Skip to main content

ထန်းတက်သမား

(ပါမောက္ခဦးအေးမောင် ပြုစုသော ကဗျာ့ပန်းကုံးမ)

နွေဦးကာလမြူထသော့ခါ၊

ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ။

ဓါးနှီးထက်စွာ၊ ခါးမှာချပ်လျက်။

ထန်းဖွင့်ထန်းကိုင်၊ ရွှန်းမြိုင်မြိုင်၊

ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ ။

ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ။

စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ် ထန်းဦးရေ။

မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊

သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊

ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ ။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ။

ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ချောက်သော့ခါ။

ပတတ်ယုန်ခါ၊ တောမှာရှိကြ။

ငုံးကြက်ကယ်ဖွတ်မြွေ၊ ဝံပုလွေ

မနေထွကလာကြသည်တည့်လေး

ဝမ်းသာအားရမယားကတသွယ်။

ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်။

လင်ကတသွယ်၊ ယုန်ငယ်ကစ။

တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊

အိတ်မှာသာယူ၍ ချသည်နှင့်လေး။ ။

သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊

တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်။

ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး။

အိုးခင်းနှင့်လှော်၊ ရေနှင့်ကြော်၊

မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။ ။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသော့ခါ။

သ္မီးနှင့်သား၊ များလို့မဝင်သာ။

ဒူးတဘက်ဟာ၊ တွန်းကာဖယ်လျက်။

သူ့ထက်ငါလေ၊ စားတော့မည်စေ၊

စားပေသာလှ-အုန်းခွက် ကယ်နှင့်လေး။ ။

ငုံ့လျက် ကိုယ်စီသာ၊ ဆုပ်ကာ လွေးတော့သည်။

ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။ ။ (ဝန်ကြီးပဒေသရာဇာ)

မူကွဲ မူလွဲတွေ ရှိတယ်။ သ္မီးလည်း မှန်တယ်။ မြမ္မာလည်း မှန်တယ်။

ခုခေတ် မြန်မာစာဆရာကြီးတွေက ဓါးလို့ရေးတာ မှားသတဲ့။

စာလုံးပေါင်းသတ်ပုံတွေကို ပြင်ကြသူတွေဟာ 'ပါမောက္ခဦးအေးမောင' ထက မြန်မာစာတော်ကြတယ်လိုမထင်ပါ။ ကန်တော့ + ဆောရီး

ပါမောက္ခ 'ဦးဧမောင' လို့လည်း တွေရပါတယ်။

ဦးဧမောင် (၁၉ဝ၅-၁၉၈၅) သညစာရေးဆရာပါမောက္ခ ဆရာတဦး ဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူများအနကတဦးဖြစ်သည့်အပြင်၊ ကျောင်းသုံးစကားပြေနှင့် မြန်မာသဒ္ဒါသစတို့ကို ဦးစီးပြုစုခဲ့သူ ဖြစ်သည်။ ၁၉၃၀ ခုနှစ်ဝန်းကျငခေတ်စမ်းစာပေလှုပ်ရှားမှုတွငဇော်ဂျီသိပ္ပံမောင်ဝမင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတကုသနှင့် ဦးဧမောငတိုဦးဆောင်ပါဝင်ကြသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ