေ့ဝယ်

တေးဆိုကာကွယ်

သြော်ထွေးညိုကိုချော့ဖို့

သော့သော့လာခဲ့မယ် 

အခုများတော့

တိုင်းပြည်ဝန်ထမ်းလျက်မို့

ထွေးညိုလေးရယ်

အဆွးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်

တ ခါ တလေ ဝဠာဗွေအုံ့ဆိုင်း

ရှစ်တိုင်း ကမှောင်

တောမြောင်ချောက်ကြား

အသက်စွန့်ဆံဖျားသွားတဲ့အခါများဝယ်

ထွေးညိုကိုတမ်းတလို့

မှန်းဆရုံနဲ့ ကျေနပ်ရတယ် ကွယ်

မျှော်လင့်ရည်မှန်းထားတဲ့

ပန်းတိုင်အသွယ်သွယ်

ရတာတဲ့တ နေ့ဝယ်

တေးဆိုကာကွယ်

သြော်ထွေးညိုကိုချော့ဖို့

သော့သော့လာခဲ့မယ် 

အခုများတော့

တိုင်းပြည်ဝန်ထမ်းလျက်မို့

ထွေးညိုလေးရယ်

အဆွးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်

တ ခါ တလေ ဝဠာဗွေအုံ့ဆိုင်း

ရှစ်တိုင်း ကမှောင်

တောမြောင်ချောက်ကြား

အသက်စွန့်ဆံဖျားသွားတဲ့အခါများဝယ်

ထွေးညိုကိုတမ်းတလို့

မှန်းဆရုံနဲ့ ကျေနပ်ရတယ် ကွယ်

ပန်းစံပယ်

သြော် နန်းအလယ်မပေါ်ခိုက်ဟာမို့

အလိုက်တော်တန်သင့်ရုံပ

ခံပွင့်ကိုကုံး ရတယ်

တ ချိန်တုန်းကထွေးညိုလေးရယ်

ဝေးပေမယ့် မောင်ကြီးဖြေနိုင်တယ်

အခုတော့ခက်တယ်လေကွယ်

မျက်နှာငယ်မလေးထွေး ရယ်

သေချင်သေ

သေရင်မြေကြီးပါကွယ်

ရှင်ရင်လေ

ရွှေထီးကိုလည်းမောင်မမျှော်မှန်းတယ်

သေချင်သေ

သေရင်မြေကြီးပါကွယ်

ရှင်ရင်လေ

ရွှေထီးကိုလည်းမောင်မမျှော်မှန်းတယ်

အဝေးစစ်မြေစခန်း က

အောင်ပွဲနဲ့မြန်းလာခဲ့ရင်

သပြေပန်း နဲ့

လက်လှမ်းကြိုမယ်ထင်တယ်ကွယ်

အတွေးနဲ့တကယ် တေးဆိုကာကွယ်

သြော် ထွေးညိုကိုချော့ဖို့

သော့သော့လာခဲ့ပေမယ့်ကွယ်

ရွာအဝင်လမ်းဝယ်

မောရင်းပန်းရင်းလွမ်းစရာကြုံတော့ တယ်

သေချင်သေ

သေရင်မြေကြီးပါကွယ်

ရှင်ရင်လေ

ရွှေထီးကိုလည်းမောင်မမျှော်မှန်းတယ်

သေချင်သေ

သေရင်မြေကြီးပါကွယ်

ရှင်ရင်လေ

ရွှေထီးကိုလည်းမောင်မမျှော်မှန်းတယ်

အဝေးစစ်မြေစခန်း က

အောင်ပွဲနဲ့မြန်းလာခဲ့ရင်

သပြေပန်း နဲ့

လက်လှမ်းကြိုမယ်ထင်တယ်ကွယ်

အတွေးနဲ့တကယ် တေးဆိုကာကွယ်

သြော် ထွေးညိုကိုချော့ဖို့

သော့သော့လာခဲ့ပေမယ့်ကွယ်

ရွာအဝင်လမ်းဝယ်

မောရင်းပန်းရင်းလွမ်းစရာကြုံတော့တယ်။   ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ