Skip to main content

ဖတ် နဲ့ ဖက် မှားရေးတာတွေ အများကြီး

ရခိုင်မုန့်တီ မုန့်ဖက် ၁ ပိဿာနဲ့
ဖတ် နဲ့ ဖက် မှားနေသည်။
• ကင်ဆာဆေးစသွင်းဖို့ စစ်ခိုင်းထားတဲ့သွေးအဖြေပါ တက်သိနားလည်တဲ့ဆရာများ ဖက်ပေးကြပါဦးနော် (တတ်သိ လို့ ရေးရ။ ဖတ်ပေး လို့ ရေးရ။)
• ခွဲစိပ်ပြီးကတည်းက ဝမ်းသွားတဲ့အခါ ဝမ်းက (ကန်တော့ပါဆရာ) အဖက်(အဖတ်) လေးတွေပဲ သွားပါတယ်ဆရာ 
• ခုခေတ်က ကျွဲဖက် တဲ့။ (အများညီ ဤကျွဲဖတ်)
• ဆရာ့စာတွေ ဖက်(ဖတ်)လို့ မရဘူးတဲ့။ 
• ဆရာမဂလာပါရှင့် ဆရာ တင်တဲ့ ကျန်းမာရေးတွေကို နေတိုင်းဖက်(ဖတ်)ပါတယ်
• ဆရာရှင့် သမီးမောင်လေးက သွေးအားနည်းလို့ ဆေးရုံတက်ရပါတယ် ဆေးရုံဆင်းပြီး သမီးတို့စစ်ရှောင်ရတော့ သူသောက်နေတဲ့ဆေးတွေကအိမ်မှာကျန်ခဲ့တာပါ သူ့အသားတွေကဖြူဖက် (ဖတ်) ဖြူလျော်ဖြစ်တာနဲ့ 
• ဆရာရေးတဲ့စာတွေဖက် (ဖတ်) ဖူးတဲ့အထဲက ဂရင်ဂျီနာ ဆိုတာများလားဆရာ။ 
• ဆေးရုံကပေးလိုက်တဲ့ အဖြေစာရွက်လား ဘာစာရွက်လဲး (လဲ) ဖက် (ဖတ်) ပေးကြပါအုံးဆရာတို့
• တချို့တွေကို အဖတ်မလုပ်ပါနဲ့ - အဖက်မလုပ်ပါနဲ့လို့ ရေးရ။
• တချို့လူတွေကို အဖတ် (အဖက်) မလုပ်ပါနဲ့ 
• တခါတလေ မနက်အိပ်ယာထမှာ အဖြူဖက်(အဖြူဖတ်)ကလေးတွေပါးစပ်က ထွက်ပါတယ်ရှင့်။
• ဒီနေ့ရော မနေ့ကရော နှမ်းဖက်(နှမ်းဖတ်)ချဉ် အမှာများတွက် နှမ်းဖက်(နှမ်းဖတ်)ချဉ် ကြော်နည်း နှမ်းဖက်(နှမ်းဖတ်)ချဉ်သုပ်နည်းများ ပုံ တခုဆီ(တခုစီ)အောက် စာရေးပေးထားပါတယ်နော်
• ယနေ့ နှင်းဆီ ပွင့်ဖက်(ပွင့်ဖတ်) တစ်ခု(တခု) ကြွေခဲ့ ရသစာပေဟာ နှလုံးသား ကိုယ့်ကို အသိအမှတ်ပြုသူဟာ နှင်းဆီပေါ့။
• ယိုးဒယားစပန့်တွေ အအေးသား မထူမပါးဖြစ်တာမို့ အခုရာသီဥတု နဲ့ အရမ်းလိုက်ဖတ်နေရော (လိုက်ဖက်) 
• ယူနီကုဒ်ပြောင်းတော့ ဆရာ့စာတွေ(ဖက်) မရဘူးတဲ့။ ဖတ်နဲ့ ဖက်လည်း အတော်မှားကြတယ်။ ဘာကြောင့်လဲ။ မြန်မာစာချစ်သူများ၊ ရသကြိုက်သူများ၊ ဝီကီပီးဒီယားမှာ စာတွေတင်နေသူများ ဖြေပါရန်။
• ဝက်ဆီဖက် (ဝက်ဆီဖတ်) ငံပြာရည်ကြော်အော်ဒါတွေရှိပါတယ်ရှင် - ဟုတ်ကဲ့ဒေါက်တာ ပြင်လိုက်ပါ့မယ် ကင်ဆာဆေးစသွင်းဖို့ စစ်ခိုင်းထားတဲ့သွေးအဖြေပါ တက်သိနားလည်တဲ့ဆရာများ ဖက်ပေးကြပါဦးနော် (တတ်သိ လို့ ရေးရ။ ဖတ်ပေး လို့ ရေးရ။)
• သားအိမ်ခြစ်ထားတာ သွေးကျဲကျဲလေးတွေ နည်းနည်း ထွက်တယ် ဆီးသွားရင်လည်း အသားဖက်(ဖတ်)လို နည်းနည်း လေးလေး လေးတွေ ပါတယ် စိုးရိမ်ရလားရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ 
ဖတ်
ကွမ်းဖတ်
ချဉ်ဖတ်
စာအံစာဖတ်
နှမ်းဖတ်
နိမိတ်ဖတ်
ပေါက်ဖတ်ကောင်
ဖတ်စာ (နောက်သုံး)
ဖတ်တငံ့ငံ့
ဖတ်ဖတ်ကျေ
ဖတ်ဖတ်မော
ဖတ်ရွတ်
ဖတ်လတ်ဖတ်လတ်
ဖတ်သီဖတ်သီ
ရွတ်ဖတ်
ဝါဂွမ်းဖတ်
ဟင်းဖတ်
အဖတ်တင်
အမွေးစုတ်ဖတ်
အရည်အဖတ်

ဖက်
ငှက်ပျောဖက်
စာမဖတ်တတ်သူကို အဖက်မလုပ်ကြသဖြင့် အသုံးလုံသင်တန်းဖွင့်ရမည်
ဆန့်ကျင်ဖက်
တဖက်တလမ်း
ပွေ့ဖက်ထားသည်
ပေါင်းဖက်သည်
ဖက်၍ထားသည်
ဖက်ကတော့
ဖက်ခွက်စား
ဖက်ခွက်နာ
ဖက်စပ်လုပ်ငန်း
ဖက်စိမ်းရောင်
ဖက်ဆွတ်ပင်
ဖက်ဆွတ်မိုး
ဖက်ဆွတ်ရေ
ဖက်ဆေးပေါ့လိပ်
ဖက်ညွန့်
ဖက်တွဲ
ဖက်ထစ် = အမြဲမကွာ
ဖက်ထုပ်
ဖက်ထုပ်ကြော်
ဖက်ထုပ်ပေါင်း
ဖက်ပြိုင်
ဖက်ဖူးဆင် ခင်ခင်ကြိုက်တယ်
ဖက်ဖူးရောင်
ဖက်ယမ်းနမ်းရှုပ်
ဖက်ယှဉ်ဖက်တွဲ
ဖက်ယားပင်
ဖက်ရမ်း
ဖက်ရှင်ဝတ်
ဖက်လဲတကင်း = စုံမက်နှစ်သက်ဘွယ်ပြုသည်
ဖက်သန်းပင်
ဖက်အုပ်ပင်
မုံ့ဖက်ထုပ်
ရှမ်းဖက်လိပ်
လက်ဖက်ခြောက်
သွားဖက်လာဖက်
အင်ဖက်
အသက်ကိုဖက်နဲ့ထုပ်ထား
- စာမဖတ်တတ်သူကို အဖက်မလုပ်ကြသဖြင့် အသုံးလုံသင်တန်းဖွင့်ရမည်
- အကာဆူးခက် အင်ဖက်အမိုး ကျူရိုးတိုင်ထူ နေပူကျဲကျဲ ဝက်သိုက်ထဲတွင် အုတ်ခဲခေါင်းအုံး အိုးတလုံးဖျာမရှိ ဘူမိကမ္ဗလာ မြေမွေ့ယာနှင့် ချူချာတော်မူလှသော (ရေသည်ပြဇာတ်)
- အင်ဖက်ကို မိုး ကျူရိုး ခေါင်တိုင် ဆူးကိုင်း ဆူးတက် ဝန်းလျှက် ရံကာပြာကျအောင် မွဲမှာလည်း မစိုးရိမ်ပါတယ် (မငိုပါနဲ့ ညီမငယ်ရယ် တွံတေးသိန်းတန်)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ