(ဆုတောင်းပေးချင်သူတွေကို အားနာလျက်နဲ့ စာကို ပြန်တင်ပါတယ်။ ဆုတောင်းစကားရေးချိန်အစား ကိုယ့်မိသားစုအကျိုးအတွက်သာ ဆောင်ရွက်ကြစေချင်ပါတယ်။)ကျွန်တော်တို့အိမ်ထောင်ပြုတာ ၁၆-၇-၂၀၂၃ နေ့မှာ ၅၃ နှစ်ပတ်လည်ပါမယ်။
• ‘ဆေး-မန်း’ ကနေ ‘ဝ/သ-မန်း’ ကို မင်္ဂလာလမ်းကနေသွားခဲ့တာ အကြိမ်ပေါင်းများစွာ။ သမိုင်းကျောင်းသူဟာ ဆေးကျောင်းသားနဲ့ယူအပြီးမှာ ရေးရတော့တာ နိုင်ငံရေးသမိုင်းပါ။ သူရေးတာတွေကို စာရွက်ပေါ်မှာ တွေ့ရမယ်တော့ မဟုတ်ပါ။
• အစိုးရခန့်ဆရာဝန် ဆယ့်ငါးနှစ်လုပ်အပြီးမှာတော့ ဆေးရုံကို လာလာ မလာလာ၊ ဆေးခန်းကို လာလာ မလာလာ၊ လူမှန်သမျှဟာ ကျွန်တော့လူနာတွေဖြစ်လို့ လာပါတော့တယ်။
• ကျွန်တော်တို့မင်္ဂလာနှစ်လည် နှစ်ဆယ်ကျော်ကတည်းက လူနာတွေအားလုံးအတွက် ရင်လေးနေရတာ ခုအထိပါ။
• တိုင်းပြည်ရဲ့ နာတာရှည်တွေ၊ ကျွမ်းနေတာတွေ၊ ခွဲစိတ်ထုတ်ပေးရမှာတွေ၊ အစားထိုးကုရမှာတွေ၊ သက်သာသလိုရှိခဲ့တာဟာ ဆေးမြီးတိုနဲ့ကုရလို့ပါ။ ရောဂါဟောင်းကိုတော့ အမြစ်ပြတ် သတ်နိုင်ကြမှသာ၊ ပြန်မပေါ်မှာ။
• ‘ဇီဝက’ နောက်မှာ သမားတော်ပေါင်းများစွာ ပေါ်ပေါက်လာ၊ ‘ဟစ်ပိုကရေးတီး’ နောက်မှာ ဆရာဝန်ပေါင်းများစွာ ပေါ်ပေါက်လာ၊ သမားတော်သစ်၊ ဆရာဝန်သစ်တွေက ဆက်လက် သည်ပိုးကြပါ။ တိုင်းပြည်ကြီး နေကောင်းပါစေသတည်း။ ။
ဆုတောင်းပေးချင်သူတွေ ဆုတောင်းစကားရေးချိန်အစား ကိုယ့်မိသားစုအကျိုးအတွက်သာ ဆောင်ရွက်ကြစေချင်ပါတယ်။
ဓါတ်ပုံ ၁၉၇၈၊ မြို့သာတိုက်နယ်ဆရာဝန် တာဝန်ထမ်းစဉ်က၊ သားသမီးငါးယောက်နဲ့အတူ။
ဒေါက်တာတင့်ဆွေ
၁၅-၇-၂၀၁၄
၁၅-၇-၂၀၂၃

Comments
Post a Comment