Skip to main content

August သြဂုတ်လ

၂၀၂၃ ခုနှစ် သြဂုတ်လဟာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ကနေ ဝါခေါင်လပြည့်နေ့အထိ ကျတယ်။ ၁-၈-၂၀၂၃ နေ့က ဓမ္မစကြာနေ့။

သြဂုတ်လကို အရင်က လက်တင်ဘာသာနဲ့ Sextili ဆက်စတီလီလို့ခေါ်ခဲ့တယ်။ အဲဒီခေတ်တုံးက တနှစ်မှာ ၁ဝ လသာ ရှိပြီး၊ ဒီလက ဆဋ္ဌမမြောက်လမို့ ခေါ်တာဖြစ်ပါတယ်။ ဘီစီ (၈) ရာစုရောက်မှ Augustus သြဂတ်စတပ်ကို ဂုဏ်ပြုပြီး သြဂတ်စ်လ ဖြစ်လာတယ်။ သူဟာ ရိုမန်အင်ပါယာကို တည်ထောင်ခဲ့သူဖြစ်တယ်။

သြဂုတ်လ အမှတ်တရနေ့များ

• ၁ ရက်နေ့ ဆွစ်ဇာလန် အမျိုးသားနေ့

• ၆-၈-၁၉၆၂ ဂျမေကာလွတ်လပ်ရေးနေ့၊

• ၈-၈-၁၉၈၈ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးနေ့

• ၉ ရက်နေ့ စင်္ကာပူ အမျိုးသားနေ့၊

• ၁၄-၈-၁၉၄၇ ပါကစ္စတန်လွတ်လပ်ရေးနေ့

• ၁၅-၈-၁၉၄၇ အိန္ဒိယလွတ်လပ်ရေးနေ့

• ၁၇-၈-၁၉၄၅ အင်ဒိုနီးရှားလွတ်လပ်ရေးနေ့

• ၂၄-၈-၁၉၉၁ ယူကရိန်းလွတ်လပ်ရေးနေ့

• ၂၇ ရက်နေ့ မိုလ်ဒိုဗာ အမျိုးသားနေ့

• ၃၁ ရက်နေ့ မလေးရှား အမျိုးသားနေ့

• Edinburgh Festival အီဒင်ဘတ်အနုပညာပွဲတော် (သြဂုတ်လ တလလုံး)

ကျန်းမာရေးအသိပညာပေးများ

• National Immunization Awareness Month အမျိုးသား ကာကွယ်ဆေးထိုးလ

• National Psoriasis Awareness Month အမျိုးသား ဆိုရီယေးဆစ်ရောဂါ အသိပေးလှုံ့ဆော်ရေးလ

• National Water Quality Month အမျိုးသား ရေအရည်အသွေး အသိပေးလှုံ့ဆော်ရေးလ

• Cataract Awareness Month မျက်စိရေတိမ်ရောဂါ အသိပေးလှုံ့ဆော်ရေးလ

• Children's Eye Health and Safety Month ကလေးသူငယ် မျက်စိကျန်းမာရေးနှင့်လုံခြုံရေးလ

• Children's Vision and Learning Month ကလေးသူငယ် အမြင်စွမ်းအားနှင့် လေ့လာသင်ယူရေးလ

• Neurosurgery Outreach Month အာရုံကြောခွဲစိတ်ပညာ အရောက်သွားရေးလ

• Spinal Muscular Atrophy Awareness Month ခါးရိုးမကြီး ကြွက်သားအာနည်းရောဂါ အသိပေးလှုံ့ဆော်ရေးလ

သြဂုတ်လကျောက်မျက်ဟာ Peridot အစိမ်းရောင်ကျောက်ဖြစ်တယ်။

Gladiolus သစ္စာပန်းဟာ သြဂုတ်လရဲ့ပန်းဖြစ်တယ်။ အလှ၊ စာရိတ္တ၊ လက်ထပ်မင်္ဂလာ၊ မိသားစုဆိုတဲ့ ဂုဏ်တွေကို ကိုယ်စားပြုတယ်။ မြန်မာ့ယဉ်ကျေးမှုအရ ဝါဆိုလမှာ ပုန်းညက်ပန်းနဲ့ ဝါခေါင်လမှာ ခတ္တာပန်းတွေဖြစ်တယ်။

သြဂုတ်ဆယ်နှစ်ရာသီခွင်တွေက လီယို ခေါ် ခြင်္သေ့ (သိဟ်) နဲ့ ဗာဂို ခေါ် အပျိုစင် (ကန်) ရာသီတွေပါဝင်တယ်။

၆-၈-၁၉၄၅ နေ့ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြိ့ုကို အနုမြူဗုံးကြဲခဲ့တဲ့နေ့ဖြစ်တယ်။ ၉-၈-၁၉၄၅ နေ့ဟာ ဂျပန်နိုင်ငံ နာဂါဆာကီမြိ့ုကို အနုမြူဗုံးကြဲခဲ့တဲ့နေ့ဖြစ်တယ်။ ၁၉၄၈ သြဂုတ်လ (၉) ရက်ဟာ ကျွန်တော့် မွေးနေ့ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ