Skip to main content

အစ်ကို အကို အစ်မ အမ


- ဒေါက်တာခများ အကိုနဲ့ အစ်ကိုကို အမှန်ဘယ်လိုယူလဲသိပါရစေ
- အားမနာရလောက်သူလို့ ယူဆတဲ့အတွက် အစ်မတ​ယောက်နဲ့အတူကို အမတယောက်နဲ့အတူလို့ ပြင်ပေးလိုက်တယ်။ ဆောရီး။
တယောက်လို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
အရင်ကလည်း အစ်မ၊ အစ်ကိုလို့ ရေးတာတွေရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ အမ၊ အကိုလို့ရေးတာကို ပိုပြီး သဘောကျမိတယ်။ အစ်မ၊ အစ်ကိုလည်း မမှားပါ။
ခေတ်သဘောအရ ပြောင်းလဲလာခြင်းဆိုတာ အရင်ကထက် ပိုပြီး ရှင်းလင်း တိုတောင်း တိကျလာရတာမျိုး ဖြစ်ပါတယ်။ ဆိုလိုချက်လည်း မပျက်စေရပါ။
၁။ ဆရာရှင် အစ်မ နဲ့ အမ ရောနေလို့ပါ။ ဘယ်ဟာအမှန်ပါလည်းရှင့်။ အထီးအမလား အထီးအစ်မပါလား ကိုယ့်ထက်အကြီးကို အမလို့ပေါင်းတာ မှန်ပါလားရှင့်။ ကျေးဇူးပါရှင်။
၂။ အစ်ကို အကို ဘယ်တခု မှန်မလဲ ဆရာခင်ဗျာ
၃။ အစ်မနှင့် အမ အမှန်အမှားကိုလည်း သိချင်ပါသည် ဆရာရှင့်။
၄။ ဆရာ အမ (အစ်မ) က သတ်ပုံများ မှားနေသလားလို့ပါ။ အကြံပြုတာပါဆရာ။ ဆရာက မြန်မာစာပေ သတ်ပုံမှားတာကို မကြိုက်သူမို့ပါ။
၅။ အစ်မ၊ အစ်ကို ရေးတော့အမှန် ဖတ်တော့အသံလားဆရာ။
၆။ အစ်မမှာ စလုံးသတ်ပါပါသလားဆရာ။ ဒွိဟဖြစ်နေမိလို့ပါ။ ဆရာ့ရဲ့ posts တွေကို see first လုပ်ပြီး အမြဲဖတ်ပါတယ်ရှင့်။ အခုနောက်ပိုင်းစာတွေဖတ်ရင်တစ်နဲ့တတွေကို မရှာပေမယ့် သတိထားမိလာပါတယ်။ ကိုယ်တိုင်ရေးတဲ့အခါမှာလည်း သတိပိုထားခဲ့ပါတယ် ဗန်းစကားတွေကိုလည်း မကြိုက်ပါဘူးရှင့်။ သတ်ပုံမှန်တဲ့ အရေးအသားကိုပဲ နှစ်သက်ပါတယ်။ သတိထားလိုက်နာရအောင် အမြဲတင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
အစ်
ကွမ်းအစ်၊
ဆင်အစ်သည်
ဘကရီးအစ် (ဘက္ကရီးအစ်)၊
အစ်ထုတ်သည် (စကားထွက်လာအောင်)
အစ်အံ
လိင်ခွဲခြား ရေးသားတာမှာ အထီး နဲ့ အမ မှန်တယ်။
အရင်ကထုတ်တဲ့ သတ်ပုံစာအုပ်တွေမှာ အကို၊ အစ်ကိုလို့ မပါခဲ့ပါ။ နောက်ထုတ်စာအုပ်တွေမှာလည်း အစ်ကို၊ အစ်မလို့ ရေးကြတယ်။ အကို၊ အမလို့ ရေးလာတာလည်းရှိတယ်။
ရေးတော့အမှန် ဖတ်တော့အသံထုံးကို လိုသလိုယူသုံးနေကြတယ်။ တချို့ပြောတာတွေက မမှန်ပါ။ တစ်ခါတစ်ရံကို တခါတရံအသံထွက်လို့မရပါ။ သတ်ပုံမှားရေးနေသူတွေက အမှားကို ဖုံးဖိနေကြတာဖြစ်တယ်။ ခေါင်းကိုက်ကိုသာ ဂေါင်းကိုက်သံထွက်တယ်။
ရေးတာတော့ မမှား၊ ဖတ်ကား အသံဖြစ်ရပါတယ်။ ကျွန်တော်တို့တသက်လုံး ညီအကိုတွေ စာရေးရင် အကိုကြီး၊ အကိုလေးလို့သာ ရေးကြတယ်။
မြန်မာ့စွယ်စုံကျမ်းမှာတော့ အစ်ကိုလို့ ရေးတယ်။ ခေတ်သဘောအရ လွယ်အောင်ပြင်ကြတယ်။ အကို၊ အမသည်သာ သင့်မြတ်မယ်ထင်ပါတယ်။ အစ်မလည်း မမှားပါ။
မောင်နှမကိုလည်း စသတ်ရန် မလိုပါ။
အစ်မ၊ အစ်ကိုအသံဟာ ရုပ်ရှင်တွေထဲမှာ ကုလား-မြန်မာ ကပြားသရုပ်ဆောင်သူတွေကနေ ဗမာစကားပြောတာနဲ့ တူတယ်။
အမကြီး အမိအရာလို့ ဆိုစကားရှိတယ်။ တကယ်လို့ ရှေ့က အမကို စသတ်နဲ့ရေးရင် နောက်က အမိကိုပါ ထည့်ရမလိုဖြစ်သွားတယ်။
အမကြီးတော့ အမိအရာ
မေမေတယောက်ထဲနဲ့တော့ ပြစ်ထားဘို့ကို မတွေးပါ၊ တာဝန်ယူရမှာ ကျမမှာ။ ချစ်သူက အမြဲနားပူဆာ ချစ်တာဘဲပြောနေတာ၊ နောင်တချိန်တခါမှာ ငြိုငြင်ရင်သာ နောင်တ တခုသာ အဖတ်တင်မှာ။
မန္တလေးရုပ်ရှင်ဇာတ်ကားတွေမှာ မကြာခဏသရုပ်ဆောင်ရတဲ့ ခင်မောင်လေးက ကုလား-ဗမာ ကပြား။ ကုလားနေရကနေ ပါရတယ်။ ရုပ်ရှင်ထဲမှာ သူအပြင်မှာပြောတဲ့ အစ်ကို စာလုံးကို တမင်တကာ ကုလားသံ ပိုထွက်ပြရတယ်ထင်တယ်။ ကာတွန်းတွေထဲမှာလည်း တရုပ်-ဗမာကပြားကလည်း တရုပ်သံ ပိုပီပြင်ရလေ့ရှိတယ်။
အစ်ကို အစ်မလို့ အရင်က ရေးကြလေ့ရှိပေမဲ့ အကို အမလို့သာ သုံးစွဲလာတာ များများလာတယ်။ ခေတ်သဘောအပြောင်းအလဲနဲ့ ကိုက်ညီတယ်။ ခေတ်ဆိုတာ ပိုလွယ်ကူ၊ ပိုမြန်ဆန်ရရိုးဖြစ်တယ်။ ဆိုလိုချက်တော့ မပျက်ရပါ။ အခုတော့ ရှည်အောင် ရှုပ်အောင်ရေးတာကို အဟုတ်ထင်သူက မနည်းပါ။
ဆရာဝန်ကတော့ လူနာကို မြန်မြန်သင်သာစေချင်တယ်။
အမကြီးခင်ဗျား ဒီဆေးကို တခါသောက် တပြား၊ တနေ့တကြိမ်၊ တပတ်ကြာသောက်ပါ။ တလနေပြန်လာပြပါ။
ဘေဘေ၊ အဘေအမေ (ကဝိဓဇသတ်ပုံကျမ်း)
အဖေအမေနဲ့ အဘေအမေလို့ ရှိတယ်။ အစ်ဖေ အစ်မေ၊ အစ်ဘေအစ်မေ မရှိပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ